Home
မြန်မာသတင်း
လှိုင်မြစ်ကမ်းတလျှောက် အုပ်စုဖွဲ့ မျက်နှာဖုံးစွပ်၍ ခိုးမှုကျူးလွန်သူများ ဖမ်းမိ
DVB
·
January 7, 2017
လှိုင်မြစ်ကမ်းတလျှောက် အုပ်စုဖွဲ့ခိုးမှုကျူးလွန်သူများကို ဖမ်းဆီးရမိပြီး ခိုးမှု ၁၂ မှု ဖော်ထုတ်နိုင်ခဲ့တယ်လို့ ရန်ကုန်တိုင်းရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။ ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြစ်တလျှောက် ညအချိန်တွေမှာ စက်တပ်လှေတွေနဲ့ လူအုပ်စုလိုက် မျက်နှာဖုံးတွေစွပ်ပြီး လက်နက်တွေ ကိုင်ဆောင်လုယက်နေသူတွေကို ဖမ်းမိခဲ့တာ ဖြစ်ပါတယ်။ အဲဒီ အုပ်စုဖွဲ့ ခိုးဆိုးလုယက်နေသူတွေဟာ ၂၀၁၅ ခုနှစ်နဲ့ ၂၀၁၆ ခုနှစ်အတွင်း လှိုင်မြစ်ကမ်းတလျှောက် စက်တပ်လှေနဲ့ သွားလာပြီး ခိုးဆိုးလုယက်ခဲ့ကြတာ ဖြစ်ပြီး ပြီးခဲ့တဲ့ ဒီဇင်ဘာလလယ်ကျမှ ဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့တာ ဖြစ်ပါတယ်။ အုပ်စုဖွဲ့ ခိုးဆိုးလုယက်ခဲ့သူတွေဟာ ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်မှာ နေထိုင်ကြသူတွေဖြစ်တဲ့ အကြီးကောင်(ခ)ကျော်ကျော်၊ပိစိ(ခ)မျိုးဇော်ထွန်း၊ သောင်ပျံဦး(ခ) သောင်ယံဦး(ခ)နိုင်ဇော်၊ သံလုံး(ခ) သက်ဝင်းအောင်၊ မျိုးမင်းဝင်း၊ ကိုထိုက်(ခ)ဇော်လင်းထိုက်၊ နိုင်ဝင်းထွန်း၊ သူရ၀င်းတို့ဖြစ်ပြီး သူတို့ကို ခိုးမှု၊ လက်နက်ကိုင်ဆောင်မှုတို့နဲ့ အမှုဖွင့် အရေးယူထားပါ တယ်။ ဖမ်းမိထားသူတွေနဲ့အတူ သူတို့ ခိုးယူထားတဲ့ အိမ်သုတ်ဆေး ၆၅ ပုံး၊ ကွန်တိန်နာချိတ် ၂၅ ခု၊ စားဆီပုံး ၁၁ ပုံး၊ လက်ကိုင်ဖုန်း ၁၀ လုံး၊ မီးကြိုးခွေများ၊ ဆိုင်ကယ် ၃ စီးတို့ကိုပါ သိမ်းဆည်းရမိခဲ့ပါ တယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024