DVB Logo
Home
မြန်မာသတင်း
လှိုင်သာယာအလုပ်သမား​များ​ နစ်နာ​ကြေး​ရရှိ​ရေး​အတွက် အဖွဲ့​ချုပ်ကို အကူအညီ​တောင်း
DVB
·
November 24, 2011
လှိုင်သာယာအလုပ်သမား​များ​ နစ်နာ​ကြေး​ရရှိ​ရေး​အတွက် အဖွဲ့​ချုပ်ကို အကူအညီ​တောင်း
Donate to DVB

မော်​တော်ကား​ မ​တော်တဆတိုက်မိမှုအတွင်း​ ဒဏ်ရာရခဲ့​တဲ့​ လှိုင်သာယာအထည်ချုပ်စက်ရုံက အလုပ်သမားတွေဟာ သူတို့​ရဲ့​နစ်နာချက်​တွေကို ကူညီ​ဆောင်ရွက်​ပေး​ဖို့​ အမျိုး​သား​ဒီမိုက​ရေစီအဖွဲ့​ချုပ်ထံ သွား​ရောက် တင်ပြခဲ့​ကြပါတယ်။

ရန်ကုန်တိုင်း​၊​ လှိုင်သာယာ ​ရွှေလင်ပန်း​စက်မှုဇုန်မှာရှိတဲ့​ စိုင်း​မြင့်​ထွန်း​အောင် အထည်ချုပ်စက်ရုံက အထည်ချုပ် အလုပ်သမား​တွေဟာ နိုဝင်ဘာ ၂၃ ရက်က အဖွဲ့​ချုပ်ကို သွား​ရောက်တင်ပြခဲ့​ကြတာပါ။

ပြီး​ခဲ့​တဲ့​ ဩဂုတ်လအတွင်း​က အထည်ချုပ်စက်ရုံဝန်ထမ်း​ ကြိုပို့​ဖယ်ရီကား​နဲ့​ ဝါဝါဝင်း​ကုမ္ပဏီပိုင် သဲတင်တဲ့​ကား​တို့​ တိုက်မိခဲ့​ပြီး​ အလုပ်သမား​ ၇ ဦး​ ​သေဆုံး​ပြီး​ ၃၉ ဦး​ ဒဏ်ရာရခဲ့​ကြပါတယ်။

သေဆုံး​သွား​တဲ့​ သူ​တွေအတွက် အလုပ်ရှင်က ကျပ်ခုနှစ်သိန်း​ ​လျော်​ကြေး​ပေး​ခဲ့​ပေမယ့်​ ဒဏ်ရာရခဲ့​တဲ့​ အလုပ်သမား​တွေကို​တော့​ ​ထောက်ပံ့​ကြေး​ တစုံတရာမ​ပေး​တဲ့​အပြင် အလုပ်ကပါထုတ်ပစ်ခဲ့​တယ်လို့​ အလုပ်သမား​တွေဘက်က လိုက်ပါ​ဆောင်ရွက်​ပေး​နေသူတဦး​က ​ပြောပါတယ်။

ဒီကိစ္စကို အလုပ်သမား ၂၁ ဦး​ လက်မှတ်ထိုး​ပြီး​ သက်ဆိုင်ရာ အလုပ်သမား​ဦး​စီး​ဌာန ညွှန်ချုပ်ထံ နိုဝင်ဘာ ၇ ရက်​နေ့​က စာ​ပေး​ပို့​တိုင်ကြား​ခဲ့​တာကိုလည်း​ အ​ကြောင်း​မပြန်တာ​ကြောင့်​ အခုလို အဖွဲ့​ချုပ်ကို လာ​ရောက်တင်ပြခဲ့​ကြတာဖြစ်ပါတယ်။

သဲကား​ပိုင် ဝါဝါဝင်း​ကုမ္ပဏီက ​လျော်​ကြေး​ ၂၅သိန်း​ပေး​ဖို့​ သ​ဘောတူထား​ပြီး​ အထည်ချုပ်စက်ရုံပိုင်ရှင်က လျစ်လျုရှုပစ်ပယ်ထား​တဲ့​အ​ပေါ် အဖွဲ့​ချုပ်မှာ အလုပ်သမား​အခွင့်​အ​ရေး​တွေနဲ့​ ပတ်သက်ပြီး​ အိုင်အယ်လ်အိုနဲ့​ ဆက်သွယ်​ဆောင်ရွက်​ပေး​နေတဲ့​ ကွန်ရက်က ရန်ကုန်တာဝန်ခံ ဦး​သက်​ဝေက ခုလို​ပြောပါတယ်။

