A d v e r t i s e m e n t With Us

နမ့်​ခမ်း​ပစ်ခတ်မှု ဆယ်​ကျော်သက် ​ကျောင်း​သူတဦး​ ဒဏ်ရာရ

ရှမ်း​ပြည်နယ်​မြောက်ပိုင်း​ နမ့်​ခမ်း​မြို့​မှာ ​ပေါက်ကွဲမှု​တွေနဲ့​ ပစ်ခတ်မှု​တွေဖြစ်ပြီး​ ၁၃ နှစ်အရွယ် ​ကျောင်း​သူတဦး​ ဒဏ်ရာရသွား​ပါတယ်။ မ​နေ့​မနက်က နမ့်​ခမ်း​မြို့​အစွန် ကွမ်လုံရွာအနီး​မှာ အစိုး​ရတပ်ရဲ့​ ယာဉ်တန်း​ စစ်​ကြောင်း​ထွက်ချိန် မိုင်း​ခွဲတိုက်ခိုက်မှု​တွေခံရပြီး​နောက် ပစ်ခတ်မှု​တွေ ဆက်တိုက်ဖြစ်ပွား​ရာမှာ အခုလို ထိခိုက်ဒဏ်ရာရသွား​တာလို့​ နမ့်​ခမ်း​မြို့​ရဲစခန်း​ တာဝန်ရှိသူတဦး​က ​ပြောပါတယ်။ “နမ့်​ခမ်း​ထဲမှာ ဗုံး​က ၃ လုံး​ပေါက်ကွဲတယ်။ ​ပေါက်ကွဲတာက နမ့်​ခမ်း​မြို့​နယ် ကွမ်လုံး​ရွာအနီး​မှာပါ။ ထိခိုက်မှုက​တော့​ ငါး​တန်း​ကျောင်း​သူ​လေး​။ သူက ဒဏ်ရာရတယ်။ သူက ​ကျောင်း​သွား​တဲ့​အချိန် ကား​လမ်း​ဖြတ်တဲ့​အချိန်မှာ ထိသွား​တာ။ တခြား​လူ​တော့​ မထိပါဘူး​။” ဒီ​ပေါက်ကွဲမှုနဲ့​ပတ်သက်ပြီး​ နမ့်​ခမ်း​ဒေသခံတဦး​က “​ပေါက်ပွဲမှုဖြစ်တုန်း​က အဲဒီမှာ မြန်မာစစ်တပ်ကား​အစီး​ ၁၅၊​ ၂၀ ​လောက်က နမ့်​ခမ်း​ဘက်က​နေ မြို့​ပြင်ဘက်ကို သွား​နေတာ၊​ ​ပေါက်ကွဲသံကြား​တော့​ စစ်သား​တွေကား​ပေါ်က​နေ ခုန်ဆင်း​လာကြတယ်။ ပြီး​တော့​ လယ်ကွင်း​ထဲကို ​သေနတ်​တွေနဲ့​ပစ်တယ်။ စက်ဘီး​စီး​လာတဲ့​ က​လေး​မ​လေး​ကို ကျည်ဆန်မှန်သွား​တယ်” လို့​ ​ပြောပါတယ်။ ဒဏ်ရာရသွား​တဲ့​ နမ့်​ခမ်း​ အထက်တန်း​ကျောင်း​က ပဉ္စမတန်း​ကျောင်း​သူ​လေး​ကို နမ့်​ခမ်း​ဆေး​ရုံမှာ အ​သေး​စား​ ခွဲစိတ်ကုသမှု​တွေ ပြုလုပ်ထား​ပြီး​ အသက်အန္တရာယ် စိုးရိမ်စရာမရှိဘူး​လို့​ ​ဆေး​ရုံက ​ပြောပါတယ်။ နမ့်​ခမ်း​မြို့​နယ်မှာ ခုရက်ပိုင်း​တွေအတွင်း​ ​ပေါက်ကွဲမှု​တွေ ၄ ကြိမ်​လောက် ဖြစ်ပွား​ပြီး​ ဒုရဲအုပ် ၁ ဦး​ ​သေဆုံး​ကာ ဒဏ်ရာရရှိသူ အနည်း​ဆုံး​ ၄ ဦး​လောက် ရှိ​နေပြီဖြစ်ပါတယ်။ အခုတ​လော နမ့်​ခမ်း​မြို့​နယ်ထဲမှာ ဗုံး​ပေါက်ကွဲမှု​တွေ မကြာခနဖြစ်ပွား​နေတဲ့​အတွက် ညဘက် အပြင်မထွက်ဖို့​ အာဏာပိုင်​တွေ သတိ​ပေး​ထား​တယ်။ ဒါ့​အပြင် နိုဝင်ဘာလ ၂၆ ရက်​နေ့​မှာ ကျင်း​ပဖို့​ရှိတဲ့​ ရှမ်း​ရိုး​ရာ နှစ်သစ်ကူး​ပွဲ​တော် ​ဖျော်​ဖြေ​ရေး​အစီအစဉ်​တွေ ဖျက်သိမ်း​လိုက်ရသလို ​ဈေး​သည်​တွေလည်း​ ပြန်ကုန်ကြပြီလို့​ ပွဲ​ကော်မတီဝင်တဦး​က ​ပြောပါတယ်။

A d v e r t i s e m e n t With Us

More News
Up