A d v e r t i s e m e n t With Us

အမျိုး​သမီး​တွေအ​ပေါ် အကြမ်း​ဖက်မှုပ​ပျောက်ဖို့​က စစ်ဝါဒ ကျင့်​သုံး​နေတာကို ရပ်တန့်​ဖို့​ လိုအပ်တယ်

လှေး​နှေ​ေနှာင်း​ (ဓာတ်ပံု ​ေကအိုင်စီ)
မြန်မာနိုင်ငံမှာ အစိုး​ရသစ်တက်လာ​ပေမယ့်​ အရင် စစ်အစိုး​ရလက်ထက်ကလိုပဲ တိုင်း​ရင်း​သူ အမျိုး​သမီး​တွေကို အဓမ္မပြုကျင့်​ပြီး​ စစ်လက်နက်သဖွယ် အသုံး​ပြု​နေဆဲပဲလို့​ အမျိုး​သမီး​များ​အဖွဲ့​ချုပ် မြန်မာနိုင်ငံက ​ပြောဆိုလိုက်ပါတယ်။ ဒီ​နေ့​ကျ​ရောက်တဲ့​ ၅၄ နှစ်​မြောက် နိုင်ငံတကာအမျိုး​သမီး​များ​ပေါ် အကြမ်း​ဖက်မှု ပ​ပျောက်​ရေး​နေ့​ အထိမ်း​အမှတ် ​ကြေညာချက်ထုတ်ပြန် ​ပြောဆိုလိုက်တာပါ။ [caption id="attachment_18291" align="alignright" width="300" caption="​လွေးနွေ​နှောင်း​ (ဓာတ်ပုံ ​ကေအိုင်စီ)"][/caption] ဘယ်လိုအ​ထောက်အထား​တွေနဲ့​ ခုလို​ပြောဆိုတာလဲဆိုတာကို အမျိုး​သမီး​များ​အဖွဲ့​ချုပ်-မြန်မာနိုင်ငံ (ဒဗလျူအယ်လ်ဘီ)ရဲ့​ သဘာပတိအဖွဲ့​ဝင် ​လွေး​နွေ​နှောင်း​ကို ​မေး​မြန်း​ထား​ပါတယ်။ ဒီ​နေ့​ ဒဗလျူအယ်လ်ဘီ က​နေပြီး​တော့​ ​ကြေညာချက်တခု ထုတ်ထား​တယ်။ အရင်တုန်း​ကလည်း​ မြန်မာနိုင်ငံအတွင်း​မှာ အမျိုး​သမီး​တွေအ​ပေါ် အကြမ်း​ဖက်မှု​တွေ ရှိ​နေတယ်လို့​လည်း​ အမြဲတမ်း​လည်း​ ​ကြေညာချက် ထုတ်ထား​တာ ရှိတယ်​လေ။ အစိုး​ရသစ် သမ္မတ ဦး​သိန်း​စိန်လက်ထက်မှာ အမျိုး​သမီး​တွေအ​ပေါ် အကြမ်း​ဖက်မှု​တွေက​တော့​ ရှိ​နေတုန်း​ဘဲလား​။ “သမ္မတဦး​သိန်း​စိန်လက်ထက်မှာ အကြမ်း​ဖက်မှု​တွေက ရှိ​နေတုန်း​ပဲလို့​ ​ပြောလို့​ ရပါတယ်။ အဓိကက​တော့​ ၈ လတာကာလ၊​ ဒီ ၂၀၁၁ မှာ ကချင်​ဒေသမှာပဲ ကြည့်​ကြည့်​၊​ ရှမ်း​ဒေသမှာဖြစ်ဖြစ် ဒီ နှစ်ခု​ပေါင်း​ ဒီအမျိုး​သမီး​ ၈၁ ဦး​လောက်ကို နအဖတပ်က မုဒိမ်း​ကျင့်​ခဲ့​တာမျိုး​တွေ ရှိတယ်။ ၃၆ ဦး​ သတ်ဖြတ်ခံရတယ်။ ဒီဟာဆိုရင်​တော့​ အရမ်း​ကို ဆိုး​ဆိုး​ရွား​ရွား​ဖြစ်​နေတဲ့​ အ​ခြေအ​နေမျိုး​တွေမှာ ရှိတယ်။ မုဒိမ်း​မှုတင်မကဘူး​ မြန်မာနိုင်ငံမှာ အခြား​ အိမ်တွင်း​အကြမ်း​ဖက်မှုတို့​၊​ စိတ်ပိုင်း​ဆိုင်ရာ အကြမ်း​ဖက်မှု​တွေလည်း​ အများ​ကြီး​။ ဥပမာ အမျိုး​သမီး​တ​ယောက်ကို ခြိမ်း​ခြောက်တဲ့​ဟာမျိုး​တွေလည်း​ ကျမတို့​ဆီမှာ အများ​ကြီး​ ​တွေ့​ရတယ်​လေ။ တက်လာတဲ့​ သမ္မတ ဦး​သိန်း​စိန်လက်ထက်ဆိုရင် သူတို့​က​တော့​ ဒီမိုက​ရေစီနိုင်ငံလို့​ ​ပြော​နေ​ပေမယ့်​ တကယ်တမ်း​ကျ​တော့​ ပြုပြင်​ပြောင်း​လဲမှု​တွေက တိုင်း​ရင်း​ဒေသမှာ မရှိ​သေး​ဘူး​ ဆိုတဲ့​ဟာမျိုး​တွေ ကျမတို့​က အဓိက ဒီဟာကို ​ထောက်ပြချင်တယ်။” အစိုး​ရသစ်လက်ထက်မှာ အမျိုး​သမီး​တွေအ​ပေါ် အကြမ်း​ဖက်မှု​တွေ ပိုများ​လာလား​ နည်း​သွား​သလား​။ “ပိုပြီး​တော့​ များ​လာတာကို ​တွေ့​ရှိရတယ်။” ဘယ်လိုအ​ထောက်အထား​နဲ့​ များ​လာတယ်လို့​ ​ပြောတာလဲ။ “အခု လက်ရှိ ကျမတို့​ ဒီမှာ ကချင်နဲ့​ ရှမ်း​တွေ ထုတ်ထား​တဲ့​ အစီရင်ခံစာ​တွေလည်း​ အများ​ကြီး​ ရှိတယ်​လေ။ ပြီး​တော့​ ပ​လောင်​ဒေသမှာ ဖြစ်ပျက်တဲ့​ဟာ​တွေလည်း​ အများ​ကြီး​ ကျမတို့​ ထုတ်ထား​တယ်။ ဘိန်း​ကိစ္စ၊​ လူကုန်ကူး​မှု ကိစ္စ​တွေ​ရော။ ​နောက်တခု ဒီ​နေ့​ဆိုရင် အစီရင်ခံစာ တ​စောင်ထုတ်ထား​တယ်​လေ။ ဒီအ​ပေါ်မှာလည်း​ အကြမ်း​ဖက်မှုနဲ့​ ပတ်သက်တဲ့​ဟာ​တွေပဲ ကျမတို့​ အများ​ကြီး​ ရှိတာ​ပေါ့​နော်။ ဒီနှစ်အတွင်း​မှာ အမျိုး​သမီး​တွေက ဒီစာက​တော့​ ပ​လောင်ထုတ်တဲ့​ ​ပြောင်း​လဲခြင်း​အတွက် အသံများ​ဆိုတဲ့​ အစီရင်ခံစာ​ပေါ့​နော်။ ဒီမှာလည်း​ အများ​ကြီး​ အမျိုး​သမီး​နဲ့​ အမျိုး​သား​ အင်တာဗျူး​ကြည့်​လိုက်​တော့​ ၆၀၀ ​ကျော်ထဲမှာ ၉၀ က အကြမ်း​ဖက်ခံရတဲ့​ အမျိုး​သမီး​တွေ ​တွေ့​ရှိတယ်ဆိုတဲ့​ဟာ သူတို့​ရဲ့​ ဖွင့်​ပြောချက်​တွေ အများ​ကြီး​ ​တွေ့​ရတယ်​လေ။ ဒီဟာလည်း​ ကျမတို့​အတွက် သက်​သေတခုဖြစ်တယ်လို့​ ​ပြောလို့​ရတယ်။” အကြမ်း​ဖက်မှု​တွေထဲမှာ ဘယ်လိုအကြမ်း​ဖက်မှုက အဆိုး​ရွား​ဆုံး​ဖြစ်လဲ။ “အဓိကက​တော့​ မုဒိမ်း​မှု​ပေါ့​နော်။ ကျမတို့​ဆီမှာ ​တော်​တော်​လေး​ကို ဖြစ်​နေတဲ့​ဟာ။ ဒီမုဒိမ်း​မှုက​တော့​ ​ပြောမယ်ဆိုရင်​တော့​ တရား​ဥပ​ဒေနဲ့​ ရင်ဆိုင်ရမယ့်​ အမှု​တွေ ဖြစ်တယ်​လေ။ တကယ်တမ်း​ကျ​တော့​ သူတို့​က မလုပ်​ပေး​တဲ့​ အပိုင်း​တွေ ရှိတယ်။ နှစ်အချက်က​တော့​ လူကုန်ကူး​မှု​တွေလည်း​ အများ​ကြီး​ဖြစ်တယ်။ လူကုန်ကူး​မှု ဘယ်​နေရာမှာပဲ ကြည့်​ကြည့်​ ကရင်​ဒေသမှာပဲ ကြည့်​ကြည့်​ စစ်ပွဲ​တွေ ဖြစ်​တော့​ လူ​တွေက အလုပ်လက်မဲ့​တွေဖြစ်တယ်။ ကချင်​ဒေသမှာပဲ ကြည့်​ကြည့်​၊​ ရှမ်း​ပြည်မှာပဲ ကြည့်​ကြည့်​ အဓိက လူကုန်ကူး​ခံရမှု​တွေ ​တော်​တော်များ​များ​ အမျိုး​သမီး​တွေ ခံစား​ရတယ်။ ​နောက်တချက်က​တော့​ အိမ်တွင်း​အကြမ်း​ဖက်မှုမှာ များ​သောအား​ဖြင့်​ လူ​တွေက ​ပြော​နေကြတာက​တော့​ ဒီဟာက​တော့​ မိသား​စုအ​ရေး​ ဖြစ်​နေတယ်။ ပတ်ဝန်း​ကျင်နဲ့​ မဆိုင်ဘူး​ဆိုတဲ့​ဟာ ပစ်ပယ်မယ်တဲ့​ဟာမျိုး​တွေလည်း​ အများ​ကြီး​တွေ့​ရတယ်။” လူကုန်ကူး​မှု​တွေ၊​ အဓမ္မပြုကျင့်​မှု​တွေ၊​ အိမ်တွင်း​အကြမ်း​ဖက်မှု​တွေ ရှိ​နေတဲ့​ထဲမှာ​ပေါ့​လေ ဘယ်​ဒေသ​တွေက အများ​ဆုံး​ဖြစ်လဲ။ “ဘယ်​ဒေသမှာ အများ​ဆုံး​ဖြစ်လဲဆို​တော့​ စစ်ပွဲဖြစ်တဲ့​နေရာ​တွေမှာ များ​ပါတယ်။ ရှမ်း​ပြည်၊​ ကချင်ပြည်၊​ ကရင်ပြည်​ပေါ့​နော် များ​သောအား​ဖြင့်​ ဖြစ်တယ်။ တခြား​နေရာမှာလည်း​ ကျမတို့​ ခြုံငုံပြီး​ပြောလို့​မရဘူး​။ တခြား​နေရာမှာ အိမ်တွင်း​အကြမ်း​ဖက်မှုဆိုရင် အများ​ကြီး​ ​တွေ့​ရတယ်​လေ။ များ​သောအား​ဖြင့်​ မြန်မာတပြည်လုံး​မှာ ဖြစ်​နေကြတာကိုး​ ဒီဟာက။” အဓိကအား​ဖြင့်​ ဒီလိုမျိုး​တွေ ဖြစ်ရတာ ဘာ​ကြောင့်​ပါလဲ။ “အဓိကက ဘာ​ကြောင့်​လဲဆို​တော့​ အခုတက်လာတဲ့​ အစိုး​ရသစ်ကိုပဲ ​ပြော​ပြော၊​ အရင်တုန်း​က နအဖ ​ခေတ်ကိုပဲ ​ပြော​ပြော တာဝန်ယူမှု တစုံတရာ မရှိတဲ့​အပြင် သူတို့​က ၉၇ မှာ The Convention on the Elimination of all forms of Discrimination Against Women (CEDAW) (အမျိုး​သမီး​များ​အ​ပေါ် ဖိနှိပ်မှုတား​ဆီး​ကာကွယ်​ရေး​ညီလာခံ) မှာ လက်မှတ်​ရေး​ထိုး​ထား​ပေမယ့်​ သူတို့​က​တော့​ ဒီ စာရွက်စာတမ်း​ပေါ်မှာပဲ ရှိတယ်​လေ။ တကယ့်​လက်​တွေ့​မှာ သူတို့​ အ​ကောင်အထည် မ​ဖော်ဘူး​ဆို​တော့​ ဒါ​တွေကို လုပ်လို့​မရဘူး​။ ကျမတို့​ ဒီအမျိုး​သမီး​များ​အဖွဲ့​ချုပ်က​တော့​ ကြိုး​စား​ပြီး​တော့​ လုပ်​နေပါတယ်။ ဒီ အမျိုး​သမီး​များ​ ကြား​မှာ​ပေါ့​နော် ပညာ​ပေး​ဟော​ပြောပွဲ​တွေ၊​ ဒီအခမ်း​အနား​တွေ၊​ သိသင့်​သိထိုက်တဲ့​ဟာမျိုး​တွေ အကုန်​တော့​ အလုပ်​တော့​လုပ် တကယ်တမ်း​ကျ​တော့​ ကျမတို့​ ပြည်တွင်း​မှာ ဘယ်​လောက်ပဲလုပ်လုပ် ထိထိ​ရောက်​ရောက် လုပ်နိုင်​ပေမယ့်​ အစိုး​ရရဲ့​ သူတို့​ရဲ့​ ​ပေါ်လစီထဲမှာ မ​ပြောင်း​လဲဘူး​ဆိုရင် ကျမတို့​ ဘယ်လိုမှ ​ပြောင်း​လဲလို့​ မရတဲ့​ အ​နေအထား​တွေ​တော့​ ဖြစ်တယ်ရှင့်​။” အမျိုး​သမီး​တွေအ​ပေါ် အကြမ်း​ဖက်မှု ပ​ပျောက်ဖို့​ ဘယ်လို လုပ်သင့်​သလဲ။ “အမျိုး​သမီး​တွေအ​ပေါ် အကြမ်း​ဖက်မှု ပ​ပျောက်ဖို့​က စစ်ဝါဒ ကျင့်​သုံး​နေတာကို ရပ်တန့်​ဖို့​ လိုအပ်တယ် မြန်မာနိုင်ငံမှာ​လေ။ အမျိုး​သမီး​များ​အ​ပေါ် ဖိနှိပ်မှုတား​ဆီး​ကာကွယ်​ရေး​ညီလာခံ လက်မှတ် ထိုး​ထား​တယ်ဆို​တော့​ တကယ့်​ကို အ​ကောင်အထည်​ဖော်ဖို့​ လိုအပ်တယ် ဆိုတာမျိုး​ ကျမတို့​ မီး​မောင်း​ထိုး​ပြချင်တယ်။ ဒီဟာကိုလည်း​ လက်​တွေ့​လုပ်​ဆောင်ဖို့​ လိုအပ်တယ်ဆိုတဲ့​ဟာမျိုး​တွေ။ ပြီး​တော့​ မြန်မာနိုင်ငံမှာ ကျမတို့​ ပညာ​ပေး​ဟော​ပြောပွဲ​တွေ အများ​ကြီး​လုပ်​ဆောင်ဖို့​လို့​အပ်တယ်။ ၂၀၀၇ တုန်း​က ကျမတို့​ အ​တွေ့​အကြုံ​ပေါ့​နော်။ မြန်မာနိုင်ငံမှာ သူတို့​ အမျိုး​သမီး​များ​အ​ပေါ် ဖိနှိပ်မှုတား​ဆီး​ကာကွယ်​ရေး​ညီလာခံ (ကုလသမဂ္ဂ) မှာ တင်​တော့​ ဘာ​ပြောလဲဆို​တော့​ အမျိုး​သား​များ​နဲ့​ အမျိုး​သမီး​တွေက တန်း​တူ အခွင့်​အ​ရေး​ခံစား​ခွင့်​ရှိတယ်။ မ​မွေး​ခင်ကတည်း​က အခွင့်​အ​ရေး​တွေက ရှိထား​ပြီး​သား​ဆို​တော့​ သူတို့​ရဲ့​ စာတန်း​ထဲမှာ​တော့​ ရှိတယ်၊​ တကယ့်​ လက်​တွေ့​မှာ သူတို့​လုပ်​ဆောင်​နေတဲ့​ အပိုင်း​တွေ အရမ်း​အား​နည်း​တဲ့​ ဟာမျိုး​တွေ​ပေါ့​နော်။ ဒီဟာကို အစိုး​ရ​တွေ ကိုယ်တိုင်လည်း​ လုပ်​ဆောင်ဖို့​ လိုအပ်တယ်။”

A d v e r t i s e m e n t With Us

More News
Up