ဗန်းမောက်မြို့နယ်တွင် တရားမဝင် တမလန်းသစ်များ ဖမ်းဆီးရမိ

စစ်ကိုင်းဒေသကြီး၊ ဗန်းမောက်မြို့နယ်မှာ ဇန်နဝါရီလ ၁ ရက်က တရားမဝင် တမလန်းသစ်တန်ချိန် ၇ တန်ကျော် ဖမ်းဆီးရမိခဲ့တယ်လို့ ဒေသခံအာဏာပိုင်တွေထံက စုံစမ်းသိရပါတယ်။   ဗန်းမောက်မြို့နယ် အထွေထွေအုပ်ချုပ်ရေး၊ ရဲတပ်နဲ့ သစ်တောဝန်ထမ်းတွေ ပါဝင်တဲ့ ပူးပေါင်းအဖွဲ့ဟာ သတင်းအရ နားယကာကျေးရွာထိပ်မှာ စောင့်ဆိုင်းပြီး  စက်တောကျေးရွာဘက်မှ မောင်းလာတဲ့ Nissan အမျိုးအစား ၆ ဘီးတပ်ယာဉ်ကို စစ်ဆေးဖို့ ရပ်တန့်ခိုင်းစဉ် အနီးရှိ ဆန်စက်ဝင်းအတွင်းသို့ မောင်းဝင်ပြီး ယာဉ်ပေါ်ပါသူတွေ ထွက်ပြေးတိမ်းရှောင်သွားကြတယ်လို့ သိရပါတယ်။ ယာဉ်ကို စစ်ဆေးရှာဖွေရာမှာ ယာဉ်ပေါ်မှာ တင်ဆောင်လာတဲ့ တမလန်းသစ် ၇ လုံး ၂ ဒဿမ ၀ ၉၆ တန်၊ တမလန်းဒါးရွေတုံး ၂၃ တုံး ၅ ဒဿမ ၂၀၃၀ တန်၊ စုစုပေါင်း ၇ ဒဿမ ၂၉၉ တန် ဖမ်းဆီးရမိပါတယ်။ အဆိုပါယာဉ်နဲ့ တမလန်းသစ်တွေကို ဗန်းမောက်မြို့ သစ်တောဦးစီးရုံးကို ပို့ဆောင်ထားပြီး ထွက်ပြေးတိမ်းရှောင်နေသူတွေနဲ့ ယာဉ်ပိုင်ရှင်တို့ကို ဖော်ထုတ်ဖမ်းဆီးပေးဖို့ ဗန်းမောက်မြို့မရဲစခန်းကို  တောအုပ်မျိုးမြင့်က အမှုဖွင့်တိုင်ကြားထားပါတယ်။ သတင်း - ကိုကျော်(အင်းတော်)

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up