အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲများကို ခရိုင် ၃ ခုခွဲပြီး ကျင်းပမည်
DVB
·
January 5, 2017
မြန်မာနိုင်ငံရဲ့ ပထမဆုံးအကြိမ် ဒေသအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲတွေကို တနင်္သာရီတိုင်းဒေသကြီးမှာ ခရိုင် ၃ ခုခွဲပြီး ကျင်းပကြတော့မှာ ဖြစ်ပါတယ်လို့ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ (JMC) အဖွဲ့က ပြောပါတယ်။
ထားဝယ်ခရိုင်မှာ ဇန်နဝါရီလ ၅ ရက်နေ့ကနေ ၆ ရက်နေ့အထိ၊ မြိတ်ခရိုင်မှာ ဇန်နဝါရီလ ၁၂ ရက်နေ့ကနေ ၁၃ ရက်နေ့အထိနဲ့ ကော့သောင်ခရိုင်မှာတော့ ဇန်နဝါရီလ ၁၆ ရက်နေ့ကနေ ၁၇ ရက်နေ့အထိ ကျင်းပသွားမှာဖြစ်ပါတယ်။
ဒီ (၃) ခရိုင်ကနေရရှိလာတဲ့ ဆွေးနွေးချက်တွေကိုစုစည်းပြီး တနင်္သာရီတိုင်းဒေသကြီးတစ်ခုလုံးရဲ့ မူဝါဒဆိုင်ရာစုစည်းချက်တွေအဖြစ် ဇန်နဝါရီလ ၂၃ ရက်နေ့ကနေ ၂၅ ရက်နေ့အထိ ထားဝယ်မြို့မှာ အပြီးသတ် ဆွေးနွေးသွားကြမှာဖြစ်ပါတယ်။