Home
မြန်မာသတင်း
ဒေါ်အောင်ဆန်းစုကြည်၏ မဲဆန္ဒနယ် ကော့မှူးတွင် အမျိုးသမီး ၃ ဦး ရွေးကောက်ပွဲဝင်မည်
ရွှေအောင်
·
January 7, 2017
ဒေါ်အောင်ဆန်းစုကြည်ရဲ့ မဲဆန္ဒနယ်ဖြစ်တဲ့ ရန်ကုန်တိုင်း၊ ကော့မှူးမှာ အမျိုးသမီးကိုယ်စား လှယ်လောင်း ၃ ဦးထိ ၀င်ပြိုင်ကြမှာ ဖြစ်ပါတယ်။ ဧပြီ ၁ ရက် ကြားဖြတ်ရွေးကောက်ပွဲဝင်ကြမယ့် ကိုယ်စားလှယ်ပေါင်း ၉၅ ဦးရှိပြီး ဒီထဲ  အမျိုးသမီးကိုယ်စားလှယ်လောင်း ၁၆ ဦး ပါဝင်ပါတယ်။ ကိုယ်တိုင်လည်း ရွေးကောက်ပွဲစောင့်ကြည့်ဖူးပြီး အခုအခါ လွှတ်တော်ကိုယ်စားလှယ်တဦးဖြစ်နေတဲ့ ဒေါ်ရွှေရွှေစိန်လတ်က အမျိုးသမီးကိုယ်စားလှယ်ပါဝင်မှု နည်းနေသေးပုံကို ခုလို ပြောပါတယ်။ “အရင် ၂၀၁၂ တုန်းကတော့ အမျိုးသမီး ၅ ရာခိုင်နှုန်းလောက်ပဲ ၀င်တယ်။ ၂၀၁၅မှာတော့ ၂၀ ရာခိုင်နှုန်းလောက် နိုင်တာပေါ့နော်။ အခု ၉၅ ယောက်မှာ ၁၆ ယောက် ပါတယ်ဆိုတော့ ၁၅ ရာခိုင်နှုန်းလောက် ပါတာပေါ့။ သိပ် မဆိုးဘူးလို့တော့ ပြောနိုင်ပေမယ့် နည်းသေးတယ်။” ပြီးခဲ့တဲ့ အထွေထွေရွေးကောက်ပွဲမတိုင်မီ မဲဆွယ်စည်းရုံးရေးကာလမှာ အမျိုးသမီးကိုယ်စားလှယ်လောင်းတဦးအနေနဲ့ စိန်ခေါ်မှုများစွာနဲ့ ရင်ဆိုင်ခဲ့ရတယ်လို့လည်း သူက ပြောပါတယ်။ ကော့မှူးမှာ ကိုယ်စားလှယ်လောင်း ၉ ဦးနဲ့ အများဆုံး ၀င်ပြိုင်ကြတဲ့ထဲ အမျိုးသမီး ၃ ဦး ပါဝင်နေတာဖြစ်ပြီး ဒီထဲ ဒီမိုကရက်တစ်ပါတီ(မြန်မာ)က ရခိုင်တိုင်းရင်းသူ ဒေါ်စိန်ကျော့နုလည်း ပါဝင်ပါတယ်။ သူကတော့ ကော့မှူးကိုမှ အထူးတည် ရွေးချယ်ပြီး ၀င်ပြိုင်တာ မဟုတ်ဘဲ ဘယ်နေရာ ဘယ်ဒေသပဲဖြစ်ဖြစ် တိုင်းပြည်အကျိုး လုပ်ဆောင်ပေးချင်လို့ ၀င်ပြိုင်တာလို့ ပြောပါတယ်။ “မြန်မာနိုင်ငံထဲမှာ ကိုယ့်နိုင်ငံအတွက် လုပ်တာပဲဆိုတော့ ဘယ်ဒေသရယ်လို့ မခွဲခြားပါဘူး။ ဒေါ်အောင်ဆန်းစုကြည်လို အမျိုးသမီး စွမ်းဆောင်ရှင် ပေါ်မယ်ဆိုရင် ပြည်သူက ရွေးမယ်ဆိုရင်တော့ နိုင်ငံအတွက် အကောင်းဆုံးပေါ့နော်၊” ကော့မှူးမှာ ဒေါ်စိန်ကျော့နုအပြင် မြန်မာနိုင်ငံ တောင်သူလယ်သမားဖွံ့ဖြိုးတိုးတက်ရေးပါတီက ဒေါ်ခင်ခင်လင်း၊ မြန်မာအမျိုးသားကွန်ဂရက်ပါတီက ဒေါ်နီလာစိုးတင့်တို့လည်း ၀င်ပြိုင်ကြမှာ ဖြစ်ပါတယ်။ အမျိုးသမီးရေးရာအဖွဲ့အစည်းတွေကတော့ လွှတ်တော်ထဲ အမျိုးသမီး ၃၀ ရာခိုင်နှုန်းလောက် ရှိနေစေချင်ကြတာ ဖြစ်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024