“ယာဉ်တိုက်မှုဖြစ်လို့​ ဝါဝါဝင်း​ကုမ္ပဏီက အလုပ်သမား​တွေ အ​ပေါ်မှာ လူသား​ချင်း​စာနာ ​ထောက်ထား​မှုအရ အကူအညီ​ပေး​ပါမယ်လို့​ ကမ်း​လှမ်း​လာတာ​တော့​ ကျ​နော်တို့​က ကြိုဆိုရမှာ​ပေါ့​။ တကယ်တမ်း​ကျ​တော့​ အလုပ်ရှင်က သူ့​ရဲ့​အလုပ်သမား​တွေအ​ပေါ်မှာ ထိခိုက်ဒဏ်ရာရမှု​တွေနဲ့​ ပတ်သက်လို့​ ​ဆေး​ဝါး​ကုသခွင့်​ပေး​ရမယ်။ ​ဆေး​ဝါး​ကုသခွင့်​ ခံယူ​နေတဲ့​အချိန်မှာ လစာနဲ့​ ခွင့်​ပေး​ရမယ်။ အခုက အဲဒီလို မဟုတ်ဘဲနဲ့​ အလုပ်က ထုတ်တယ်ဆိုတာ​တွေကို ကျ​နော်တို့​ သိရတယ်။ ဒါဟာ တရား​မျှတမှု မရှိဘူး​။ ဒါက အလုပ်သမား​တွေရဲ့​ အခွင့်​အ​ရေး​ကို မျက်ကွယ်ပြုရာ​ရောက်တယ်လို့​ ကျ​နော်တို့​က ​ပြောချင်တယ်။”

အပြည်ပြည်ဆိုင်ရာ အလုပ်သမား​အဖွဲ့​ချုပ် အိုင်အယ်လ်အိုကို တိုင်ဖို့​ လုပ်ထား​တယ်လို့​လည်း​ ​ပြောပါတယ်။

စိုင်း​မြင့်​ထွန်း​အောင် အထည်ချုပ်စက်ရုံပိုင်ရှင်နဲ့​ ရန်ကုန်တိုင်း​၊​ အလုပ်သမား​ဦး​စီး​ရုံး​တို့​ပေါင်း​ပြီး​ ဒဏ်ရာရ အလုပ်သမ​တွေအ​ရေး​ ​ဆောင်ရွက်မ​ပေး​ဘူး​လို့​လည်း​ အလုပ်သမား​တွေက စွပ်စွဲ​ပြောကြား​ပါတယ်။

အလုပ်သမားတွေရဲ့​ စွပ်စွဲမှုအ​ပေါ် ရန်ကုန်တိုင်း​ အလုပ်သမား​ရုံး​ဦး​စီး​မှူး​က ငြင်း​ဆိုလိုက်ပါတယ်။

“မဟုတ်ဘူး​ဗျ။ သူတို့​တွေက အလုပ်သမား​ဆေး​ရုံကို အမြဲတမ်း​သွား​ပြ​နေရတုန်း​ ရှိ​သေး​တယ်။ လက်ရှိအ​နေအထား​မှာ ကုမ္ပဏီနဲ့​ ကျ​နော်တို့​က ချိတ်ဆက်​ပေး​ပြီး​ က​လေး​တွေ အဆင်​ပြေဖို့​အတွက် ​ဆောင်ရွက်​ပေး​နေတဲ့​ အ​နေအထား​မျိုး​ပဲ ရှိ​သေး​တယ်။ ဌာနအ​နေနဲ့​က အမြဲတမ်း​ ​ခေါင်း​ထဲထည့်​ထား​တယ်။ အမြဲတမ်း​လည်း​ ကျ​နော်တို့​ ဒါနဲ့​ ပတ်သက်ပြီး​တော့​ အလုပ်သမား​တွေအတွက်ကို ဘယ်လို အ​ကောင်း​ဆုံး​လုပ်မလဲ ဆိုတာကိုလည်း​ ကျ​နော်တို့​အ​နေနဲ့​ ​ဆောင်ရွက်ထား​ပါတယ်။”

ပြီး​ခဲ့​တဲ့​ စက်တင်ဘာလကုန် လွှတ်​တော်က အတည်ပြုလိုက်တဲ့​ အလုပ်သမား​ဆိုင်ရာ ဥပ​ဒေမူကြမ်း​ထဲမှာ အလုပ်ရှင်က အလုပ်သမား​တဦး​ကို မတရား​လုပ်ခဲ့​ရင် အလုပ်သမား​အဖွဲ့​အစည်း​က အကာအကွယ်​ပေး​ခွင့်​ရှိတယ်လို့​ ​ဖော်ပြပါရှိပါတယ်။ နည်း​ဥပ​ဒေ​တွေ တိတိကျကျ ထွက်လာရင်​တော့​ အလုပ်သမား​အဖွဲ့​အစည်း​တွေ လွတ်လွတ်လပ်လပ်ဖွဲ့​စည်း​ပြီး​ အကာအကွယ် ​ပေး​နိုင်ကြမှာဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013