ပေါ်တူဂီနိုင်ငံ၏ ဒီမိုကရေစီဖခင်ကြီး မာရီယို ဆိုရက်စ် ကွယ်လွန်

ဓာတ်ပုံ - ရိုက်တာ
အသက် ၉၂ နှစ်အရွယ်ရှိ ပေါ်တူဂီနိုင်ငံရဲ့ ဒီမိုကရေစီခေါင်းဆောင်ကြီး မာရီယို ဆိုရက်စ် (Mario Soares) ဟာ ပြီးခဲ့တဲ့ ဇန်နဝါရီ ၇ ရက်နေ့က လစ္စဘွန်းမြို့မှာ ကွယ်လွန်ခဲ့ပါတယ်။ စစ်အာဏာရှင်စနစ်ကနေ ဒီမိုကရေစီနိုင်ငံအဖြစ် ကူးပြောင်းချိန်မှာ သူဟာ နိုင်ငံကို ခေါင်းဆောင်ခဲ့ပြီး ပေါ်တူဂီနိုင်ငံရဲ့ ဒီမိုကရေစီဖခင်အဖြစ် ပြည်သူတွေက သတ်မှတ်ကြတာပါ။ ပေါ်တူဂီစစ်အာဏာရှင်စနစ်ကို ဖြုတ်ချခဲ့တဲ့  ဇော်မွှားပန်းတော်လှန်ရေးအပြီး ၁၉၇၆ ကနေ ၁၉၇၈ အထိ ပေါ်တူဂီဝန်ကြီးချုပ်တာဝန် ယူခဲ့ပါတယ်။ ၁၉၈၀ နှစ်ဦးပိုင်းတွေမှာ ဆိုရှယ်လစ်ဝန်ကြီးချုပ်အဖြစ် ပေါ်တူဂီနိုင်ငံရေးမှာ ပါဝင်လာခဲ့ပြီး ၁၉၈၆ ကနေ ၁၉၉၆ အထိ ပေါ်တူဂီသမ္မတအဖြစ်လည်း ၁၀ နှစ်ကြာ ဦးဆောင်ခဲ့ပါတယ်။ ပြီးခဲ့တဲ့လက သူ ကျန်းမာရေးယိုယွင်းလာလို့ လစ္စဘွန်းမြို့မှာ ဆေးရုံတင်ပို့ခဲ့ရတာလို့ ဆရာဝန်တွေက ပြောဆိုပါတယ်။ အစပိုင်းမှာ ကျန်းမာရေးပြန်ကောင်းလာတဲ့ လက္ခဏာတွေ ပြခဲ့ပေမယ့် နောက်ပိုင်း ကိုမာ ပြန်ဖြစ်သွားပြီး အဲဒီကနေ ပြန်သတိမလည်လာတော့တာပါ။ သူသေဆုံးခဲ့ခြင်း အကြောင်းရင်း အသေးစိတ်ကိုတော့ ဆေးရုံက ထုတ်ဖော်ပြောဆိုခြင်း မရှိပါဘူး။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up