DVB Logo
Home
မြန်မာသတင်း
မြန်မာပဲ​လောကတွင် ကျပ်သိန်း​ပေါင်း​များ​စွာ လိမ်လည်မှုဖြစ်ပွား
DVB
·
November 28, 2011
မြန်မာပဲ​လောကတွင် ကျပ်သိန်း​ပေါင်း​များ​စွာ လိမ်လည်မှုဖြစ်ပွား
Donate to DVB

မြန်မာပြည်တွင်း​ ပဲအ​ရောင်း​အဝယ်​လောကမှာ ကျပ်သိန်း​ပေါင်း​သောင်း​နဲ့​ချီပြီး​ လိမ်လည်မှု ဖြစ်ပွား​ခဲ့​ပါတယ်။

ပဲ​တွေ ပြည်ပကိုတင်ပို့​တဲ့​ ​ရောင်း​ချ​နေတဲ့​ နာမည်ကြီး​ ကုမ္ပဏီတခုက နယ်ကပဲကုန်သည်​တွေ အပ်နှံထား​တဲ့​ ပဲ​တွေနဲ့​ ​ငွေ​တွေကို လိမ်လည်သွား​ခဲ့​တာလို့​ ပဲလုပ်ငန်း​လုပ်ကိုင်​နေသူ​တွေ အသိုင်း​အဝန်း​က ​ပြောပါတယ်။

ဒီအမှု ဖြစ်ပျက်ခဲ့​တဲ့​ အ​ခြေအ​နေကို မြန်မာနိုင်ငံ ပဲမျိုး​စုံနှင့်​ နှမ်း​ကုန်သည်များ​အသင်း​ အတွင်း​ရေး​မှူး​ ဦး​မင်း​ကိုဦး​က ခုလိုရှင်း​ပြပါတယ်။

“နယ်ကုန်သည်​တွေ အပ်ထား​တဲ့​ ကုန်​တွေရှိမယ်။ ​နောက်ရန်ကုန်မှာ သူ့​ကို ယုံကြည်လို့​ အပ်ထား​တဲ့​ ​ငွေ​တွေတချို့​ရှိမယ်။ ပဲတချို့​တဝက်ရှိမယ်။ အဲဒါ​တွေကို ​ရောင်း​ချပြီး​ ထွက်သွား​တဲ့​သ​ဘောဖြစ်​နေတယ်။ ကုမ္ပဏီ​တွေပါ ပိတ်သွား​တဲ့​သ​ဘော​ပေါ့​။ ကြို​ရောင်း​ ကြိုဝယ်​ကြောင့်​ ဖြစ်လာတဲ့​ပြဿနာ​တော့​ မဟုတ်ဘူး​။ ယုံကြည်မှုကို ခုတုံး​လုပ်ပြီး​တော့​ နယ်က ယုံကြည်လို့​ အပ်ထား​တဲ့​ ပစ္စည်း​တွေကို ​ရောင်း​စား​ပြီး​ ကြိုတင်ကြံစည်သွား​တယ်လို့​ပဲ ယူဆတယ်။”

ဒီအဖြစ်အပျက်မှာ ပဲခူး​တိုင်း​နဲ့​ ဧရာဝတီတိုင်း​ထဲက ပဲအ​ရောင်း​အဝယ် လုပ်ကိုင်​နေတဲ့​ နယ်က ကြား​ပွဲ စား​ကုန်သည်​တွေ အများ​အပြား​ ထိခိုက်နစ်နာခဲ့​ရတယ်လို့​သိရပါတယ်။

ဆုံး​ရှုံး​နစ်နာသူ​တွေစာရင်း​နဲ့​ ဆုံး​ရှုံး​နစ်နာမှုတန်ဖိုး​တွေကို ပဲနှမ်း​ကုန်သည်များ​အသင်း​က စာရင်း​ပြုစု​နေဆဲဖြစ်ပြီး​ ဆုံး​ရှုံး​မှုပါပမာဏ ခန့်​မှန်း​ခြေ ရန်ကုန်မှာ ​ငွေကျပ်သိန်း​ပေါင်း​ ၃ ​သောင်း​ကျော်နဲ့​ နယ်မှာ သိန်း​ ၂ ​သောင်း​ကျော်၊​ စုစု​ပေါင်း​ ကျပ်​ငွေ သိန်း​ပေါင်း​ (၅) ​သောင်း​ ​ကျော် ​လောက်ရှိမယ်လို့​ ပဲနှမ်း​ကုန်သည်များ​အသင်း​က ခန့်​မှန်း​ပါတယ်။

ကုမ္ပဏီရဲ့​ အုပ်ချုပ်မှု ဒါရိုက်တာလည်း​ ပြီး​ခဲ့​တဲ့​ သီတင်း​ပတ်ကတည်း​က ကုမ္ပဏီပိတ်ပြီး​ ပြည်ပကိုထွက်သွား​ပြီလို့​ သိရပါတယ်။

ဒီအမှုရဲ့​ဂယက်​ကြောင့်​ ပဲ​ဈေး​ကွက်မှာ ​ဈေး​နှုန်း​ အတက်အကျ ဂယက်ရိုက်မှု မရှိရ​လေ​အောင် ကြိုး​စား​ထိန်း​သိမ်း​သွား​မယ်လို့​ ဦး​မင်း​ကိုဦး​က ​ပြောပါတယ်။

“အ​ရေး​အကြီး​ဆုံး​ အချက်က ဒီဟာ​ကြောင့်​ ​နောက်ထပ်ထပ်ပြီး​တော့​ အလိမ်ခံတဲ့​သူက ပွား​ပြီး​တော့​ ထပ်ပြီး​နောက်ထပ်တ​ယောက် ပြိုလဲသွား​တာမျိုး​မဖြစ်​အောင်၊​ ​တော်ရုံတန်ရုံပဲ​ဈေး​ကွက်မှာ ဂယက်ရိုက်ပြီး​ ပဲ​ဈေး​ကျသွား​တာမျိုး​ မဖြစ်​အောင် အတတ်နိုင်ဆုံး​ စီမံပြီး​ လုပ်ရမှာ​ပေါ့​။”

ဒါ​ပေမယ့်​ ခုရက်ပိုင်း​တွေအတွင်း​ မြန်မာပြည်တွင်း​မှာ ပဲ​ဈေး​တွေက​တော့​ ထိုး​ကျလျက်ရှိ​နေပါတယ်။

ပြီး​ခဲ့​တဲ့​ ၂၀၀၈ ခုနှစ်ကလည်း​ ပြည်တွင်း​ ပဲ​ဈေး​ကွက်မှာ အလား​တူ လိမ်လည်မှုမျိုး​ ဖြစ်ခဲ့​ဖူး​တဲ့​အတွက် ကြိုတင်ပဲအရာင်း​အဝယ်မလုပ်ဖို့​ အစိုး​ရက ပိတ်ပင်တား​မြစ်ခဲ့​ဖူး​ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013