A d v e r t i s e m e n t With Us

လေ​ဘေး​သင့်​မြန်မာ​ရေလုပ်သား​များ​ အိန္ဒိယနိုင်ငံမှ ​လေယာဉ်ဖြင့်​ ပြန်​ရောက်

လေပြင်း​မုန်တိုင်း​ဒဏ်​ကြောင့်​ ပင်လယ်ထဲ​မျောပါသွား​ရာက အိန္ဒိယနိုင်ငံမှာ ​သောင်တင်​နေတဲ့​ မြန်မာ​ရေလုပ်သား​တွေဟာ ၈ လ​လောက်အကြာမှာ မြန်မာ့​လေ​ကြောင်း​က စင်း​လုံး​ငှား​ ​လေယာဉ်နဲ့​ ရန်ကုန်​လေဆိပ်ကို ပြန်လည်​ရောက်ရှိလာပြီဖြစ်ပါတယ်။ အခု နှစ်ဆန်း​ပိုင်း​က ပင်လယ်ထဲ ငါး​ဖမ်း​ထွက်​နေတဲ့​ မြန်မာ​ရေလုပ်သား​တွေဟာ ​လေပြင်း​တွေ ရုတ်တရက် တိုက်လာတာ​ကြောင့်​ ပင်လယ်ထဲ ​မျောပါသွား​ရာက အိန္ဒိယ ​ရေပိုင်နက်ထဲ ​ရောက်ရှိသွား​ပြီး​ အိန္ဒိယ ကမ်း​ခြေ​စောင့်​ ​ရေတပ်က ​တွေ့​ရှိကယ်ဆယ်ခံထား​ရတာပါ။ မြန်မာ​ရေလုပ်သား​တွေကို အိန္ဒိယနိုင်ငံ ပို့​ဘလဲမြို့​မှာ ကယ်ဆယ်​ရေး​စခန်း​ ဖွင့်​လှစ်​စောင့်​ရှောက်​ပေး​ထား​ပြီး​ ​နေရပ်ပြန်ပို့​နိုင်​ရေး​ကိစ္စ မြန်မာနဲ့​အိန္ဒိယ အစိုး​ရတာဝန်ရှိသူ​တွေ လအတန်ကြာ ညှိနှိုင်း​အပြီး​မှာ ​လေကြာင်း​က​နေ ပြန်လည်​ရောက်ရှိလာနိုင်ခဲ့​တာပါ။ အိန္ဒိ​ရောက်မြန်မာ​ရေလုပ်သား​ ၁၃၅ ဦး​အနက် ပထမအသုတ်အဖြစ် အ​ယောက် ၇၀ မ​နေ့​က ပြန်လည်​ရောက်ရှိလာပြီး​ ဒီက​နေ့​ ​နောက်ထပ် ၆၅ ဦး​ ​ရောက်လာဖို့​ရှိတယ်လို့​ ​ရေလုပ်သား​တွေကို ​နေရပ်ပြန်​ရေး​အကူအညီ​ပေး​နေတဲ့​ မြန်မာငါး​လုပ်ငန်း​အဖွဲ့​ချုပ်က ​ပြောပါတယ်။ မြန်မာ​ရေလုပ်သား​တွေ​နေရပ်ပြန်​ရေး​ ညှိနှိုင်း​ခဲ့​ရပုံနဲ့​ပတ်သက်ပြီး​ ငါး​လုပ်ငန်း​အဖွဲ့​ချုပ်ရဲ့​ အ​ထွေ​ထွေအတွင်း​ရေး​မှူး​ ဦး​ဝင်း​ကြိုင်က ခုလိုရှင်း​ပြပါတယ်။ “သူတို့​ ​မျောသွား​ပြီး​တော့​ ဟို​ရောက်တယ်၊​ ဟိုက ဆယ်တယ်၊​ ဆယ်ပြီး​တော့​မှ မြန်မာသံရုံး​ကို အ​ကြောင်း​ကြား​တယ်။ တခါသံရုံး​ကသွား​ပြီး​ စစ်တယ်။ မြန်မာနိုင်ငံသား​ ဟုတ်မဟုတ် ဆိုတဲ့​ဟာမျိုး​ပေါ့​။ အတည်ပြုချက်​တွေ ဘာ​တွေ ယူရတာကိုက ၅ လ​လောက်ကြာတယ်။ သယ်ယူပို့​ဆောင်​ရေး​ အစီအစဉ်လုပ်ဖို့​ စီစဉ်တာ​တွေက အိန္ဒိယက သ​င်္ဘောနဲ့​ ပြန်ပို့​မယ်။ တခါ ကျ​နော်တို့​က ​လေယာဉ်ပျံနဲ့​ သွား​သယ်မယ် ဆိုတဲ့​ဟာ​တွေကို အဲဒီလို အစီအစဉ်​တွေကို ဒါ ကျ​နော်တို့​ ​နောက်ဆုံး​ အပြီး​သတ်ထိ​အောင် လုပ်ရတယ်ဆို​တော့​ နည်း​နည်း​လေး​ လွဲတာ​လေး​တွေနဲ့​ ကြန့်​ကြာမှု​လေး​တွေ ဖြစ်သွား​လို့​ဗျ။” ပြန်​ရောက်လာတဲ့​ ​ရေလုပ်သား​တွေအများ​စုဟာ ဧရာဝတီတိုင်း​ကဖြစ်ပြီး​ ကျန်သူ​တွေက​တော့​ ရန်ကုန်၊​ ပဲခူး​၊​ မ​ကွေး​နဲ့​ တနင်္သာရီတိုင်း​တွေကဖြစ်ပါတယ်။ လတ်တ​လော ​ရေလုပ်သား​တွေကို ကြည့်​မြင်တိုင်မှာရှိတဲ့​ သာဓု​ကျောင်း​တိုက် ဓမ္မာရုံမှာထား​ရှိပြီး​ လူဝင်မူကြီး​ကြပ်​ရေး​၊​ သတင်း​တပ်ဖွဲ့​တွေနဲ့​ဆေး​အဖွဲ့​တွေက တဦး​ချင်း​ စိစစ်စစ်​ဆေး​မှု​တွေ ပြုလုပ်​ပေး​နေပြီး​ ​နေရပ်ကိုပြန်ပို့​ပေး​ဖို့​ သက်ဆိုင်ရာ စီစဉ်​နေပါတယ်။ ပြီး​ခဲ့​တဲ့​ ​ဖေ​ဖော်ဝါရီက​နေ မတ်လအတွင်း​ ကပ္ပလီနဲ့​မုတ္တမပင်လယ်​ကွေ့​မှာ ​လေပြင်း​တွေ ရုတ်တရက် ကျ​ရောက်လာပြီး​ ဖျာပုံမြို့​နယ်ထဲမှာ ကျား​ဖောင်ဖွဲ့​ငါး​ရှာ​နေတဲ့​ ​ရေလုပ်သား​တွေ ပင်လယ်ထဲ​မျောပါသွား​ခဲ့​တာပါ။ ဒီဖြစ်ရပ်မှာ ​ရေလုပ်သား​ပေါင်း​ ၁ ​သောင်း​ကျော်​လောက် ​ပျောက်ဆုံး​သွား​တာဖြစ်ပြီး​ ​နောက်ပိုင်း​မှာ ​ရေလုပ်သား​တွေကို ကိုကျွန်း​၊​ ဟိုင်း​ကြီး​ ကျွန်း​နဲ့​ ​ကော့​သောင်း​စတဲ့​ ​နေရာအသီး​သီး​မှာ ပြန်လည်ကယ်ဆယ်နိုင်ခဲ့​ပါတယ်။ မြန်မာပြည်ပိုင်နက်ကို​ကျော်သွား​တဲ့​ ​ရေလုပ်သား​တွေထဲက သီရိလင်္ကာ နိုင်ငံ​ရောက် ​ရေလုပ်သား​ ၁၄ ဦး​လည်း​ မကြာ​သေး​ခင်က ပြန်လည်​ရောက်ရှိလာခဲ့​ပါတယ်။ ငါး​လုပ်ငန်း​အဖွဲ့​ချုပ်က​တော့​ ဒီဖြစ်စဉ်မှာ ​ရေလုပ်သား​ ၂၅ ဦး​ ​သေဆုံး​တယ်လို့​ အတည်ပြုနိုင်ပြီး​ ၄၇၀ ​လောက် ​ပျောက်ဆုံး​နေဆဲပဲလို့​ အတည်ပြု​ပြောကြား​ပါတယ်။

A d v e r t i s e m e n t With Us

More News
Up