အိုင်အက်စ် ကြောက်မက်ဖွယ် ကားဗုံးခွဲမှု ဒရုန်းဗွီဒီယို ထွက်ပေါ် (ရုပ်သံ)

အီရတ်နိုင်ငံ မိုဆူးလ်မြို့မှာ ဖြစ်ခဲ့တဲ့ အိုင်အက်စ် ကားဗုံးပေါက်ကွဲမှုရဲ့ ထိတ်လန့်ဖွယ်ရာ အကျိုးဆက်တွေကို ကြောက်မက်ဖွယ် ဒရုန်းဗွီဒီယိုမှာ မြင်ရကြောင်း ဒေးလီးမေးလ်ရဲ့ ဇန်နဝါရီလ ၆ ရက်နေ့ သတင်းမှာ ဖော်ပြထားပါတယ်။ အသေခံဗုံးဖောက်ခွဲသူတွေဟာ မိုဆူးလ်မြို့ရဲ့ မြောက်ဘက်လမ်းတွေကို ကားမောင်းလာပါ တယ်။ ကားတွေနဲ့ ဗုံးဖောက်ခွဲသူတွေရဲ့ ပတ်ပတ်လည်မှာရှိတဲ့ အဆောက်အဦတွေရှေ့မှာ ကြောက်မက်ဖွယ်ရာ ပေါက်ကွဲမှုတွေက ဆက်တိုက် ပေါက်ကွဲလာတာကို လေကြောင်းကနေ ရိုက်ကူးထားတဲ့ ဗွီဒီယိုရုပ်သံထဲမှာ တွေ့မြင်ရတာပါ။ အကြီးဆုံးအပျက်အစီးတွေကို မီးခိုးတွေရဲ့အနောက်မှာ မမြင်ရပေမယ့် ကားဝန်းကျင်မှာ ဖုန်တွေနဲ့ အမှိုက်တွေ လွင့်သွားတာနဲ့ ပေါက်ကွဲမှုရဲ့ အမြင့်ဆုံးနေရာမှာ မီးခိုးထုနဲ့ မီးလုံးအကြီးကြီးတွေကို တွေ့မြင်ရမှာပါ။ ဒီကားဗုံးကို အမေရိကန်နောက်ခံ အီရတ်စစ်တပ်တွေ တပ်စွဲရာနေရာဖြစ်တဲ့ မြို့ရဲ့အရှေ့ဘက်ကို ပစ်မှတ်ထားခဲ့တာပါ။ တိုက်ခိုက်မှု အစအဆုံး မိနစ် ၄၀ ကြာတဲ့ ဗွီဒီယိုရုပ်သံကို ဇန်နဝါရီလ ၃ ရက်နေ့မှာ ထုတ်လွှင့်ခဲ့တာပါ။ အီရတ်နိုင်ငံရဲ့ ဒုတိယအကြီးဆုံးမြို့ဖြစ်တဲ့ မိုဆူးလ်ကို အိုင်အက်စ်စစ်သွေးကြွတွေထံမှ ပြန်လည်ရယူဖို့  အီရတ်စစ်တပ်တွေက အောက်တိုဘာလလယ်ကတည်းက ပြင်းပြင်းထန်ထန် ထိုးစစ်ဆင်ခဲ့တာပါ။ အစ္စလာမ္မစ်နိုင်ငံတော် (အိုင်အက်စ်) ဟာ မိုဆူးလ်မြို့ကနေ ဒီထိုးစစ်ဆင်မှုကို ကြံ့ကြံ့ခံ ပြန်လည်ခုခံတိုက်ခိုက်နေရသလို အီရတ်နိုင်ငံတဝန်းမှာလည်း ဆက်တိုက် တိုက်ခိုက်မှုတွေ လုပ်ခဲ့တာပါ။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up