DVB Logo
Home
မြန်မာသတင်း
အမျိုး​သား​ဒီမိုက​ရေစီပါတီသစ် ဌာနချုပ်တွင် သတင်း​စာရှင်း​လင်း​ပွဲလုပ်
DVB
·
November 27, 2011
အမျိုး​သား​ဒီမိုက​ရေစီပါတီသစ် ဌာနချုပ်တွင် သတင်း​စာရှင်း​လင်း​ပွဲလုပ်
Donate to DVB

ရန်ကုန်တိုင်း​ သင်္ဃန်း​ကျွန်း​မြို့​နယ် အမျိုး​သား​ဒီမိုက​ရေစီပါတီသစ်ဌာနချုပ်မှာ သတင်း​စာရှင်း​လင်း​ပွဲကို ဒီက​နေ့​ ကျင်း​ပပါတယ်။

သတင်း​စာရှင်း​လင်း​ပွဲကို ရန်ကုန်အ​ခြေစိုက် သတင်း​ဌာနများ​က သတင်း​ထောက် ၃၀ ​ကျော် တက်​ရောက်ခဲ့​ပါတယ်။

သင်္ဃန်း​ကျွန်း​ဈေး​ မီး​လောင်း​ခံရပြီး​တဲ့​နောက်ပိုင်း​ ဆိုင်ခန်း​အသစ်​တွေကို ပြန်လည်ချထား​ပေး​ရမှာ မူလ ဆိုင်ရှင်အ​ဟောင်း​တွေကို တရား​မမျှတမှု ရှိ​နေတဲ့​အတွက် သတင်း​စာရှင်း​ပွဲက​နေ အသိ​ပေး​တာလို့​လည်း​ အမျိုး​သား​ဒီမိုက​ရေစီပါတီသစ်က ရန်ကုန်တိုင်း​ဒေသကြီး​ လွှတ်​တော်ကိုယ်စား​လှယ် ဦး​ကျော်က ​ပြောပါတယ်။

“အဓိက ရည်ရွယ်ချက်က​တော့​ အခု​ဈေး​သစ်ကြီး​ကို ​နေရာချထား​ပေး​တဲ့​ အခါမှာ မူလလူ​ဟောင်း​တွေကို ကုန်ကိုအ​ကြောင်း​ပြပြီး​တော့​မှ လုပ်ရိုး​လုပ်စဉ် မဟုတ်တဲ့​ ကျ​နော်တို့​ ​အောက်က ကား​ပါကင်ကို ​ဈေး​ခုံလို့​သတ်မှတ်ပြီး​ ​အောက်ကိုချ​ပေး​လိုက်တဲ့​အတွက် သူတို့​လုံး​ဝမ​ကျေနပ်တာ။ သူတို့​က​တော့​ သူတို့​နဲ့​ ပတ်သက်တာ​တွေ ဝယ်ထား​တဲ့​သူ​တွေ ဥပမာ သင်္ဃန်း​ကျွန်း​ဈေး​ကြီး​ အ​ဟောင်း​တုန်း​က ဆိုင်ခန်း​ (၇၀) ​လောက်က ပိတ်ထား​တာရှိတယ်။ အဲဒီပိတ်ထား​တာ​တွေကို အမည်အမျိုး​မျိုး​ ခံပြီး​တော့​ အဲဒါ​တွေ အစား​ထိုး​ ဝင်လာတာရှိတယ်။”

သတင်း​စာရှင်း​လင်း​ပွဲအပြီး​မှာ သင်္ဃန်း​ကျွန်း​မြို့​နယ် ပြည်သူလွှတ်​တော် ကိုယ်စလှယ် ဦး​သိန်း​ညွှန်နဲ့​ သတင်း​သမား​တွေ သင်္ဃန်း​ကျွန်း​ဈေး​ကို သွား​ရောက် ကြည့်​ရှုရာ သတင်း​သမား​တွေ ဓာတ်ပုံရိုက်ယူမှာ ​ဈေး​အာဏာပိုင်နဲ့​ ပြဿနာတက်ခဲ့​တယ်လို့​လည်း​ ဦး​ကျော်က ​ပြောပါတယ်။

“အခုက သတင်း​စာရှင်း​လင်း​ပွဲ ပြီး​တဲ့​အချိန် ကျ​နော်တို့​က ဦး​သိန်း​ညွှန့်​ဦး​ဆောင်ပြီး​တော့​မှ အဲဒီ​နေရာကို သွား​ကြည့်​ဖို့​ သွား​ကြတယ်။ မီဒီယာ​တွေလဲ ပါလာတယ်။ ​ဈေး​အ​နေအထား​ကို ကြည့်​ဖို့​ပါ။ ကျ​နော်တို့​ ဒီက သွား​မယ်ဆိုကတည်း​က ​ဈေး​ကိုပိတ်ထား​လိုက်ပြီ။ အ​သေပိတ်လိုက်တယ်။ ကျ​နော်တို့​ ကြည့်​တဲ့​အခါမှာ လူဝင်​ပေါက် သံဇကာက​နေ လှမ်း​ကြည့်​ရတယ်။ အဲဒါမီဒီယာ သတင်း​သမား​တွေက ဓာတ်ပုံရိုက်တဲ့​အခါ သူတို့​မ​ကျေမနပ်နဲ့​ မချေမငံ​​ပြောတာ​တွေ ရင်ဆိုင်ရတယ်။”

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013