DVB Logo
Home
မြန်မာသတင်း
အဝါ​ရောင်မိုး​ကြောင့်​ ​ဒေသခံများ​ ကျန်း​မာ​ရေး​အတွက် စိုး​ရိမ်
DVB
·
November 24, 2011
အဝါ​ရောင်မိုး​ကြောင့်​ ​ဒေသခံများ​ ကျန်း​မာ​ရေး​အတွက် စိုး​ရိမ်
1 / 3
Donate to DVB

ကချင်ပြည်နယ် မိုး​မောက်မြို့​နယ်အတွင်း​ မိုင်ဂျာယန်​ဒေသနဲ့​အနီး​တဝိုက်မှာ နိုဝင်ဘာ ၂၀ ရက်​နေ့​က အဝါ​ရောင် မိုး​ရွာသွန်း​မှုဖြစ်ပွား​ခဲ့​ပြီး​ ​ဒေသခံ​တွေ ကျန်း​မာ​ရေး​အတွက် စိုး​ရိမ်​နေကြပါတယ်။

အဝါ​ရောင်မိုး​ဟာ ကချင်လွတ်လပ်​ရေး​တပ်မ​တော် တမ်မဟာ ၃ ဌာနချုပ်ဖြစ်တဲ့​ မိုင်ဂျာယန် ​ဒေသတဝိုက် ရွာသွန်း​တာဖြစ်ပြီး​ အဲဒီ​ဒေသမှာ ​နေထိုင်သူ​တွေက ကျန်း​မာ​ရေး​အတွက် စိုး​ရိမ်​နေကြတာပါ။

နိုဝင်ဘာ ၂၀ ရက်က စရွာတဲ့​ အဝါ​ရောင်မိုး​ရေဟာ သစ်ပင်ရွက် ​ပေါ်မှာကျတဲ့​အခါ ​ခြောက်​သွေ့​သွား​တဲ့​ပုံစံဖြစ်​နေတယ်လို့​ မိုင်ဂျာယန် ရွာသား​တဦး​က ​ပြောပါတယ်။

“အဝါ​ရောင်မိုး​က သူက ကျလာတာ ဟင်း​သီး​ဟင်း​ရွက်​တွေအ​ပေါ်မှာ အဝါ​ရောင်​တွေ ကျန်ခဲ့​တယ်။ ဥပမာ မုန်ညင်း​ရွက် ဆိုလို့​ရှိရင် အဲဒီ ​ရေစက်ကျတဲ့​ ​နေရာမှာ အဝါ​ရောင် နည်း​နည်း​ အဝါဖြစ်သွား​တယ်။ အပင်က ​သေသွား​သ​လောက်အထိ​တော့​ မဟုတ်ဘူး​။ ဒါ​ပေမယ့်​ သူကျတဲ့​ ​ဘေး​ပတ်ဝန်း​ကျင်မှာ အဝါ​ရောင်အကွက်​တွေ ဖြစ်သွား​တာ။ မစား​ရဲသလို ဖြစ်​နေတာ​ပေါ့​နော်။ အစ်မတို့​ကိုယ်တိုင်က အစ​ပေါ့​။ အခုက ​ရေတွင်း​ရေပဲ သုံး​နေကြတာ။”

အဝါ​ရောင်မိုး​ဟာ မိုင်ဂျာယန်​ဒေသမှာ သာမက အနီး​အနား​က ရွာ​တွေမှာလည်း​ သွန်း​ခဲ့​တယ်လို့​လည်း​ ဆိုပါတယ်။ ဒါ​ပေမယ့်​ အခုချိန်ထိ​တော့​ အဲဒီ​ဒေသတဝိုက်က ရွာသူရွာသား​တွေ ကျန်း​မာ​ရေး​နဲ့​ပတ်သက်ပြီး​ ထူး​ခြား​ခြား​ထိခိုက်တဲ့​ သတင်း​တွေ​တော့​ မရရှိ​သေး​ပါဘူး​။

သာမာန်မဟုတ်တဲ့​ မိုး​ရွာသွန်း​မှု​တွေ​ကြောင့်​ ​ကေအိုင်အိုက​တော့​ ​ဒေသခံ ပြည်သူ​တွေကို အသီး​အရွက်​တွေ မစား​ကြဖို့​နဲ့​ ​ချောင်း​ရေ​တွေ မ​သောက်ဖို့​ သတိ​ပေး​ထား​ပါတယ်။

ကေအိုင်အို ​ပြောခွင့်​ရသူ ဦး​လနန်း​က “သတိထား​ဖို့​က​တော့​ ကိုယ့်​ရဲ့​တောင်ကုန်း​မှာ စိုက်ထား​တဲ့​ ဟင်း​သီး​ဟင်း​ရွက်ကို မစား​ကြဖို့​ပေါ့​နော်၊​ အဲဒါ အဓိကပါ။ ​နောက်တခုက​တော့​ ဒီရွာ​တွေမှာ သုံး​တဲ့​ရေ​တွေက ​ချောင်း​ရေ​တွေက ပိုက်နဲ့​ သွယ်တန်း​ပြီး​တော့​ ယူတဲ့​ဟာ​တွေ ရှိတယ်။ ​ရေယူတဲ့​ မြစ်ရဲ့​ ​ချောင်း​ဖျား​ဘက်မှာလည်း​ အဲဒီလိုဟာမျိုး​ အဖတ်​တွေ သွား​ပြီး​တော့​ စစ်​ဆေး​တဲ့​အခါ ​တွေ့​ရတဲ့​အတွက်​ကြောင့်​ အဲဒီက ​ရေကို မသုံး​ကြဖို့​တော့​ ​လော​လောဆယ်​တော့​ အဲဒီ​လောက်အထိပဲ သတိ​ပေး​ထား​တယ်။ ဘယ်လို ကာကွယ်ရမယ် ဆိုတဲ့​အပိုင်း​က ကျ​နော်တို့​ဘက်မှာ အဲဒီ​လောက်အထိ​တော့​ လက်လှမ်း​မမီ​သေး​ဘူး​ခင်ဗျ။”

