အညိုရောင်မြွေကြီးက စပါးကြီးမြွေကို ပြန်မျို (ရုပ်သံ)

ကြီးမားလှတဲ့ မြွေအညိုရောင် တစ်ကောင်က စပါးကြီးမြွေတစ်ကောင်ကို သူရဲ့အစာအဖြစ် အချိန်ကြာအောင် မျိုနေတဲ့ ရုပ်သံဗွီဒီယိုကို မေရာရဲ့ ဇန်နဝါရီလ ၃ ရက်နေ့သတင်းမှာ ဖော်ပြထားပါတယ်။ ဇန်နဝါရီလ ၂ ရက်နေ့က မြွေဖမ်းသူ နော်မာန်နဲ့ ဆယ်လီဟေးလ်တို့ကို ကွင်းစ်လန်၊ အစ်ပ်ဆွစ်ခ်ျနားက အိမ်က သူတို့ကို ခေါ်လို့သွားရင်း ဆာလောင်နေတဲ့ မြွေကြီးကို တွေ့ခဲ့တာပါ။ “ကျမတို့ ဒါမျိုး အရင်က တစ်ခါမှ မတွေ့ဖူးဘူး။ ဒါက မြွေဖမ်းသမားတွေအတွက် မြင်ရဖို့ အခွင့်အရေး တစ်ခုဖြစ်တဲ့ အရမ်းကိုဖြစ်ခဲတဲ့ ဖြစ်ရပ်ပဲလို့” ဆယ်လီက သြစတြေးလျအေဘီစီသတင်းကို ပြောခဲ့ပါတယ်။ ဆယ်လီနဲ့ နော်မာန်တို့ ၂ ဦးဟာ မြွေအညိုရောင်ကြီးက စပါးကြီးမြွေကို တကိုယ်လုံး မျိုချနေတာကို နာရီတော်တော်ကြာတဲ့အထိ စောင့်ကြည့်ခဲ့ပါတယ်။ မြွေကြီးက ဒီလိုမြွေကို ပြန်မျိုလိုက်တာက အစားအသောက်အတွက် အပြိုင်အဆိုင် ရှာဖွေနေရတဲ့ မြွေအရေအတွက် များလာတာကြောင့် ဖြစ်မယ်လို့ မြွေဖမ်းတဲ့စုံတွဲက ယူဆနေကြပါတယ်။ မြွေအညိုတွေက ပုံမှန်အားဖြင့် ကြွက်တွေ ဖားတွေ အိမ်မြှောင်တွေကို စားတာပါ။ ဒါပေမယ့် သူတို့အရမ်းဆာလောင်လာတဲ့အခါ သူတို့လိုမြွေတွေကို ပြန်မျိုတယ်လို့ ဆိုပါတယ်။ မြွေအညိုရောင်တွေဟာ ၂၀၁၅ ခုနှစ်ကတည်းက ၂ ဆဖြစ်လာတယ်လို့ မြွေဖမ်းသူ ဆယ်လီက ပြောပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up