A d v e r t i s e m e n t With Us

ထောင်​ချောက်တခုဆိုရင် ဘယ်လို ရုန်း​ထွက်မလဲဆိုတာကို ဝိုင်း​စဉ်း​စား​ပေး​ချင်တယ်

ကိုမျိုး​ရန်​ေနာင်သိန်း
ကိုမင်း​ကိုနိုင် ဦး​ဆောင်တဲ့​ ၈၈ မျိုး​ဆက်​ကျောင်း​သား​များ​အဖွဲ့​ရဲ့​ အဖွဲ့​ဝင်တ​ယောက်ဖြစ်ပြီး​ လူငယ်နိုင်ငံ​ရေး​သင်တန်း​ကျောင်း​ (​ဗေဒါ) အင်စတီကျုကို တည်​ထောင်သူ၊​ ​လော​လောဆယ် ဒီမိုက​ရေစီကွန်ရက်မှာ ဦး​ဆောင်လှုပ်ရှား​နေသူ ကိုမျိုး​ရန်​နောင်သိန်း​က သူ့​အ​နေနဲ့​ လာမယ့်​ ​ရွေး​ကောက်ပွဲ​တွေမှာ ဝင်​ရောက်ယှဉ်ပြိုင်ဖို့​ ရည်ရွယ်ချက်ရှိတယ်လို့​ ​ပြောပါတယ်။ ရွေး​ကောက်ပွဲဝင်လမ်း​ကြောင်း​ဟာ စွန့်​စား​ရတဲ့​ကိစ္စဖြစ်ပြီး​ အကယ်၍ ​ထောင်​ချောက်တခု ဖြစ်ခဲ့​ရင်လည်း​ ရုန်း​ထွက်နိုင်ဖို့​ ဝိုင်း​ဝန်း​စဉ်း​စား​ပေး​ချင်တယ်လို့​ ​ပြောပါတယ်။ ကိုမျိုး​ရန်​နောင်သိန်း​နှင့်​ ​မေး​မြန်း​ချက် ကိုမျိုး​ရန်​နောင်သိန်း​ ကိုယ်တိုင်က ​ရွေး​ကောက်ပွဲဝင်မယ်လို့​ ကြား​တယ်။ ဟုတ်လား​ခင်ဗျ။ [caption id="attachment_18322" align="alignright" width="300" caption="ကိုမျိုးရန်နောင်သိန်း"][/caption] “ဒါက ​နောက်ဆုံး​ပိတ် ဆုံး​ဖြတ်​ပေး​မှာက ​ဒေါ်​အောင်ဆန်း​စုကြည်ပဲ။ ကျ​နော့်​အ​နေနဲ့​က ​ပြောရရင်​တော့​ ​ရွေး​ကောက်ပွဲက ဝင်သင့်​တယ်လို့​ ယူဆတယ်။” တသီး​ပုဂ္ဂလ အ​နေနဲ့​ပေါ့​နော်။ “ဝင်မယ်ဆိုရင်​တော့​ တသီး​ပုဂ္ဂလအ​နေနဲ့​ မဟုတ်ပါဘူး​။ အဖွဲ့​ချုပ်အ​နေနဲ့​ လက်ခံတယ်ဆိုရင် အဖွဲ့​ချုပ်အ​နေနဲ့​ ဝင်ဖြစ်မှာပါ။” ပါတီဝင်ဖြစ်သွား​မှာ​ပေါ့​။ “ပါတီဝင်ဖြစ်သွား​မှာ​ပေါ့​။ တသီး​ပုဂ္ဂလအ​နေနဲ့​ ဝင်ဖို့​မရှိပါဘူး​။ ကျ​နော့်​အ​နေနဲ့​ အစုအဖွဲ့​နဲ့​ လုပ်မှသာလျှင် ​အောင်မြင်မယ်လို့​ ယုံကြည်တယ်။ ​ဒေါ်​အောင်ဆန်း​စုကြည် မဦး​ဆောင်ဘဲနဲ့​ မလုပ်ရဲပါဘူး​။ ​ရေစီး​မျောလိုက်တာမျိုး​လို့​ မထင်​စေချင်ဘူး​။ ဘာ​ကြောင့်​လဲဆို​တော့​ ​ဒေါ်​အောင်ဆန်း​စုကြည်ကို ကျ​နော်တို့​က ကူညီတဲ့​နေရာမှာ ​ဒေါ်​အောင်ဆန်း​စုကြည်ကို ဆုံး​ဖြတ်ချက်​တွေကိုပဲ လိုက်ပြီး​လုပ်​နေတာမဟုတ်ဘူး​။ ​ဒေါ်​အောင်ဆန်း​စုကြည်​ဘေး​မှာ ဝန်း​ရံ​ပေး​နေတာကို ​တွေ့​ရမှာပဲ​လေ။ ကျ​နော်တို့​ ဝင်ချင်တယ်ဆိုတာလည်း​ ဝန်း​ရံ​ပေး​နေတာ။ ​ဒေါ်​အောင်ဆန်း​စုကြည်နဲ့​အတူ လွှတ်​တော်ထဲမှာပါ ဝန်း​ရံ​ပေး​ချင်တာ။ သူတို့​ဝင်သွား​တာ ​ထောင်​ချောက်တခု ဆိုရင်လည်း​ ဘယ်လိုရုန်း​ထွက်မလဲဆိုတာကို ဝိုင်း​စဉ်း​စား​ပေး​စေချင်တယ်။ အဲဒါ​ကြောင့်​ ကျ​နော်တို့​က နိုင်ငံ​ရေး​ကိုလည်း​ စိတ်ဝင်စား​တယ်။ ​မျှော်မှန်း​ထား​တာလည်း​ ရှိတယ်။ သိတဲ့​အသိ​တွေကိုလည်း​ အသုံး​ချချင်တယ်။ အသုံး​ချတဲ့​နေရာမှာလည်း​ အကျိုး​ရှိစွာ အသုံး​ချချင်တယ်။ ကိုယ်က ​နေရာ​ကောင်း​ရ​လေ​လေ။ ကိုယ့်​ရဲ့​အစွမ်း​အစကို ထင်ရှား​ခွင့်​ရ​လေ​လေ​ပေါ့​။ ဆို​တော့​ ​ရွေး​ကောက်ပွဲဝင်ပြိုင်မယ်။ လွှတ်​တော်မှာ ဝင်ထိုင်ပြီး​တော့​ ပြုပြင်​ပြောင်း​လဲ​ရေး​ လုပ်ငန်း​တွေကို လုပ်ချင်တဲ့​ ဆန္ဒရှိပါတယ်။။” အကုန်လုံး​နိုင်တယ်ပဲထား​ဦး​၊​ လွှတ်​တော်ထဲမှာ ဘယ်​လောက်ထိ လုပ်နိုင်မယ် ထင်ပါသလဲ။ “၄၆ ​နေရာဆို​တော့​ နည်း​တယ်။ ဒါ​ပေမယ့်​ အ​ရေအတွက်နဲ့​ အရည်အချင်း​၊​ ကျ​နော်တို့​ မြန်မာနိုင်ငံမှာက ​နောင်ရိုး​တိုက်ပွဲ ဆိုတာရှိတယ်။ ​နောင်ရိုး​တိုက်ပွဲမှာ ဘုရင့်​နောင်က သူ့​ထက်အင်အား​ အများ​ကြီး​များ​တဲ့​ ရန်သူကို တိုက်ခဲ့​ဖူး​တဲ့​ သာဓက​တွေရှိတယ်။ ​နောက်တခုက ဥပမာအ​နေနဲ့​ ​ပြောရရင် မြန်မာပြည်က ​ဘောလုံး​ကစား​ချင်တဲ့​ လူအ​ယောက် ၁၁၀ ပါတဲ့​အသင်း​ တသင်း​နဲ့​ မန်ချက်စတာ ယူနိုက်တက် အသင်း​က ၁၁​ယောက်နဲ့​ကစား​မယ်။ အဲဒီမှာ ဘယ်လိုနိုင်မလဲဆိုတဲ့​ ​မေး​ခွန်း​ပြန်​မေး​မယ်။ ဒါက ပို​တော်တယ် ပိုစွမ်း​ဆောင်နိုင်တယ်။ စစ်တို့​မည်သည် အင်အား​နည်း​သည် များ​သည်မဟုတ်ဆိုတဲ့​ စကား​လည်း​ရှိတယ်။ ကျ​နော်တို့​ဘက်က​နေ လွှတ်​တော်ထဲဝင်ပြီး​တော့​ ဆန့်​ကျင်တယ်ဆိုတဲ့​ စကား​ကို​တော့​ သိပ်မ​ပြောချင်ဘူး​။ လွှတ်​တော်ထဲဝင်ပြီး​ စည်း​ရုံး​မယ်။ ကျ​နော်တို့​က နိုင်ငံ​ရေး​သမား​။ နိုင်ငံ​ရေး​သမား​ဆိုတာက စည်း​ရုံး​ရေး​ အမြင်ရှိရတယ်။ အထက်လွှတ်​တော် ကိုယ်စား​လှယ်ဖြစ်​စေ၊​ သူတို့​တွေက နိုင်ငံ​ရေး​သမား​ စစ်စစ်မဟုတ်ဘူး​။ ကျ​နော်တို့​က နိုင်ငံ​ရေး​သမား​တွေ​ပေါ့​။ ပိုပြီး​တော့​ အမြင်ရှိတယ်။ စွန့်​လွှတ်နိုင်တယ်။ ပိုသိတယ်။ အဲဒီအ​ပေါ်မှာ အား​သာချက်များ​တယ်။ ၄၆ ​နေရာဖြစ်​ပေမယ့်​ ကျ​နော်တို့​ဟာ ၂၀၁၅ အတွက် ကြိုတင်ပြင်ဆင်ချက်ဖြစ်တယ်။” တချို့​က​ပြောတယ်။ ရမယ့်​ဟာနဲ့​ ​ပေး​ရတာ။ ​ပေး​ရတာက ပိုများ​တယ်။ ရစရာလည်း​ ဘာမှမရှိဘူး​ဆိုတာမျိုး​ ​ပြောတာရှိတယ်။ အခုလည်း​ နိုင်ငံ​ရေး​အကျဉ်း​သား​ တချို့​မလွတ်​သေး​ဘူး​ဆိုတာမျိုး​ပေါ့​။ “ကျ​နော်က အရင် ၈၈ မျိုး​ဆက်​ကျောင်း​သား​များ​အဖွဲ့​ ဖွဲ့​ကတည်း​ကပါခဲ့​တယ်။ ကိုမင်း​ကိုနိုင်တို့​ ကိုကိုကြီး​တို့​က ကျ​နော့်​အစ်ကိုအကြီး​လိုပဲ။ ဆိုချင်တာက နိုင်ငံ​ရေး​အကျဉ်း​သား​တွေကို တန်ဆာခံလိုမျိုး​ ​ခေါ်ထား​တာ ပြဿနာ​ပေါ့​။ ဒါကို လုံး​ဝ​ကျေနပ်မှု မရှိပါဘူး​။ ဒါကမဖြစ်သင့်​တဲ့​ ကိစ္စပါ။ ဒါကမ​ကောင်း​ပါဘူး​။ ဒါကတချက်။ ဥပမာ သမ္မတ ဦး​သိန်း​စိန်က ​ပြောတယ်။ နိုင်ငံ​ရေး​အကျဉ်း​သား​ မရှိဘူး​ဆိုတဲ့​စကား​။ ဒါဆိုရင် သူက အစိုး​ရအဖွဲ့​ကို ကိုယ်စား​ပြုပြီး​ပြောပါလား​။ သမ္မတ ဦး​သိန်း​စိန် ပုဂ္ဂိုလ်​ရေး​အ​နေနဲ့​ဆိုရင်​တော့​ ​ပြောမှာမဟုတ်ဘူး​။ သမ္မတက အဲလို​ပြောတဲ့​အချိန်မှာ သူ့​အစိုး​ရအဖွဲ့​ထဲမှာ သ​ဘောထား​ တင်း​မာသူ​တွေ ရှိ​နေ​သေး​တယ်ဆိုတာ ထင်ရှား​တယ်။ သူက အစိုး​ရအဖွဲ့​ကို ကိုယ်စား​ပြုပြီး​ ​ပြောသွား​တာကို။ အမျိုး​သား​ဒီမိုက​ရေစီ အဖွဲ့​ချုပ်က လွှတ်​တော်ထဲကို ဝင်သွား​ရင် အစိုး​ရက ဘယ်​လောက်အကျိုး​အမြတ် ရသွား​မလဲဆိုတဲ့​ ​မေး​ခွန်း​ကို ​မေး​တဲ့​အခါမှာ ကျ​နော်က အမျိုး​သား​ဒီမိုက​ရေစီအဖွဲ့​ချုပ်က ဒီ​ဘောင်ထဲကို မဝင်ရင် ဘာဆက်လုပ်မလဲဆိုတဲ့​ ​မေး​ခွန်း​ကို ပြန်​မေး​ချင်တယ်။ ​နောက်တခုက​တော့​ အစိုး​ရအဖွဲ့​ထဲမှာ သ​ဘောထား​တင်း​မာသူရှိသလို သ​ဘောထား​ပျော့​ပြောင်း​သူ​တွေ ရှိတယ်။ ဒီအချက်​တွေကို ​ပေါင်း​ပြီး​တော့​မှ မြန်မာနိုင်ငံမှာ စစ်အစိုး​ရက ဘယ်လိုဖြစ်မလဲ။ ကျ​နော်တို့​ဘက်က ဘယ်လိုဖြစ်မလဲ ဆိုတဲ့​အမြင်အစား​ သူ့​ဘက်ကို မစဉ်း​စား​ဘဲနဲ့​ ကိုယ့်​ဘက်ကို စဉ်း​စား​မှာပါ။ ကိုယ့်​ဘက်က​နေ အ​ကောင်း​ဆုံး​လုပ်မှာပါ။ ကိုယ့်​ဘက်က ပြည်သူ့​အကျိုး​ကို ​ရှေ့​ရှုပြီး​တော့​ အ​ကောင်း​ဆုံး​ လုပ်မှာပါ။ သူ့​ဘက်ကလုပ်မှာကို​တော့​ သတိကြီး​စွာထား​ပြီး​တော့​ ကြည့်​တော့​ ​ရှောင်ရမှာ​ပေါ့​။ ဘာမှမလုပ်တာနဲ့​စာရင် လုပ်လိုက်၊​ ​ရှောင်ရှား​လိုက် လုပ်ရင်​တော့​ ဖြစ်စဉ်ထဲမှာ ပူး​ပေါင်း​ပါဝင်ပြီး​တော့​ ဒီမိုက​ရေစီအတွက် ပူး​ပေါင်း​ဆောင်ရွက်မယ်ဆိုရင်လဲ ​အောင်မြင်မှုတခုပါပဲ။ ​နောက်တခု ​ဒေါ်​အောင်ဆန်း​စုကြည်လည်း​ ​ပြော​နေတာပဲ။ စွန့်​စား​မှုတခု လုပ်​နေတာပဲ၊​ လုပ်သင့်​လို့​ လုပ်​နေတာပဲလို့​ ​ပြော​နေတာပဲ။ ကျ​နော်တို့​လည်း​ လုပ်သင့်​လို့​ လုပ်​နေတာပါ။” မြန်မာပြည်နိုင်ငံ​ရေး​က သိပ်​သေချာတာမဟုတ်ဘူး​ပေါ့​။ ဥပမာ ​ဗေဒါလုပ်ငန်း​တွေကို ထိခိုက်မလား​။ နိုင်ငံ​ရေး​ထဲမှာ ထဲထဲဝင်ဝင် ဖြစ်လာရင်။ “နိုင်ငံ​ရေး​သမား​တ​ယောက် ဖြစ်လာလို့​ရှိရင် ​ဗေဒါ အင်စတီကျူ့​ကို ဦး​ဆောင်တဲ့​ အခန်း​ကဏ္ဍက​နေ ဖယ်ရမယ်လို့​ ကိုယ့်​ကိုကိုယ် သတ်မှတ်ထား​တယ်။ ဘာ​ကြောင့်​လဲဆို​တော့​ ​ဒေါ်​အောင်ဆန်း​စုကြည်က ​ဗေဒါအင်စတီကျူ့​ကို ဦး​ဆောင်မှု​နေရာမှာရှိတယ်ဆိုတာ သူက လူထု​ခေါင်း​ဆောင် ဒီမိုက​ရေစီ ​ခေါင်း​ဆောင်​နေရာမှာ ရှိ​နေတာကို။ ကျ​နော်တို့​ကျ​တော့​ သမား​ရိုး​ကျ နိုင်ငံ​ရေး​သမား​ တ​ယောက်အ​နေနဲ့​ အဖွဲ့​အစည်း​ တခုခုကို ဝင်သွား​ပြီဆိုရင် ဒါက စဉ်း​စား​ရမယ့်​ ကိစ္စပါ။ နိုင်ငံ​ရေး​ ပါတီတခုရဲ့​ လက်ကိုင်တုတ် ဆိုတဲ့​ အဖွဲ့​အစည်း​တခုအဖြစ်​တော့​ မဟုတ်ဘူး​ဆိုတာပဲ။”

A d v e r t i s e m e n t With Us

More News
Up