Homeမြန်မာသတင်း
ရွေးကောက်ပွဲ အောင်နိုင်ရေး တေးစီးရီးအတွက် ဒေါ်အောင်ဆန်းစုကြည်နှင့် အနုပညာရှင်များတွေ့ဆုံ
ရွေးကောက်ပွဲ အောင်နိုင်ရေး တေးစီးရီးအတွက် ဒေါ်အောင်ဆန်းစုကြည်နှင့် အနုပညာရှင်များတွေ့ဆုံ
ရွှေအောင်
·
November 25, 2011
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရွေးကောက်ပွဲ အောင်နိုင်ရေးအတွက် လှုံ့ဆော်ရေး တေးစီးရီးထုတ်လုပ်ဖို့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တေးရေးတေးဆို ဂီတပညာရှင်တွေ ပဏာမတွေ့ဆုံပွဲတရပ် ပြုလုပ်ခဲ့ပါတယ်။
တက္ကသိုလ်ရိပ်သာလမ်းနေအိမ်မှာ ဒီကနေ့ ညနေသုံးနာရီက တေးဂီတပညာရှင် ငါးဆယ်ကျော်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ ရင်းရင်းနှီးနှီးတွေ့ဆုံခဲ့ကြတာလို့ အဖွဲ့ချုပ်ပြန်ကြားရေးက ဦးကြည်တိုးက ပြောပါတယ်။
တေးစီးရီးနဲ့ဗီစီဒီကို လာမယ့် ဒီဇင်ဘာလလောက်အတွင်း ထုတ်နိုင်ဖို့ ဆွေးနွေးခဲ့ကြပြီး၊ အခုလိုတွေ့ဆုံ ဆွေးနွေးပွဲမျိုးကို မကြာမီ ထပ်လုပ်ဖို့ရှိတယ်လို့ ဆိုပါတယ်။