Homeမြန်မာသတင်း
ပုဒ်မ ၆၆(ဃ)ဖြင့် တရားစွဲဆိုခံထားရသည့် ဦးမျိုးရန်နောင်သိန်းကို ယနေ့ ကြားဖြတ်အမိန့်ချမည်
ပုဒ်မ ၆၆(ဃ)ဖြင့် တရားစွဲဆိုခံထားရသည့် ဦးမျိုးရန်နောင်သိန်းကို ယနေ့ ကြားဖြတ်အမိန့်ချမည်
DVB
·
January 6, 2017
ဆက်သွယ်ရေးပုဒ်မ ၆၆(ဃ)နဲ့ တရားစွဲဆိုခံထားရတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ဗဟိုသုတေသန လမ်းညွှန်အဖွဲ့ အတွင်းရေးမှူးဦးမျိုးရန်နောင်သိန်းကို ကမာရွတ်မြို့နယ်တရားရုံးမှာ ဒီနေ့ နေ့လည် ၁၂ နာရီမှာ ကြားဖြတ်အမိန့်ချမှတ်မှာ ဖြစ်ပါတယ်။
ဦးမျိုးရန်နောင်သိန်းကို သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာမှာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကို ဝေဖန်ပုတ်ခတ်တဲ့စာတွေ ရေးသားခဲ့တယ်ဆိုပြီး ရန်ကုန်တိုင်းစစ်ဌာချုပ်က တရားစွဲထားတာ ဖြစ်ပါတယ်။
၂၀၁၆ ခု နိုဝင်ဘာလ ၃ ရက်နေ့က ဦးမျိုးရန်နောင်သိန်းကို ယုဇနဟိုတယ် စားသောက်ခန်းမမှာ ကော်ဖီသောက်နေတုန်း ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။
သတင်း - စိုးယုဇော်