ဂျပန်ရုပ်ရှင်ပွဲတော်အား မြန်မာနိုင်ငံတွင် ပထမဦးဆုံးအကြိမ် ကျင်းပမည်
DVB
·
January 5, 2017
၁၃ ကြိမ်မြောက် ဂျပန်ရုပ်ရှင်ပွဲတော်ကို မြန်မာနိုင်ငံမှာ ပထမဦးဆုံးအကြိမ် ကျင်းပမှာ ဖြစ်ပါတယ်။
အဆိုပါရုပ်ရှင်ပွဲတော်ကို ရန်ကုန်မြို့ နေပြည်တော်ရုပ်ရှင်ရုံမှာ ဇန်နဝါရီ ၁၃ ရက်နေ့ကနေ ၁၉ ရက်နေ့အထိ ၇ ရက်တိုင်တိုင် ကျင်းပမှာပါ။
၇ ရက်တာ ပြသမယ့် ရုပ်ရှင်ပွဲမှာ တက်သစ်စ ရုပ်ရှင်ရိုက်ကူးသူများနဲ့ နာမည်ကျော် ရုပ်ရှင်ရိုက်ကူးသူများမှ ဇာတ်လမ်းတိုများ၊ ဇာတ်လမ်းရှည်များ၊ ကာတွန်းရုပ်ရှင်များ ပြသသွားမှာ ဖြစ်ပါတယ်။
သတင်း - ပြည့်ဘုန်းအောင်