လက်ရှိအစိုး​ရနဲ့​ ကချင်တပ်​တွေအကြား​ ဖြစ်​နေတဲ့​ တိုက်ပွဲအတွင်း​ အစိုး​ရတပ်​တွေဘက် ဓာတုလက်နက် သုံး​တယ်လို့​ ​ကေအိုင်အိုက စွပ်စွဲထား​ပြီး​ အဝါ​ရောင်မိုး​ဟာ ဓါတုလက်နက်နဲ့​ ပတ်သက်ဆက်နွယ်မှာကို စိုး​ရိမ်တာ​ကြောင့်​ ​ဒေသခံ​တွေကို သတိ​ပေး​တာဖြစ်တယ်လို့​ ​ကေအိုင်အိုက ​ပြောပါတယ်။

ဒီသတိ​ပေး​ချက်​တွေ​ကြောင့်​ ​ဒေသခံ​တွေအ​နေနဲ့​က ​သောက်သုံး​ရေအတွက် တွင်း​ရေနဲ့​ အ​ခြောက်အခြမ်း​တွေဖြစ်တဲ့​ ပဲ​တွေ၊​ ငါး​ခြောက်​တွေကိုသား​ စား​သုံး​နေကြရတယ်လို့​ ​ဒေသခံ​တွေက ​ပြောပါတယ်။

ကချင်ပြနယ်ထဲမှာ ပြီး​ခဲ့​တဲ့​ရက်​တွေက မိုး​မရွာသွန်း​ကြောင်း​၊​ မိုး​ ​လေဝသ တိုင်း​ထွာ​ရေး​စခန်း​တွေ မရှိတဲ့​နေရာမှာ ရွာတာဖြစ်​ကောင်း​ ဖြစ်နိုင်တယ်လို့​ အဝါ​ရောင်မိုး​နဲ့​ပတ်သက်ပြီး​ မိုး​လေဝသနဲ့​ဇလ​ဗေဒ ညွှန်ကြား​ရေး​မှူး​ ဦး​ချစ်​ကျော်ကိုက ​ပြောပါတယ်။

အဝါ​ရောင်မိုး​ရွာသွန်း​မှုဟာ တခါတရံဖြစ်​ပေါ်တတ်ပြီး​ သ​ဘောဝပတ်ဝန်း​ကျင်နဲ့​ သက်ဆိုင်တယ်လို့​ အခုလို ရှင်း​ပြပါတယ်။

“မိုး​က​တော့​ အမျိုး​မျိုး​ရွာတတ်ပါတယ်။ သဘာဝပတ်ဝန်း​ကျင်နဲ့​ ဆိုင်ပါတယ်။ တခါတ​လေကျ​တော့​လည်း​ မိုး​ထဲမှာ အမှိုက်​တွေဘာ​တွေ ခဲ​လေး​တွေကအစ ပါလာတတ်ပါတယ်။ အဲဒီလိုမျိုး​ ဖြစ်တာက​တော့​ အ​နောက်ဘက် ဘင်္ဂလား​ဒေ့​ရှ်၊​ အိန္ဒိယ အဲဒီ​နေရာ​တွေမှာ စီမံကိန်း​လုပ်ငန်း​တွေ လုပ်တဲ့​အခါမှာ ဖုန်​တွေက ​လေထဲပါတယ်။ အဲဒီ ကချင်က မြင့်​တော့​ ​လေ​အေး​တွေက အ​ပေါ်က​နေ ​အောက်ကို ဆင်း​လာတဲ့​အခါကျ​တော့​ သူက ​လေး​အေး​နဲ့​ အတူ ​အောက်ကို အမှန်​တော့​ မိုး​တော့​မဟုတ်ဘူး​ပေါ့​ဗျာ နှင်း​ပေါ့​။ နှင်း​လိုဟာမျိုး​ ကျတဲ့​အခါကျ​တော့​ အဲဒီမှာ ဖုန်မှုန့်​တွေ ပါတာ​ပေါ့​။ ပါတဲ့​အခါကျ​တော့​ ​ခြောက်သွား​လို့​ရှိရင် ဖုန်မှုန့်​လေး​တွေ​ပေါ့​ နှုန်း​လေး​တွေဟာမျိုး​တွေ အဲဒါ​လေး​တွေ ဖြစ်ကျန်တာ ဖြစ်မှာပါ။ မိုး​ရွာတာက​တော့​ သဘာဝပတ်ဝန်း​ကျင် အကျိုး​သက်​ရောက်မှုနဲ့​ ဆိုင်ပါတယ်။”

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013