Home
မြန်မာသတင်း
အမျိုး​သား​ဒီမိုက​ရေစီအဖွဲ့​ချုပ် ပြန်လည်ဖွဲ့​စည်း​ခွင့်​ကို ​ကော်မရှင် လက်ခံ
DVB
·
November 25, 2011
အမျိုး​သား​ဒီမိုက​ရေစီအဖွဲ့​ချုပ်ကို ပြန်လည်ဖွဲ့​စည်း​ခွင့်​ ပြုဖို့​အတွက် ပြည်​ထောင်စု​ရွေး​ကောက်ပွဲ​ကော်မရှင်က လက်ခံလိုက်တယ်လို့​ သိရပါတယ်။ ဒီက​နေ့​ မနက်ပိုင်း​ ၁၀ နာရီခွဲ​လောက်က ​နေပြည်​တော်မှာ ​ရောက်​နေတဲ့​ အမျိုး​သား​ဒီမိုက​ရေစီအဖွဲ့​ချုပ် ဗဟိုအလုပ်မှု​ဆောင်အဖွဲ့​ဝင် ဦး​ဥာဏ်ဝင်း​တို့​က အဖွဲ့​ချုပ် ပြန်လည်ဖွဲ့​စည်း​ရေး​အတွက် ပြည်​ထောင်စု​ရွေး​ကောက်ပွဲ ​ကော်မရှင်ကို သွား​ရောက် ​လျှောက်တင်ရာမှာ အမျိုး​သား​ဒီမိုက​ရေစီအဖွဲ့​ချုပ် ပြန်လည်ဖွဲ့​စည်း​ရေး​ကို လက်ခံလိုက်တယ်လို့​ အဖွဲ့​ချုပ်က တာဝန်ရှိသူတဦး​ဖြစ်တဲ့​ ဦး​ဟန်သာမြင့်​က ​ပြောပါတယ်။ “၁၀ နာရီခွဲက တင်လိုက်​တော့​ ဖြတ်ပိုင်း​ရတယ်။ လက်ခံဖြတ်ပိုင်း​ရတာ​ပေါ့​ ​ကော်မရှင်က ဆက်တယ်။ အတည်ပြုတာမဟုတ်ဘူး​ သူက ​လျှောက်လွှာကို လက်ခံလိုက်တယ်​ပေါ့​ဗျာ။ သူ့​ ပုံစံ​တွေ ဘာ​တွေ မှန်တယ်​ပေါ့​။ ကျ​နော်တို့​ တင်တဲ့​ပုံစံမှန်လို့​ လက်ခံတဲ့​ သ​ဘောပါပဲ။” အဖွဲ့​ချုပ်ကို ပြန်လည် ဖွဲ့​စည်း​ခွင့်​ပြုပြီး​တဲ့​ ​နောက်ပိုင်း​မှ ပါတီမှတ်ပုံတင်ရမယ်လို့​လည်း​ ဦး​ဟန်သာမြင့်​က ​ပြောပါတယ်။ လော​လောဆယ်​တော့​ ပါတီပြန်လည်ဖွဲ့​စည်း​ခွင့်​ကို​တော့​ တိုင်း​နဲ့​ပြည်နယ်က အမျိုး​သား​ ၁၀ ဦး​နဲ့​ အမျိုး​သမီး​ ၁၁ ဦး​ စုစု​ပေါင်း​ ၂၁ ဦး​နဲ့​ တင်​လျှောက်လိုက်တာပါ။ အဲဒီ ၂၁ ဦး​ဟာ ပါတီပြန်လည် ဖွဲ့​စည်း​ရေး​အတွက်ပဲ အမည်စာရင်း​နဲ့​ ​လျှောက်ထား​တာဖြစ်ပြီး​တော့​ ​နောက်လာမယ့်​ ပါတီရဲ့​ ဖွဲ့​စည်း​ရေး​နဲ့​ မသက်ဆိုင်ဘူး​လို့​ အဲဒီ ၂၁ ဦး​မှာပါဝင်တဲ့​ အမျိုး​သား​ဒီမိုက​ရေစီအဖွဲ့​ချုပ် ဦး​စီး​အဖွဲ့​ဝင် ကရင်ပြည်နယ်က ​ဒေါ်နန်း​ခင်​ထွေး​မြင့်​က ​ပြောပါတယ်။ လော​လောဆယ်အဖွဲ့​ချုပ်ဗဟိုမှာ​တော့​ ​ရွေး​ကောက်ပွဲ​အောင်နိုင်​ရေး​ဗဟိုနဲ့​ တိုင်း​နဲ့​ပြည်နယ်အဖွဲ့​တွေကို ဖွဲ့​စည်း​သွား​မှာဖြစ်ပြီး​ ​ရွေး​ကောက်ပွဲ ​နောက်ပိုင်း​မှ အမျိုး​သား​ဒီမိုက​ရေစီအဖွဲ့​ချုပ် ဗဟိုဦး​စီး​အဖွဲ့​ကို ပြန်လည်ဖွဲ့​စည်း​သွား​မယ်လို့​ ​ဒေါ်နန်း​ခင်​ထွေး​မြင့်​က ရှင်း​ပြပါတယ်။ “​ရွေး​ကောက်ပွဲ ​အောင်နိုင်​ရေး​ပြီး​မှ အခုက ​အောင်နိုင်​ရေး​ပဲ အဓိက​လေ။ ​အောင်နိုင်​ရေး​ပြီး​တော့​ ​ရွေး​ကောက်ပွဲ ဝင်လိုက်မယ်။ ​ရွေး​ကောက်ပွဲပြီး​မှပဲ ကျမတို့​က မူလရှိထား​တဲ့​ အ​ဟောင်း​အတိုင်း​ပဲ ​နေမယ်။ အရင်အ​ဟောင်း​အတိုင်း​ပဲ။ စီအီး​စီလည်း​ အရင်အ​ဟောင်း​ အတိုင်း​ပဲ စီစီ​တွေလည်း​ အရင်အ​ဟောင်း​ အတိုင်း​ပဲ ရှိ​နေတယ်​ပေါ့​နော်။ မြို့​နယ်စည်း​တွေ၊​ ပြည်နယ်စည်း​တွေလည်း​ အရင်အ​ဟောင်း​အတိုင်း​ပဲ။ ဘာမှ တိုး​တာ ​လျှော့​တာ အသစ်​တွေ လက်မခံနဲ့​ဦး​။ ​ရွေး​ကောက်ပွဲ ပြီး​တဲ့​အခါကျမှ ကျမတို့​က ကိုယ့်​မြို့​နယ်​တွေမှာ ပြန်ပြီး​တော့​စ။ အခု ပါတီဝင်​တွေ​တော့​ လက်ခံ​ပေါ့​။ ပါတီဝင်လက်ခံဆိုတာလည်း​ ​လျှောက်လွှာ​တွေက ရုံး​ချုပ်က ပို့​မှာ။ ရုံး​ချုပ်က ပို့​တာကိုပဲ ​စောင့်​ရမှာ လကုန်​လောက်မှ ရမှာ။” အမျိုး​သား​ဒီမိုက​ရေစီအဖွဲ့​ချုပ်က ပါတီပြန်လည်ဖွဲ့​စည်း​ခွင့်​ကို ​လျှောက်ထား​ပြီး​ လာမယ့်​ ကြား​ဖြတ်​ရွေး​ကောက်ပွဲမှာ ဝင်ပြိုင်ဖို့​ ပြင်ဆင်​နေ​ပေမယ့်​ ပြည်သူလွှတ်​တော် ဥက္ကဌ ဦး​သူရ​ရွှေမန်း​က​တော့​ ကြား​ဖြတ်​ရွေး​ကောက်ပွဲကို လာမယ့်​ ၃လအတွင်း​ ကျင်း​ပနိုင်မှာ မဟုတ်ဘူး​လို့​လည်း​ ဒီက​နေ့​ ​နေပြည်​တော်မှာ သတင်း​ထောက်​တွေကို သီး​ခြား​တွေ့​ဆုံစဉ်မှာ ​ပြောကြား​လိုက်တယ်လို့​ သိရပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024