DVB Logo
Home
မြန်မာသတင်း
ဆရာစံကျဆုံး​ခြင်း​ နှစ် ၈၀ ပြည့်​ သာယာဝတီတွင် ကျင်း​ပ
DVB
·
November 28, 2011
ဆရာစံကျဆုံး​ခြင်း​ နှစ် ၈၀ ပြည့်​ သာယာဝတီတွင် ကျင်း​ပ
1 / 2
Donate to DVB

ဆရာစံ ကျဆုံး​ခြင်း​ နှစ် ၈၀ ပြည့်​ ပထမဆုံး​အကြိမ် အထိမ်း​အမှတ်အခမ်း​အနား​ကို ပဲခူး​တိုင်း​၊​ သာယာဝတီမြို့​မှာ ဒီ​နေ့​ ကျင်း​ပပြုလုပ်ခဲ့​ပါတယ်။

သာယာဝတီမြို့​၊​ သီရိမင်္ဂလာ​ကျောင်း​တိုက်မှာ ကျင်း​ပပြုလုပ်တဲ့​ ဒီအခမ်း​အနား​ကို သာယာဝတီနယ်က လယ်သမား​ကြီး​တွေ၊​ ရန်ကုန်နဲ့​ မြို့​နယ်အသီး​သီး​က နိုင်ငံ​ရေး​ပါတီနဲ့​ လူမှု​ရေး​အဖွဲ့​အစည်း​တွေက ပရိသတ် ​လေး​ထောင်​လောက် တက်​ရောက်ခဲ့​ကြတယ်လို့​ ဦး​ဆောင်ပြုလုပ်တဲ့​ သာယာဝတီနယ်သား​ လူငယ်များ​အဖွဲ့​၀င် ​ဒေါ်မူမူခင်က ​ပြောပါတယ်။

အနှစ် ၈၀ တိမ်မြုပ်​နေတဲ့​ သာယာဝတီနယ်ရဲ့​ ဂုဏ်ပုဒ်ကို ​ဖော်ထုတ်လိုတဲ့​ ရည်ရွယ်ချက်နဲ့​ အခုလို အခမ်း​အနား​လုပ်တာလို့​လည်း​ ဆိုပါတယ်။

[caption id="attachment_18319" align="alignright" width="300" caption="အခမ်းအနား ကျင်းပ​နေစဉ်"][/caption]

အခမ်း​အနား​မှာ သာယာဝတီနယ်သား​ ဆရာစံကျဆုံး​ခြင်း​ နှစ် ၈၀ ပြည့်​ အခမ်း​အနား​ အထိမ်း​အမှတ် ​မော်ကွန်း​ ​ကျောက်စာတိုင်ထူကြပြီး​ ဆရာစံနဲ့​တကွကျဆုံး​သွား​တဲ့​ သာယာဝတီနယ်သား​ ​တောင်သူလယ်သမား​ ဂဋ္ဌုန်တပ်သား​များ​ကိုလည်း​ အမျှအတန်း​ ​ပေး​ဝေခဲ့​ကြပါတယ်။

ဆရာစံနဲ့​အတူတိုက်ပွဲဝင်ခဲ့​တဲ့​ ဂဋ္ဌုန်တပ်သား​ကြီး​ ဦး​ဖိုး​မောင်ရဲ့​ ​မြေး​ဖြစ်သူအပါအဝင် တက်​ရောက်လာကြသူ တချို့​က ဆရာစံ အမှတ်တရ အမှာစကား​ပြောခဲ့​ကြပါတယ်။

ဆရာစံ နှစ် ၈၀ ပြည့်​အခမ်း​အနား​မှာ သာယာဝတီနယ်သား​ စာ​ရေး​ဆရာမ စမ်း​စမ်း​နွဲ့​ (သာယာဝတီ) က ကဗျာတပုဒ်ရွတ်ဆိုဂုဏ်ပြုခဲ့​ပြီး​ အဲ့​ဒီကဗျာတစကို ပွဲစီစဉ်သူ ​ဒေါ်မူမူခင်က ခုလို ပြန်ရွတ်ဆိုပြပါတယ်။

“သူ့​ကဗျာ​လေး​က​တော့​ ​မွေခံထိုက်​စေ၊​ ဆရာစံနယ်​မြေတဲ့​။ ​သေသပ်ခန့်​ညား​တဲ့​ မှတ်တိုင် ကမ္ပည်း​၊​ ကြက်သီး​ဖြန်း​မျှ ဖြန်း​ဖြန်း​ထ​အောင်၊​ ထိရှခံစား​ နှလုံး​သား​က၊​ ခမ်း​နား​တဲ့​ အတိတ်ကို မြင်​ယောင်မိတယ်။ လယ်ခွန်၊​ လူခွန်၊​ သီး​ခြား​ခွန်​ကြောင့်​၊​ ​မြေကျွန်လယ်သမား​၊​ ​ခေါင်း​ပါး​ငတ်မွတ်၊​ ခါး​ဝတ်စုတ်ပြဲ၊​ မလုံလဲ​တော့​၊​ စား​စရာမရှိ၊​ စပါး​မရှိ၊​ ဆန်မရှိ၊​ မရှိခြင်း​များ​နဲ့​ ခင်း​ကျင်း​၊​ ရိုး​ပြတ်​တော​မြေ တလင်း​မှာ၊​ နယ်ချဲ့​မင်း​ရဲ့​ ဖိနပ်ခွာ​အောက်၊​ ​မှောက်လျက်လဲလို့​ မထနိုင်ကြ၊​ လူမှဟုတ်ပါ​သေး​ရဲ့​လား​။”

နှစ်​ပေါင်း​ ၈၀ အတွင်း​ အခုလို ဆရာစံ အထိမ်း​အမှတ်အခမ်း​အနား​ကို ပထမဆုံး​အကြိမ် ပြုလုပ်ခွင့်​ရခဲ့​တာမို့​ သက်ဆိုင်ရာ​တွေကို အထူး​ကျေး​ဇူး​တင်တယ်လို့​ ပွဲစီစဉ်သူ​တွေက ​ပြောပါတယ်။ ရန်ကုန်မြို့​မှာလည်း​ အလား​တူ အခမ်း​အနား​တခု ကျင်း​ပခဲ့​ပါတယ်။

သာယာဝတီနယ်သား​ ဆရာစံဟာ ၁၉၃၀ ​တောင်သူလယ်သမား​ အ​ရေး​တော်ပုံကို ဦး​ဆောင်တိုက်ပွဲဝင်ခဲ့​ပြီး​ ၁၉၃၁ ခုနှစ်၊​ နိုဝင်ဘာ ၂၈ ရက်မှာ အင်္ဂလိပ်အစိုး​ရက ​သေဒဏ်အပြစ်​ပေး​ခံခဲ့​ရသူဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013