A d v e r t i s e m e n t With Us

လာမည့်​ ၃ လအတွင်း​ ​ရွေး​ကောက်ပွဲကျင်း​ပရန် အစီအစဉ်မရှိ​သေး​ဟု ပြည်သူ့​လွှတ်​တော်ဥက္ကဋ္ဌ​ပြော

ကြား​ဖြတ်​ရွေး​ကောက်ပွဲကို လာမယ့်​ ၃လအတွင်း​ မကျင်း​ပ​သေး​ဘူး​လို့​ ပြည်သူ့​လွှတ်​တော်ဥက္ကဋ္ဌ သူရ ဦး​ရွှေမန်း​က ​ပြောကြား​လိုက်ပါတယ်။ ရွေး​ကောက်ပွဲဥပ​ဒေအရ ​ရွေး​ကောက်ပွဲကျင်း​ပဖို့​ ​ကော်မရှင်က ၃ လ ကြိုတင်​ကြေညာရတာဖြစ်လို့​ ဒီ​နေ့​ထိ ​ကော်မရှင်က မ​ကြေညာရ​သေး​တာ​ကြောင့်​ ဒီ​နေ့​ကစပြီး​ ၃လအတွင်း​ မဖြစ်နိုင်​သေး​ဘူး​လို့​ ဦး​ရွှေမန်း​က ​ပြောလိုက်တာပါ။ ဒီ​နေ့​ကျင်း​ပတဲ့​ လွှတ်​တော်အတွင်း​ ​နေ့​လယ်စာစား​ချိန်၊​ သတင်း​ထောက်​တွေနဲ့​ သီး​ခြား​တွေ့​ဆုံရာမှာ ဦး​ရွှေမန်း​က ​ပြောလိုက်တာပါ။ ဒေါ်​အောင်ဆန်း​စုကြည် လွှတ်​တော်တွင်း​ ဝင်လာရင် ကြိုဆိုတယ်လို့​ လွှတ်​တော်ဥက္ကဋ္ဌက​ပြော​ကြောင်း​ ​တွေ့​ဆုံပွဲတက်ခဲ့​တဲ့​ ပြည်တွင်း​သတင်း​ထောက်တဦး​က ​ပြောပါတယ်။ အ​မေရိကန်နိုင်ငံခြား​ရေး​ဝန်ကြီး​ ဟီလာရီကလင်တန် မြန်မာနိုင်ငံ လာမယ့်​ကိစ္စကို ပြည်သူ့​လွှတ်​တော်ဥက္ကဋ္ဌ ဦး​ရွှေမန်း​က ကြိုဆိုလိုက်ပါတယ်။ အ​မေရိကန်နိုင်ငံနဲ့​ ပုံမှန်ဆက်ဆံ​ရေး​မရှိခဲ့​တဲ့​အ​ကြောင်း​နဲ့​ အခုလိုလာ​ရောက်ပြီး​ ပုံမှန်ဆက်ဆံ​ရေး​ ပြန်လည်ထူ​ထောင်နိုင်ခဲ့​ရင် အ​မေရိကန်-မြန်မာနှစ်နိုင်ငံ ပြည်သူ​တွေအတွက်တင်မကဘဲ ကမ္ဘာအတွက်ပါ ​ကောင်း​ပါတယ်လို့​ ဦး​ရွှေမန်း​က ထုတ်​ဖော်​ပြောဆိုလိုက်တယ်လို့​ သိရှိရပါတယ်။

A d v e r t i s e m e n t With Us

More News
Up