ချစ်သူများနေ့ မတိုင်မီ ဟိုတယ်၊ တည်းခိုခန်းများတွင် ကာမဆေးရောင်းဝယ်မှုများ ဖမ်းဆီးမည်
DVB
·
January 6, 2017
လာမယ့် ဖေဖော်ဝါရီလ ၁၄ ရက်နေ့မှာ ကျရောက်မယ့် ValentineDay ချစ်သူများနေ့မတိုင်မီ ဟိုတယ်တည်းခိုခန်းတွေကို အသက်မပြည့်သူတွေကို လက်မခံဖို့ပြောတာတွေ၊ စိတ်ကြွဆေး၊ ကာမဆေးရောင်းဝယ်နေတာတွေကို စီမံကိန်းနဲ့ ဖမ်းဆီးအရေးယူတာတွေလုပ်သွားမယ်လို့ အမှတ် (၂) လုံခြုံရေး ရဲကွပ်ကဲမှုအဖွဲ့မှူး ရဲမှူးချုပ်မြ၀င်းက ပြောပါတယ်။
ဇန်န၀ါရီလ ၅ ရက်နေ့မှာ ၂၀၁၆ ခုနှစ်အတွက်အောင်တံခွန်ဆု၊ စွမ်းရာ် (၄) ရပ်ဆုရရှိတဲ့ လုံခြုံရေးရဲတပ်ဖွဲ့ခွဲများကို ဆုချီးမြှင့်တဲ့အခမ်းအနားနဲ့ ဦး၊ ရေ၊ ထောက်လုပ်ငန်း ညှိနှိုင်း အစည်းအဝေးမှာ ပြောခဲ့တာပါ။
ပြီးခဲ့တဲ့ ဒီဇင်ဘာ ၃၁ ရက် နှစ်သစ်ကူးညမှာလည်း ရန်ကုန်မြို့ရဲ့ အဓိက နေရာကြီး ၄ ခု ဖြစ်တဲ့ ကန်တော်ကြီးပတ်လမ်း၊ အင်းယားကန်ဘောင်၊ မြကျွန်းသာကန်ဘောင်နဲ့ ပြည်သူ့ရင်ပြင်လို နေရာတွေမှာ လုံခြုံရေးတင်းကြပ်ပြီး စောင့်ခဲတာကြောင့် မူးယစ်ယမ်းကားမှု အနည်းငယ် ကျဆင်းသွားတယ်လို့ သူကပြောပါတယ်။