Home
ဆောင်းပါး
ထား​ဝယ်အထူး​စီး​ပွား​ရေး​ဇုန်နှင့်​ မြန်မာ့​ဖွံ့​ဖြိုး​တိုး​တက်မှု- အပိုင်း​ (၅)
DVB
·
November 24, 2011
ထိုင်း​နိုင်ငံက မက်တဖွတ် Map Ta Phut စက်မှုဇုန်၏ သဘာဝပတ်ဝန်း​ကျင်နှင့်​ ပြည်သူ့​ကျန်း​မာ​ရေး​ပြဿနာများ ထိုင်း​ပင်လယ်​ကွေ့​ဒေသက ရ​ယောင်း​ (Rayong) ​ဒေသဟာ ထား​ဝယ်လိုပဲ ​ဖြောင့်​တန်း​လှပတဲ့​ သဲဖြူ ပင်လယ်ကမ်း​ခြေတခုကို ပိုင်ဆိုင်ထား​ပါတယ်။ ၁၉၈၀ ပြည့်​လွန်နှစ်​တွေ အ​စောပိုင်း​ကာလ ထိုင်း​ပင်လယ်​ကွေ့​မှာ သဘာဝဓာတ်​ငွေ့​သိုက် ​တွေ့​ရှိခဲ့​ချိန်ကစလို့​ ပင်လယ်ငါး​ဖမ်း​လုပ်ငန်း​၊​ စိုက်ပျိုး​ရေး​လုပ်ငန်း​တွေနဲ့​ အသက်​မွေး​ဝမ်း​ကျောင်း​ပြု​နေတဲ့​ ဒီ​ဒေသဟာ စက်မှုလုပ်ငန်း​တွေရဲ့​ ဗဟိုချက်အဖြစ် အကြီး​အကျယ် ​ပြောင်း​လဲခဲ့​ပါတယ်။ [caption id="attachment_18253" align="aligncenter" width="594" caption="Map Ta Phut စက်မှုဇုန်တည်ရှိရာ ကမ်းခြေကို ​ရေတိုက်စားခံနေရပုံနဲ့​ ပင်လယ်ထဲမှာ တည်ဆောက်ထားတဲ့​ ​ကျောက်မီးသွေးဓာတ်အားပေးစက်ရုံ"][/caption] အဲဒီအချိန်ကာလမှာ ထိုင်း​နိုင်ငံဟာ ကမ္ဘာ့​ရေနံ​ဈေး​ကြီး​မြင့်​မှု ပြဿနာနဲ့​ ရင်ဆိုင်​နေရသလို၊​ ထိုင်း​ဘတ်​ငွေတန်ဖိုး​ဟာလည်း​ အ​မေရိကန်​ဒေါ်လာ၊​ ဂျပန်ယန်း​ငွေတန်ဖိုး​တို့​နဲ့​ ယှဉ်ရင် အ​တော်​လေး​ ကျဆင်း​နေချိန်လည်း​ ဖြစ်ပါတယ်။ နိုင်ငံတွင်း​ ထုတ်လုပ်မှုစရိတ် ကြီး​မြင့်​လာတဲ့​ ဂျပန်၊​ ​တောင်ကိုရီး​ယား​နဲ့​ ထိုင်ဝမ်တို့​လို ဖွံ့​ဖြိုး​ပြီး​စ အ​ရှေ့​အာရှနိုင်ငံ​တွေက စက်မှုလုပ်ငန်း​ရှင်​တွေဟာ ထုတ်လုပ်မှုစရိတ် သက်သာတဲ့​ အ​ရှေ​တောင်အာရှနိုင်ငံ​တွေမှာ ရင်း​နှီး​မြှုပ်နှံဖို့​ ရှာ​ဖွေ​နေချိန်လည်း​ ဖြစ်ပါတယ်။ ဒီအ​ခြေအ​နေ​တွေကို သုံး​သပ်မိတဲ့​ ထိုင်း​အစိုး​ရဟာ ရင်ဆိုင်​နေရတဲ့​ စီး​ပွား​ရေး​ အခက်အခဲကို ​ကျော်လွှား​နိုင်မယ့်​ အခွင့်​အလမ်း​တရပ်အဖြစ် သဘာဝဓာတ်​ငွေ့​သိုက် တည်ရှိရာ ထိုင်း​ပင်လယ်​ကွေ့​ ရ​ယောင်း​ခရိုင်မှာ အ​ရှေ့​ဘက်ပင်လယ်ကမ်း​ခြေဖွံ့​ဖြိုး​ ​ရေး​ (Eastern Seaboard Development Plan) အမည်ရှိတဲ့​ ဖွံ့​ဖြိုး​ရေး​စီမံကိန်း​ တရပ်ကို အ​ကောင်အထည် စ​ဖော်ခဲ့​ပါတယ်။ မက်တဖွတ် (Map Ta Phut) ​ဒေသကို စက်မှုဇုန်ထူ​ထောင်ပြီး​ အ​ရှေ့​အာရှနိုင်ငံ​တွေဆီက အရင်း​အနှီး​တွေ ထိုင်း​နိုင်ငံတွင်း​ စီး​ဝင်လာ​အောင် လုပ်နိုင်ခဲ့​ပါတယ်။ မက်တဖွတ် စက်မှုဇုန်မှာ အ​ခြေခံအ​ဆောက်အုံ​တွေ တည်​ဆောက်ဖို့​ ရင်း​နှီး​မြှုပ်နှံမှုဟာ ထိုင်း​ဘတ်​ငွေ သန်း​ပေါင်း​ ၃၇၀,၀၀၀ ရှိခဲ့​ပါတယ်။ လက်ရှိ ​ဒေါ်လာ​ဈေး​နဲ့​တွက်ရင် ​ဒေါ်လာ သန်း​ပေါင်း​ ၁၂,၀၀၀ (၁၂ ဒသမ ၅ ဘီလျံ) ရှိပါ တယ်။ ဒါ​ကြောင့်​ ထား​ဝယ်​ရေနက်ဆိပ်ကမ်း​နဲ့​ စက်မှုဇုန်ရဲ့​ အ​ခြေခံအ​ဆောက်အအုံ တည်​ဆောက်မှုမှာ ရင်း​နှီး​မြှုပ်နှံမှုပမာဏချင်း​ သိပ်မကွာပါဘူး​။ အလား​တူပဲ မက်တဖွတ် တည်​ဆောက်​ရေး​ လုပ်ငန်း​တွေမှာ အဓိကပါဝင်ခဲ့​တာဟာ ထား​ဝယ်စီမံကိန်း​ကို အ​ကောင်အထည်​ဖော်​နေတဲ့​ အီတာလျံ-ထိုင်း​ကုမ္ပဏီ ဖြစ်ပါတယ်။ ကုမ္ပဏီရဲ့​ ထား​ဝယ်စီမံကိန်း​ မန်​နေဂျင်း​ ဒါရိုက်တာ ဆွမ်ချက် တီနာ​ပေါင် (Somchet Thinaphong) ဟာလည်း​ မယ့်​တဖွတ် စက်မှုဇုန်စီမံကိန်း​ ​ရေး​ဆွဲတဲ့​အထဲမှာ ပါဝင်ခဲ့​သူတဦး​ ဖြစ်ပါတယ်။ အဲ့​ဒါ​ကြောင့်​ မြန်မာနိုင်ငံမှာ တည်​ဆောက်မယ့်​ ထား​ဝယ်အထူး​စီး​ပွား​ရေး​ဇုန်ဟာ မက်တဖွတ်နဲ့​ နှိုင်း​စာရင် ဆယ်ဆ​လောက် ကြီး​မား​တာကလွဲပြီး​ တည်​ဆောက်မယ့်​ စက်ရုံအမျိုး​အစား​၊​ ကနဦး​ ရင်း​နှီး​မြှုပ်နှံမှု၊​ ​ရေ​မြေ အ​နေအထား​နဲ့​ ​ဒေသခံပြည်သူ​တွေရဲ့​ လူမှုစီး​ပွား​ဘဝအ​ခြေအ​နေဟာ အ​တော်​လေး​ ဆင်တူတာ ​ကြောင့်​ မြန်မာပြည်သူ​တွေနဲ့​ အထူး​သဖြင့်​ ထား​ဝယ်​ဒေသခံ​တွေအ​နေနဲ့​မက်တဖွတ် စက်မှုဇုန်ရဲ့​ အကျိုး​သက်​ရောက်မှု​တွေကို သိထား​သင့်​ပါတယ်။ နှစ်​ပေါင်း​ ၂၀ ကြာပြီး​နောက် မက်တဖွတ် စက်မှုဇုန်ဟာ ထိုင်း​နိုင်ငံရဲ့​ စီး​ပွား​ရေး​ အသက်​သွေး​ကြော ဖြစ်လာပြီး​ တိုင်း​ပြည်ရဲ့​ အသား​တင်ထုတ်လုပ်မှု (GDP) ကို အဓိကမြှင့်​တင်​ပေး​တဲ့​ ​ဒေသလည်း​ ဖြစ်လာပါတယ်။ တချိန်တည်း​မှာပဲ ထိုင်း​လူမှုအဖွဲ့​အစည်း​တွေနဲ့​ သဘာဝပတ်ဝန်း​ကျင်ထိန်း​သိမ်း​ရေး​ လှုပ်ရှား​မှုအဖွဲ့​တွေကြား​မှာ ထိုင်း​နိုင်ငံရဲ့​ အကြီး​ဆုံး​စက်မှုဇုန်ကြီး​ ဖြစ်လာတဲ့​ မက်တဖွတ်ဟာ ဓာတုအဆိပ်မျိုး​စုံ ခြုံလွှမ်း​နေတဲ့​ ​ဒေသကြီး​တခုအဖြစ် ရှုမြင်လာကြပါတယ်။ [caption id="attachment_18254" align="aligncenter" width="592" caption="Map Ta Phut စက်မှုဇုန်တည်ရှိရာ ရ​ယောင်းဒေသက ကမ်းခြေတ​လျှောက်လုံး ​ရေတိုက်စားခံထားရပုံကို Google Earth မှ မြင်တွေ့ရပုံ "][/caption] “ထိုင်း​နိုင်ငံကို လူသား​တဦး​အ​နေနဲ့​ သ​ဘောထား​မယ်ဆိုရင် မက်တဖွတ်ဟာ ကင်ဆာပါပဲ။ ခင်ဗျား​ရဲ့​ခန္ဓာကိုယ်ထဲမှာ ကင်ဆာဖြစ်​နေမှန်း​ အစပထမ​တော့​ သတိပြုမိမှာ မဟုတ်ပါဘူး​။ ဒါ​ပေမယ့်​ ခင်ဗျား​သတိပြုမိလိုက်တဲ့​အချိန်မှာ ကုသဖို့​ သိပ်ခက်ခဲသွား​ပါပြီ” လို့​ မက်တဖွတ်​ဒေသမှာ နှစ်ရှည်လများ​ ​နေထိုင်ခဲ့​ဖူး​တဲ့​ ဘန်​ကောက်အ​ခြေစိုက် Greenpeace Southeast Asia (GPSEA) ရဲ့​ ထိုင်း​နိုင်ငံဆိုင်ရာကိုယ်စား​လှယ် တာရာ ဘူအာခမ်စရီ (Tara Buakamsri) က ရှင်း​ပြပါတယ်။ မက်တဖွတ် စက်မှုဇုန်ကို စတင်လည်ပတ်ပြီး​ ၁၀ နှစ်​လောက်အကြာ ၁၉၉၇ ခုနှစ်မှာ ​ဒေသခံပြည်သူ​တွေကို အကြီး​အကျယ် တုန်လှုပ်သွား​စေတဲ့​ ဖြစ်ရပ်တခု ​ပေါ်​ပေါက်ခဲ့​ပါတယ်။ ​ရေနံချက်စက်ရုံတခုနဲ့​ ခြံစည်း​ရိုး​ပဲခြား​တဲ့​ စာသင်​ကျောင်း​ တခုက ​ကျောင်း​သား​နဲ့​ ဆရာဆရာမ ၁,၀၀၀ ​လောက် အဆိပ်သင့်​ ဓာတ်​ငွေ့​တွေ ပါတဲ့​လေကို ရှူရှိုက်မိလို့​ ​ဆေး​ရုံတင်လိုက်ရပါတယ်။ အဲဒီဖြစ်ရပ်​နောက်ပိုင်း​မှာ​တော့​ စက်မှုဇုန်​ကြောင့်​ ​လေထုနဲ့​ရေထု ညစ်ညမ်း​လာတာကို ဆန့်​ကျင်တဲ့​လှုပ်ရှား​မှု​တွေ ​ဒေသခံပြည်သူ​တွေနဲ့​ လူမှုအဖွဲ့​အစည်း​တွေအကြား​ စတင်ခဲ့​ကြပါတယ်။ အဲဒီနှစ်ထဲမှာပဲ Greenpeace ဟာ Campaign for Alternative Industry Network (CAIN) နဲ့​ Global Community Monitor (GCM) စတဲ့​ ထိုင်း​လူမှုအဖွဲ့​အစည်း​တွေနဲ့​ ပူး​ပေါင်း​ပြီး​ မက်တဖွတ် ​လေထုနဲ့​ရေထုကို သိပ္ပံနည်း​ကျ စမ်း​သပ် စစ်​ဆေး​လေ့​လာမှု​တွေ လုပ်ခဲ့​ပါတယ်။ ​နောက်ပြီး​ Thailand’s Air: Poison Cocktail ဆိုတဲ့​ အစီရင်ခံစာတ​စောင် ထုတ်ပြန်ခဲ့​ပါတယ်။ အစီရင်ခံစာအရ မက်တဖွတ်စက်မှုဇုန်မှာ ကင်ဆာ​ရောဂါဖြစ်​စေတဲ့​ Carcinogenic ဒြပ်​ပေါင်း​ ၂၀ ထဲက ၁၉ မျိုး​ဟာ ​လေထုထဲရှိသင့်​တာထက် အဆ​ပေါင်း​များ​စွာ များ​ပြား​နေတာကို ​တွေ့​ရှိခဲ့​ပါတယ်။ အဲ့​ဒါ ​ကြောင့်​ လည်း​ အစီရင်ခံစာကို Poison Cocktail လို့​ အမည်တပ်ခဲ့​ပါတယ်။ ၂ဝဝ၇ ခုနှစ်မှာ ထိုင်း​ကျန်း​မာ​ရေး​ဌာနက မက်တဖွတ်​ဒေသခံ ၂,၁၇၇ ဦး​ကို စမ်း​သပ်ပါတယ်။ အဲဒီအထဲက လူ​ပေါင်း​ ၃၀၀ မှာ Benzene Level ထူး​ထူး​ကဲကဲ မြင့်​မား​နေတာ ​တွေ့​ခဲရပါတယ်။ မက်တဖွတ်​ဒေသအတွင်း​ အများ​ပြည်သူသုံး​စွဲတဲ့​ ​ရေတွင်း​ရေကန် ၂၅ ခုက ​ရေနမူနာ​တွေကို ဓာတ်ခွဲစမ်း​သပ်ခဲ့​ရာမှာလည်း​ သံဓာတ် ၁၅၁ ဆ၊​ ခဲဓာတ် ၄၇ ဆ၊​ မန်ဂနိစ် ၃၄ ဆ၊​ ဇင့်​ ၁၀ ဆနဲ့​ ကက်မီယမ် ၆ ဆ ပိုလွန်ပါဝင်​နေတာ ​တွေ့​ရှိခဲ့​ပါတယ်။ ဆေး​သိပ္ပံပညာရှင်​တွေရဲ့​ ​လေ့​လာ​တွေ့​ရှိချက်တခုမှာလည်း​ မက်တဖွတ်စက်မှုဇုန်နဲ့​ ကပ်ရက် ရ​ယောင်း​ခရိုင် (Muang Rayong District) ဟာ တခြား​ဒေသ​တွေထက် ​သွေး​ကင်ဆာ (Leukemia) ဖြစ်ပွား​နှုန်း​ ၅ ဆ မြင့်​မား​နေပါတယ်။ အဆိပ်သင့်​နေတဲ့​ မက်တဖွတ်စက်မှုဇုန်တဝိုက်မှာရှိတဲ့​ ​ကျေး​ရွာ​ပေါင်း​ ၂၅ ရွာရဲ့​ အ​တွေ့​အကြုံအရ နှစ်စဉ် မိုး​ရာသီ​ရောက်လာရင် ပထမဆုံး​ရွာတဲ့​မိုး​ကို သတိထား​ ​ရှောင်ရတယ်လို့​ ​ပြောပါတယ်။ အက်ဆစ်မိုး​ဖြစ်တာ​ကြောင့်​ပါ။ အက်ဆစ်မိုး​ကြောင့်​ စိုက်ခင်း​တွေ၊​ သီး​နှံ​တွေ ပျက်စီး​ထိခိုက်ခဲ့​ပါသည်။ ရေကန်​တွေနဲ့​ ​မြေ​အောက်​ရေ​တွေ အဆိပ်အ​တောက်ဖြစ်​နေတဲ့​အတွက် ပြည်သူ့​ကျန်း​မာ​ရေး​ ထိခိုက်ရတဲ့​ ကိစ္စအ​ပေါ် အရင် ထိုင်း​ဝန်ကြီး​ချုပ် အဖိဆစ် ​ဝေ့​ချာချီဝ (Abhisit Vejjajiva) လက်ထက်တုန်း​က ​ဒေသခံ​တွေစု​ပေါင်း​ပြီး​ အစိုး​ရ ကို တိုင်ကြား​ခဲ့​ပါတယ်။ အစိုး​ရက စစ်​ဆေး​မှု​တွေလုပ်ခဲ့​ပေမယ့်​ စစ်​ဆေး​မှုရဲ့​ရလဒ်ကို ​ဒေသခံ​တွေကို အသိမ​ပေး​ခဲ့​ပါဘူး​။ ဝန်ကြီး​ချုပ်အဖိဆစ်ကိုယ်တိုင် မက်တဖွတ်​ဒေသကို ကြည့်​ရှုစစ်​ဆေး​ဖို့​ ​ရောက်လာစဉ်မှာ ​ဒေသခံ​တွေက ဝန်ကြီး​ချုပ်ကို သူတို့​ဒေသက ​ရေဟာ သန့်​ရှင်း​တယ်ဆိုရင် အခုခပ်လာတဲ့​ရေကို ​သောက်ပြပါလို့​ ​တောင်း​ဆိုခဲ့​ပေမယ့်​ ဝန်ကြီး​ချုပ်က မ​သောက်ခဲ့​ဘူး​လို့​ သိရပါတယ်။ ဒီလို အ​ခြေအ​နေ​တွေ ဆိုး​သထက်ဆိုး​လာ​နေ​ပေမယ့်​ ထိုင်း​ဝန်ကြီး​ချုပ်ဦး​ဆောင်တဲ့​ အမျိုး​သား​ ပတ်ဝန်း​ကျင်​ရေး​ရာ ဘုတ်အဖွဲ့​ National Environmental Board (NEB) အ​နေနဲ့​ မက်တဖွတ်​ဒေသကို ပတ်ဝန်း​ကျင်ညစ်ညမ်း​မှု ထိန်း​ချုပ်ရာ​ဒေသ (Pollution Control Area) အဖြစ် ​ကြေညာဖို့​ ပျက်ကွက်​နေမှုအ​ပေါ် ​ဒေသခံ​တွေက ၂၀၀၇ ခုနှစ်မှာပဲ စတင်တရား​စွဲပါတယ်။ ထိုင်း​နိုင်ငံရဲ့​ ၂၀၀၆ ခုနှစ် ဖွဲ့​စည်း​ပုံအ​ခြေခံဥပ​ဒေအရ အစိုး​ရဟာ သူ့​ရဲ့​တာဝန်ဝတ္တရား​တွေအတိုင်း​ ​ဆောင်ရွက်ဖို့​ ပျက်ကွက်ခဲ့​ရင် နိုင်ငံသား​တွေက ထိုအစိုး​ရကို တရား​စွဲခွင့်​ အခွင့်​အ​ရေး​ပေး​ထား​ပါတယ်။ ၂၀၀၉ ခုနှစ် မတ်လမှာ ရ​ယောင်း​ဒေသတရား​ရုံး​ (Rayong Provincial Administrative Court) က ​ဒေသခံ​တွေရဲ့​ တရား​စွဲဆိုမှုကို အနိုင်​ပေး​ခဲ့​ပြီး​ အစိုး​ရအ​နေနဲ့​ ရက်​ပေါင်း​ ၆၀ အတွင်း​ မက်တဖွတ်စက်မှုဇုန်ကို Pollution Control Area အဖြစ် သတ်မှတ်ဖို့​ အမိန့်​ချမှတ်ပါတယ်။ ညစ်ညမ်း​စက်ရုံ​တွေကိုလည်း​ ရှင်း​လင်း​ခိုင်း​ပါတယ်။ အဲဒီနှစ် စက်တင်ဘာလမှ ထပ်မံတိုး​ချဲ့​တည်​ဆောက်မယ့်​ စက်ရုံ​ပေါင်း​ ၇၆ ရုံကို ရပ်ဆိုင်း​ခဲ့​တဲ့​အတွက် ဘတ်​ငွေ ၄၀၀ ဘီလီယံဖိုး​ ရင်း​နှီး​မြှုပ်နှံမှု​တွေ ရပ်ဆိုင်း​ခဲ့​ရတယ်။ စက်မှုလုပ်ငန်း​ရှင်​တွေဘက်က ပြန်လည်ကြိုး​စား​တဲ့​အတွက် ဒီဇင်ဘာလမှာ တရား​ရုံး​ချုပ် (Supreme Administrative Court) က ပတ်ဝန်း​ကျင် ညစ်ညမ်း​မှုမရှိတဲ့​ စက်ရုံ ၁၁ ရုံကို ပြန်လည်ခွင့်​ပြုခဲ့​ပါတယ်။ ထိုင်း​နိုင်ငံဟာ ဒီမိုက​ရေစီအ​ခြေခံ​တွေ အ​တော်အတန် တည်​ဆောက်ထား​နိုင်ပြီး​ နိုင်ငံသား​အခွင့်​အ​ရေး​ကို ကာကွယ်​စောင့်​ရှောက်ရာမှာ အစိုး​ရကို​တောင် တရား​စွဲပိုင်ခွင့်​ အခွင့်​အ​ရေး​ပေး​ထား​သလို၊​ ထိုင်း​အစိုး​ရကလည်း​ တိုင်း​ပြည်ရဲ့​ သဘာဝပတ်ဝန်း​ကျင်ညစ်ညမ်း​မှုကို ကာကွယ်တဲ့​ ဥပ​ဒေ​တွေ ပြဌာန်း​ထား​ပါတယ်။ ဝန်ကြီး​ချုပ်ကိုယ်တိုင် ဦး​ဆောင်တဲ့​ NEB လို ဥပ​ဒေကို အ​ကောင်အထည်​ဖော်မယ့်​ အဖွဲ့​မျိုး​လည်း​ ဖွဲ့​စည်း​ထား​ပါတယ်။ ဒါ​ပေမယ့်​ နိုင်ငံတကာရင်း​နှီး​မြှုပ်နှံမှု​တွေ များ​များ​ဝင်​ရောက်နိုင်​အောင် စီး​ပွား​ရေး​လုပ်ငန်း​ရှင်​တွေကို မျက်နှာသာ​ပေး​ရတာ​ကြောင့်​ ဥပ​ဒေကို ပြည့်​ပြည့်​ဝဝ အ​ကောင်အထည်မ​ဖော်နိုင်တာ၊​ ဗျူရိုက​ရေစီ အုပ်ချုပ်​ရေး​ယန္တရား​ထဲက အကျင့်​ပျက်ချစား​မှု​တွေနဲ့​ ဖွံ့​ဖြိုး​ပြီး​စက်မှုနိုင်ငံ​တွေက ကုမ္ပဏီကြီး​တွေဟာ သူတို့​နိုင်ငံ​တွေမှာ အသုံး​ပြုတဲ့​ အဆင့်​မြင့်​ စက်မှု နည်း​ပညာကို မက်တဖွတ်မှာ မသုံး​စွဲဘဲ စရိတ်သက်သာတဲ့​ အဆင့်​နိမ့်​နည်း​ပညာ​တွေ သုံး​စွဲခဲ့​တာ​ကြောင့်​ အခုလို သဘာဝပတ်ဝန်း​ကျင်နဲ့​ ပြည်သူ့​ကျန်း​မာ​ရေး​ပြဿနာ​တွေကို အချိန်တိုတိုအတွင်း​ ဆိုး​ဆိုး​ရွား​ရွား​ ခံစား​နေရခြင်း​ဖြစ်တယ်လို့​ ပညာရှင်များ​က Thailand’s Air: Poison Cocktail အစီရင်ခံစာမှာ သုံး​သပ်ထား​ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024