A d v e r t i s e m e n t With Us

သမ္မတ သတင်း​စာရှင်း​လင်း​ပွဲအဓိပ္ပာယ် ဘာလဲ

ပြီး​ခဲ့​တဲ့​ နိုဝင်ဘာ ၁၉ ရက် ညပိုင်း​က ဘာလီမှာ​ရောက်​နေတဲ့​ သမ္မတ ဦး​သိန်း​စိန်ဟာ အဲဒီကို သတင်း​ယူဖို့​ ​ရောက်​နေတဲ့​ မြန်မာသတင်း​ထောက်​တွေကို သီး​သန့်​ သတင်း​စာရှင်း​ပွဲတခု လုပ်​ပေး​ခဲ့​ပါတယ်။ ဒါဟာ စစ်အစိုး​ရ လက်ထက်က​ရော လက်ရှိ အရပ်ဝတ်အစိုး​ရ လက်ထက်မှာပါ နိုင်ငံ့​နံပါတ် ၁ ​ခေါင်း​ဆောင် တ​ယောက်အ​နေနဲ့​ ပထမဦး​ဆုံး​အကြိမ်အဖြစ် သတင်း​ထောက်​တွေ ​မေး​မြန်း​တာကို ​ဖြေကြား​တာ ဖြစ်ပါတယ်။ ဒီလို ​မေး​တာ ​ဖြေတာ​တွေကို ဘီဘီစီ၊​ ဗွီအို​အေ၊​ အာရ်အက်ဖ်​အေ၊​ ဒီဗွီဘီ အသံလွှင့်​ဌာန​တွေက အသံလွှင့်​ထုတ်ခဲ့​လို့​ ပြည်တွင်း​က ​ရေဒီယို နား​ထောင်သူ​တွေ ကြား​ခဲ့​ကြရပါတယ်။ ​နောက်ပိုင်း​ ရန်ကုန်တိုင်း​မ် ဂျာနယ်က ပုံနှိပ်​ဖော်ပြလို့​ ဖြတ်​တောက်ထား​တာ တချို့​တ​လေကလွဲပြီး​ အများ​စုကို စာဖတ်သူ​တွေ ဖတ်ခွင့်​ရခဲ့​ကြပါတယ်။ အဲဒီမှာ သမ္မတ ဦး​သိန်း​စိန် ဘာ​တွေ ​ပြောခဲ့​လဲ။ အရင် သူ​ပြောခဲ့​တဲ့​ မိန့်​ခွန်း​တွေနဲ့​ နှိုင်း​ယှဉ်ရင် ဘာ​တွေ ကွာခြား​ချက် ရှိ​နေသလဲ ဆိုတာကို ​ဆွေး​နွေး​တင်ပြသွား​မှာ ဖြစ်ပါတယ်။ ရန်ကုန်မှာ​တော့​ ဒီ သမ္မတရဲ့​ ​ဖြေကြား​ချက်​တွေကို ကြား​ခဲ့​ရသူ အများ​စုက​တော့​ စိတ်ပျက်လက်ပျက် ဖြစ်ကုန်တာ ​တွေ့​ရပါတယ်။ အရင် စစ်အာဏာရှင်လက်ထက်က ဝန်ကြီး​ချုပ်ရာထူး​ ရယူခဲ့​တဲ့​ ဗိုလ်ချုပ်ကြီး​ဟောင်း​တ​ယောက်ရဲ့​ မူလ ဇာတ်ရုပ် ​ပေါ်လာပြီလို့​ ​ဝေဖန်သူ​တွေကလည်း​ ​ဝေဖန်ကြပါတယ်။ တချို့​က​တော့​ သူ့​သ​ဘောထား​ အရင်း​ခံက​တော့​ အခု သတင်း​ထောက်​တွေကို ​ဖြေထား​တဲ့​ အတိုင်း​ပါပဲ။ အရင်အကြိမ်​တွေတုန်း​က​တော့​ ကြိုတင်​ရေး​ထား​တာကို ဖတ်တဲ့​အတွက် အ​တော်​လေး​ယဉ်​ကျေး​နေတာ ဖြစ်ပါလိမ့်​မယ် ဆိုပြီး​ မှတ်ချက်​ပေး​တာမျိုး​လည်း​ ရှိပါတယ်။ ဆို​တော့​ သမ္မတ ဘာ​တွေ ​ဖြေခဲ့​သလဲ ဆိုတာ ကြည့်​ကြရ​အောင်ပါ။ သမ္မတ ဦး​သိန်း​စိန် ​ဖြေထား​တဲ့​ဆီမှာ ပြည်သူ​တွေ သိချင်​နေကြတဲ့​ အဓိက အချက်ကြီး​ ၃ ချက်​လောက် ပါပါတယ်။ ပထမ တချက်က​တော့​ နိုင်ငံ​ရေး​အကျဉ်း​သား​တွေ ထပ်လွှတ်ဦး​မှာလား​။ ​နောက်ထပ် ဘယ်​တော့​လောက် လွှတ်​ပေး​ဦး​မှာလဲ ဆိုတာ။ လက်ရှိ ​ကေအိုင်​အေ အပါအဝင် တိုင်း​ရင်း​သား​တွေနဲ့​ ဖြစ်ပွား​နေတဲ့​ စစ်ပွဲနဲ့​ ပတ်သက်ပြီး​ ထား​ရှိတဲ့​ သ​ဘောထား။ ​နောက်ဆုံး​တခုက​တော့​ ​ဒေါ်​အောင်ဆန်း​စုကြည်နဲ့​ ​နောက်ထပ် ​တွေ့​ဆုံကြဦး​မလား​ ဆိုတာ​တွေပဲ ဖြစ်ပါတယ်။ ယုံကြည်ချက်​ကြောင့်​ အကျဉ်း​ကျ​နေသူ​တွေကို ထပ်လွှတ်​ပေး​မလား​လို့​ ​မေး​တာကို ​ဖြေပုံက ရှင်း​ပါတယ်။ သူ့​စကား​လုံး​ အတိအကျဆိုရင် ယုံကြည်ချက်​ကြောင့်​ဆိုတဲ့​ဟာက​တော့​ ​ပြောရမှာခက်တယ်။ ကျ​နော်တို့​က ယုံကြည်ချက် ဆိုတာက​တော့​ လက်မခံဘူး​။ ဥပ​ဒေတခုခုကို ကျူး​လွန်ထား​တဲ့​အတွက်​ကြောင့်​ ကျ​နော်တို့​က ဒါ အ​ရေး​ယူထား​တာဖြစ်ပါတယ်။ သူ့​လိုပဲ ပြစ်မှု ကျူး​လွန်ထား​တဲ့​သူ​တွေလည်း​ အကျဉ်း​ထောင်ထဲမှာ အများ​ကြီး​ရှိတယ်။ ဒီအဖွဲ့​အတွက်ပဲ ခင်ဗျား​တို့​ပြောမယ်ဆိုရင် ကျန်တဲ့​အဖွဲ့​တွေအတွက်ပါ ခင်ဗျား​တို့​ ကိုယ်ချင်း​မစာရာ ကျမယ် ဆိုပြီး​ ​ဖြေသွား​ပါတယ်။ သူ​ဖြေတာ ရှင်း​ပါတယ်။ ဒါ့​အပြင် သူတို့​ ​ရှေ့​မှာ လုပ်ခဲ့​ကိုင်ခဲ့​သမျှဟာလည်း​ သူတို့​ ​ပြောတဲ့​အတိုင်း​ပဲ ဆိုတာ ရှင်း​ပါတယ်။ ​နောက်ဆုံး​ လွတ်လာတဲ့​ နိုင်ငံ​ရေး​အကျဉ်း​သား​ ၂၀၀ ​ကျော်ထဲမှာ ကိုဇာဂနာ၊​ ဗိုလ်ချုပ်​ဆေထင်နဲ့​ မစုစု​နွေး​ တို့​ ၃ ဦး​ကလွဲရင် ကျန်သူ​တွေအား​လုံး​ဟာ မတရား​ ချမှတ်ထား​တဲ့​ ​ထောင်ဒဏ်​တွေကို အနည်း​ဆုံး​ တဝက်ကျခံပြီး​မှသာ အခြား​ရာဇဝတ်သား​တွေနည်း​တူ လွတ်လာတာပါ။ အများ​စုဆိုရင် ​ထောင်ထဲမှာ နှစ်ရှည်လများ​ ဒုက္ခခံခဲ့​ပြီး​မှ လွတ်လာသူ​တွေ ဖြစ်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် သမ္မတရဲ့​ ဒီ​ပြောဆိုချက်​ကြောင့်​ နိုင်ငံ​ရေး​အကျဉ်း​သား​ မိသား​စု​တွေ​ရော၊​ နိုင်ငံ​ရေး​သမား​တွေ အပါအဝင် ပြည်သူ​တွေကို စိတ်ပျက်​စေပါတယ်။ ဒါကိုကြည့်​ခြင်း​အား​ဖြင့်​ လက်ရှိ ဦး​သိန်း​စိန် အစိုး​ရဟာ အမျိုး​သား​ ပြန်လည်စည်း​လုံး​ညီညွတ်​ရေး​ကို လုပ်​ဆောင်မ​နေဘူး​ဆိုတာ ​ပေါ်လွင်​စေပါတယ်။ နောက်တချက်က​တော့​ လက်နက်စွဲကိုင် ​တော်လှန်​နေတဲ့​ တိုင်း​ရင်း​သား​တွေနဲ့​ ငြိမ်း​ချမ်း​ရေး​ ရ​ရေး​ပါ။ ဦး​သိန်း​စိန် ​ဖြေတာက အ​တော်​လေး​ ဆိုး​ပါတယ်။ တိုင်း​ရင်း​သား​တွေ လက်နက်စွဲကိုင် ​တော်လှန်​နေတာဟာ အလုပ်အကိုင်မရှိလို့​ ထမင်း​မဝလို့​ ဖြစ်ရတယ်။ ထမင်း​ဝ​အောင် အလုပ်အကိုင်​တွေ ရှိလာ​အောင် စက်မှုဇုန်​တွေ ​ထောင်​ပေး​လိုက်ရင် ဒီပြဿနာ ​ပြေလည်သွား​မယ်ဆိုပြီး​ လက်လွတ်စပယ် ​ပြောဆိုခဲ့​တာ ဖြစ်ပါတယ်။ ​နောက်ပြီး​ လက်ရှိ ဖြစ်ပွား​နေတဲ့​ ​ကေအိုင်​အေနဲ့​ တိုက်ပွဲ​တွေနဲ့​ ပတ်သက်ပြီး​တော့​လည်း​ ​ကေအိုင်​အေ ကသာ တဖက်သတ် ဆိုး​သွမ်း​နေလို့​ စစ်တပ်က ခုခံ​နေရတယ် ဆိုတဲ့​သ​ဘော ​ပြောပြန်ပါတယ်။ သူ့​စကား​လုံး​ အတိအကျဆိုရင် သူတို့​က လမ်း​တွေ​ပေါ်မှာ ​နေရာယူထား​၊​ ဘာယူထား​လုပ်​နေတယ်။ လုပ်​နေ​တော့​ တပ်ရဲ့​ အကူအညီ ​တောင်း​ရတယ်။ ​တောင်း​တော့​ တပ်က ခင်ဗျား​တို့​ ဖယ်​ပေး​ပါ။ လမ်း​တွေပြင်ဖို့​ ပြုဖို့​ပါဆို​တော့​ မရဘူး​။ မရ​တော့​ ရှင်း​ရင်း​လင်း​လင်း​နဲ့​ တိုက်ပွဲ​တွေဖြစ်​နေတာ၊​ ကျ​နော်တို့​ သူတို့​ကို အပြတ်​ပြောထား​တယ်။ ခင်ဗျား​တို့​ကို တိုက်လို့​ရှိရင် ရက်ပိုင်း​ နာရီပိုင်း​ တိုက်လို့​ ရတယ်၊​ ဒါ​ပေမယ့်​ မတိုက်ပါဘူး​ဆိုပြီး​ ​ပြောခဲ့​ပါတယ်။ ဒီစကား​တွေကိုကြည့်​ရင် တိုင်း​ရင်း​သား​အခွင့်​အ​ရေး​၊​ လူ့​အခွင့်​အ​ရေး​ ကိစ္စ​တွေကို