Home
မြန်မာသတင်း
ရန်ကုန်-စစ်တွေကားလမ်းတွင် ပေါက်ကွဲမှုဖြစ်ပွား
DVB
·
January 2, 2017
  ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့နယ် ရန်ကုန်-စစ်တွေကားလမ်း မိုင်တိုင်အမှတ် ၁၆၀ အနီးမှာ ဇန်န၀ါရီ ၁ ရက် ညနေပိုင်းက ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့တယ်လို့ နိုင်ငံတော်အတိုင်ပင်ခံရုံးက သတင်းထုတ်ပါ တယ်။ ပုဏ္ဏားကျွန်းမြို့နယ် ယိုးတရုတ်ကျေးရွာနဲ့ သဲတက်ကျေးရွာကြားမှာ မနေ့ညနေ ၄ နာရီက ပေါက်ကွဲမှုဖြစ်ပွားခဲ့တာဖြစ်ပြီး  လုံခြုံရေးတပ်ဖွဲ့ဝင်တွေက သွားရောက်စစ်ဆေးရာ ပေါက်ကွဲပြီး စနက်တံအိမ်ခေါင်း ၁ခု၊ ဓါတ်ခဲ ၂လုံးဆန့် ဓါတ်ခဲအိမ် ၂ခု၊ ၀ါယာကြိုး သွယ်တန်းထားတဲ့  ပလပ်စတစ်အိတ် ၁ ထုပ်နဲ့  ပေါက်ကွဲပြီး ပလပ်စတစ် အစအနတွေကို တွေ့ရှိခဲ့တယ်လို့ဆိုပါတယ်။ ပေါက်ကွဲမှုကြောင့်လူတွေထိခိုက်သေဆုံးဒဏ်ရာရတာ မရှိသလို ဘယ်သူ့လက်ချက် ဆိုတာကိုလည်းမသိရသေးပါဘူး။ အလားတူ ဇန်န၀ါရီ ၁ ရက် မွန်းလွဲပိုင်းကလည်း မင်းပြားမြို့ ရန်ကုန်-စစ်တွေကားလမ်းအနီးရှိ မေလွမ်းရွာရဲ့  မြောက်ဘက် ၃မိုင်ခန့်အကွာမှာ  လက်လုပ်မိုင်း ၁ လုံး တွေ့ရှိခဲ့တယ်လို့ လည်းဆိုပါတယ်။ အဆိုပါ လက်လုပ်မိုင်းဟာ အရှည် ၄ပေခန့်၊ အချင်း ၂ လက်မခန့်ရှိ သံပိုက်မှာ ပန်နဆိုးနစ် ၉ ဗို့ ဓါတ်ခဲကို ၀ါယာကြိုးနဲ့ ချိတ်ဆက်ပြုလုပ်ထားတဖြစ်ပြီး  ၃ ပေခန့်ရှိ ငါးမူးလုံးသံချောင်း ၄ချောင်းနဲ့ မြေကြီးမှာ ငုတ်ရိုက်တပ်ဆင်ထားတယ်လို့ သတင်းထုတ်ပြန်ချက်မှာဖော်ပြပါတယ်  
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024