မြန်မာ့ရိုးရာလက်ဝှေ့ပြိုင်ပွဲတွင် ပွဲကြည့်စင် ကျိုးကျ၍ ရဟန်းတချို့ဒဏ်ရာရ

ပဲခူးတိုင်း တောင်ငူမြို့မှာကျင်းပတဲ့ (၆၉) နှစ်မြောက်လွတ်လပ်ရေးနေ့ အထိမ်းအမှတ် မြန်မာနဲ့ ထိုင်းရိုးရာလက်ဝှေ့ပြိုင်ပွဲမှာ ပွဲကြည့်စင် မြောက်ဘက်မှ ထုတ်တန်းကျိုးကျလို့ ဦးဇင်းဦးသုန္ဒရမှာ ယာဘက်ပေါင်စုတ်ပြဲဒဏ်ရာရရှိခဲ့ပြီး တောင်ငူဆေးရုံကြီးကို ပို့ဆောင်ကုထားရတယ်လို့ သိရပါတယ်။ ညနေ ၅ နာရီကျော်လောက်မှာလည်း တောင်ဘက်ပွဲကြည့်စင် ထပ်မံကျိုးကျခဲ့တဲ့အတွက် တောင်ငူမြို့ (၄) မိုင်ကျေးရွာမှ မြကျိုင်းတောင်ကျောင်းမှ ကျောင်းထိုင်ဆရာတော်အပါအဝင် ဒေသခံလူ ၉ ဦးတို့ ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။ ထိခိုက်ဒဏ်ရာရရှိသူတွေကို တောင်ငူဆေးရုံကြီးကို ထပ်မံပို့ဆောင် ကုသထားရပြီး ၅ ဦးမှာ ဒဏ်ရာမပြင်းထန်တဲ့အတွက် ဆေးဝါးကုသပေးပြီး နေအိမ်သို့ ပြန်လွှတ် လိုက်တယ်လို့လည်း သိရပါတယ်။ “ဖြစ်တာကတော့ဟုတ်ပါတယ်။ ဆိုးဆိုးဝါးဝါးတော့ မဖြစ်ပါဘူး။ ပထမတခါကပွဲစပြီး သိပ်မကြာခင်မှာ ဖြစ်တာ၊ ဦးဇင်းတပါးပဲ ခြေထောက်ထိခိုက်မိသွားတာ။ ညနေပိုင်းကြတော့ ဦးဇင်းတပါး အပါအဝင် ၉ ဦးလောက် ထိခိုက်ဒဏ်ရာရတာတွေတော့ရှိတယ်။ အကုန်လုံးဆေးရုံ ပို့ပေးလိုက်တယ်။ အသေအပျောက်တော့မရှိဘူး”လို့ ပွဲခင်းတာဝန်ကျသူတဦးက ပြောပါတယ်။ သတင်း - သားကြီး(တောင်ငူ)

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up