အသိအမှတ်မပြုတာ စစ်ဗိုလ်ချုပ်​ဟောင်း​ပီပီ စစ်မာန်တက်​နေတာ ​ပေါ်လွင်​နေပါတယ်။ နှစ်​ပေါင်း​ ၅၀၊​ ၆၀ တိုင်​အောင် တိုက်မနိုင်တဲ့​ တိုင်း​ရင်း​သား​ လက်နက်ကိုင်တပ်ဖွဲ့​တွေကို နာရီပိုင်း​ ရက်ပိုင်း​ တိုက်လို့​ရတယ် ဆိုပြီး​ ​ပြောလိုက်တာဟာ တိုင်း​ရင်း​သား​တွေကို ပိုပြီး​ မခံချိမခံသာ အမုန်း​ပွား​စေရုံကလွဲပြီး​ ဘာမှ ထူး​မလာ​စေပါဘူး​။ နောက်ထပ် အ​ရေး​ကြီး​တာ တခုဖြစ်တဲ့​ ​ဒေါ်​အောင်ဆန်း​စုကြည်နဲ့​ ဆက်ပြီး​ ​ဆွေး​နွေး​မလား​ ဆိုတာကိုလည်း​ တိကျတဲ့​ အ​ဖြေ မ​ပေး​ခဲ့​ပါဘူး​။ ဦး​သိန်း​စိန် ​ပြောတဲ့​စကား​ထဲမှာ သူတို့​က ​ပြောင်း​လဲလိုက်​တော့​မှ ​ဒေါ်​အောင်ဆန်း​စုကြည် ကိုယ်တိုင် လိမ္မာ လာသ​ယောင်​ယောင် အ​ပြောမျိုး​ ​ပြောထား​ပါ​သေး​တယ်။ တကယ်​တော့​ ​ဒေါ်​အောင်ဆန်း​စုကြည်ဟာ နဂိုကတည်း​က ​တွေ့​ဆုံ​ဆွေး​နွေး​ရေး​ တိုင်း​ပြည်ပြဿနာကို ငြိမ်း​ချမ်း​စွာ အ​ဖြေရှာ​ရေး​ ​ပြောဆိုခဲ့​သူပါ။ အခု အရပ်ဝတ်အစိုး​ရက နည်း​နည်း​လေး​ဆွေး​နွေး​လာတာနဲ့​ကို ​ဒေါ်​အောင်ဆန်း​စုကြည်က တိုင်း​ပြည်နဲ့​ ပြည်သူ​တွေအ​ပေါ်ထား​တဲ့​ သူ့​ရဲ့​ ​စေတနာကို ပြလိုက်တာပါ။ ဦး​သိန်း​စိန် အစိုး​ရ လိုက်​လျောတာထက် အများ​ကြီး​ပိုတဲ့​ ​စေတနာကို ပြ​နေတာသာ ဖြစ်ပါတယ်။ ခြုံပြီး​ပြောရရင် သမ္မတ ဦး​သိန်း​စိန်အ​နေနဲ့​ ထိုင်​နေရင် အ​ကောင်း​သား​ဆိုတာလို သူ့​မိန့်​ခွန်း​နား​ထောင်ပြီး​ ပြည်သူ​တွေ ချီး​ကျူး​နေတာ​တွေတင် ရပ်မထား​ဘဲ သတင်း​စာရှင်း​ပွဲ လုပ်ပြီး​ သ​ဘောထား​ အမှန်​တွေ ​ပြောလိုက်​တော့​မှ ပြည်သူ​တွေ စိတ်ပျက်လက်ပျက် ဖြစ်ကုန်တာ ဘာမှ မဆန်း​ပါဘူး​။ စစ်ဗိုလ်ချုပ်​ဟောင်း​ တ​ယောက်ရဲ့​ နဂို ဇာတိရုပ် ​ပေါ်လာတယ်ဆိုပြီး​ ​ဝေဖန်တာ​တွေကိုလည်း​ မှား​တယ်လို့​ မဆိုနိုင်ပါ​ကြောင်း​ တင်ပြလိုက်ရပါတယ်။

A d v e r t i s e m e n t With Us

More News
Up