၁၄ မိုင်ခရီးကို ၁ နာရီအတွင်း စက်ဘီးစီး စံချိန်ချိုးပြသည့် သက်ရာကျော်ဖိုးဖိုးကြီး

ပြင်သစ်နိုင်ငံမှ အသက် ၁၀၅ နှစ်အရွယ် အဖိုးအိုတဦးဟာ ၁၄ မိုင်အရွာအဝေးရှိ ခရီးတခုကို အချိန် ၁ နာရီအတွင်း စက်ဘီးနဲ့ စီးနင်းကာ စံချိန်ချိုးနိုင်ခဲ့ပါတယ်။ အဖိုးအို ရောဘတ်မားချန့်ဒ်ဟာ အချိန် ၁ နာရီအတွင်းမှာ ပရိသတ်တွေရှေ့ ပြေးလမ်းပေါ်မှာ စီးနင်းပြခဲ့တာဖြစ်ပြီး ဒီစံချိန်ထက်ပိုပြီး စွမ်းရည်ပြချင်သေးတယ်လို့ ပြောလိုက်ပါတယ်။ “ကျနော် ပန်းတိုင်ရောက်ဖို့ အချိန် ၁၀ မိနစ်လောက်ပဲ ကျန်တဲ့အချိန်မှာ လမ်းတလျှောက် သတိပေးချက်ဆိုင်းဘုတ်တွေကို မမြင်ခဲ့တော့ပါဘူး”လို့ သူက ပြောပါ တယ်။ မားချန့်ဒ်ဟာ ၂၀၁၂ ခုနှစ်ကလည်း အချိန် ၁ နာရီအတွင်း ၁၆ မိုင်ခရီးကို စက်ဘီး စီးစံချိန်တင်ထားနိုင်ခဲ့သူဖြစ်တယ်လို့ ယူပီအိုင်သတင်းတပုဒ်မှာ ဇန်န၀ါရီလ ၆ ရက်နေ့က ဖော်ပြပါတယ်။ “သူ့ကိုယ်တိုင် ပန်းတိုင်တခုသတ်မှတ်တာဟာ သူ့ကိုယ်ရည်ကိုယ်သွေးအစိတ် အပိုင်းတခုပါပဲ။ သူဟာ စံချိန်တင်ဖို့ အမြဲကြိုးစားနေသူတယောက်ပဲ။ ကျနော်တို့အားလုံး အတွက် အကောင်းဆုံးစံပြပုဂ္ဂိုလ်တယောက်ပါပဲ”လို့ သူ့ရဲ့ အားကစားနည်းပြ ဂျာရေး လ်ဒ် မစ်စ်တ်လာက ပြောပါတယ်။ ပြီးခဲ့တဲ့ တလလောက်ကတော့ မားချန့်ဒ်ဟာ အသီးအနှံသက်သက်သာ စားလာခဲ့ပြီး ဆရာဝန်တွေက စံချိန်ချိုးဖို့ ကြိုးစားမယ်ဆိုရင် အသားတွေပြန်စားဖို့လိုမယ်ဆိုပြီး အကြံပြုခဲ့ရတာပါ။ မားချန့်ဒ်ဟာ နေ့စဉ် ကိုယ်လက်လှုပ်ရှားလေ့ကျင့်မှုကို အချိန် ၁၀ မိနစ်ပေး လေ့ကျင့်လေ့ရှိပြီး အိမ်တွင်းအိမ်ပြင် စက်ဘီးစီးလေ့ကျင့်မှုကိုတော့ တပါတ်ကို ၄ ကြိမ်ပြုလုပ် လေ့ရှိတယ်လို့ ဆိုပါတယ်။ စံချိန်ချိုးအပြီးမှာတော့ သူက “ကျနော်အသက် ၁၀၅ နှစ်မှာလည်းပဲ စက်ဘီးစီးနေ နိုင်ဆဲပဲဆိုတာကို သက်သေပြဖို့ ခုလိုလုပ်တာပါ”လို့ ပြောပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up