အိုင်ဗရီကို့စ် တပ်တွင်းပုန်ကန်မှုကြီး ညှိနှိုင်းမှု အောင်မြင်ဟု သမ္မတပြော

အိုင်ဗရီကို့စ် နိုင်ငံမှာ စစ်မှုထမ်းတွေရဲ့ လစာနဲ့ လုပ်ငန်းခွင်အပေါ် မကျေနပ်လို့ တပ်တွင်းပုန်ကန်နေကြတဲ့ တပ်ဖွဲ့ဝင်တွေနဲ့ အစိုးရတို့ ညှိနှိုင်းမှု အောင်မြင်တယ်လို့ သမ္မတက ဇန်န၀ါရီ ၇ ရက်နေ့က ကြေညာပါတယ်။ နိုင်ငံရဲ့ ဒုတိယအကြီးဆုံးမြို့မှာ တပ်တွင်းပုန်ကန်နေကြတဲ့ တပ်ဖွဲ့ဝင်တွေက သူတို့နဲ့ညှိနှိုင်းဖို့သွားတဲ့ ကာကွယ်ရေးဝန်ကြီးကို ၂ နာရီကြာ ထိန်းသိမ်းခဲ့ပြီး ပြန်လွှတ်ပေးလိုက်ပါတယ်။ သမ္မတကတော့ တပ်ဖွဲ့ဝင်တွေကို မကျေနပ်ချက်တွေ၊ တောင်းဆိုမှုတွေကို အလေးထားဆောင်ရွက်ပေးမှာဖြစ်ပြီး တပ်ဖွဲ့ဝင်တွေ ဘားတိုက်ပြန်ကြဖို့ တိုက်တွန်းခဲ့ပါတယ်။ ကာကွယ်ရေးဝန်ကြီးကို ပြန်လွှတ်ပေးလိုက်ပေမယ့်လည်း တပ်တွင်းပုန်ကန်မှု ပြီး၊ မပြီးကတော့ မရှင်းလင်းသေးပါဘူး။ ဒီပုန်ကန်မှုဟာ ဇန်န၀ါရီ ၆ ရက်နေ့က နိုင်ငံရဲ့ ဒုတိယအကြီးဆုံးမြိုမှာ စတင်ခဲ့ပြီး နိုင်ငံရဲ့ အကြီးဆုံးစီးပွားရေးမြို့တော်ဖြစ်တဲ့ အဘီဂျန် Abidjan မြို့မှာလည်း တပ်ဖွဲ့ဝင်တွေ ဌာနချုပ်တွေကို သိမ်းပိုက်ခဲ့ကြတာပါ။ အခုလို တပ်တွင်းပုန်ကုန်မှုတွေဟာ တခြားမြို့နယ်တွေကိုလည်း ကူးစက်ခဲ့တယ်လို့ သတင်းတွေက ဆိုပါတယ်။ ၂၀၁၁ ခုနှစ်ကလည်း အဲ့ဒီတုန်းက သမ္မတဖြစ်ခဲ့တဲ့ လောရင့် ဘဘို Laurent Gbagbo က ရွေးကောက်ပွဲရလဒ်ကို ငြင်းဆန်တဲ့အတွက် လက်ရှိသမ္မတကို ထောက်ခံတဲ့ သူပုန်တပ်ဖွဲ့တွေဟာ ဒုတိယအကြီးဆုံးမြို့ကနေ အဘီဂျန် မြို့ကို ချီတက်သိမ်းပိုက်ခဲ့ကြပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up