အစောင့်ကိုသတ်ပြီး ထောင်ဖောက်ထွက်ပြေးသည့် အကျဉ်းသား ၁၀ ဦးဓာတ်ပုံကို ဘာရိန်းရဲတပ်ဖွဲ့ ထုတ်ပြန် (ရုပ်သံ)

ဘာရိန်းနိုင်ငံမှာ အကျဉ်းထောင်အစောင့်ကို သတ်ပြီး ထောင်ဖောက်ထွက်ပြေးတဲ့ အကျဉ်းသား ၁၀ ဦးရဲ့ ဓာတ်ပုံတွေကို ဘာရိန်းရဲတပ်ဖွဲ့က ဇန်နဝါရီ ၂ ရက်နေ့က တရားဝင် ထုတ်ပြန်ကြေညာလိုက်ပါတယ်။ ဇန်နဝါရီ ၁ ရက်နေ့မှာ ဂျောက် (Jau) အကျဉ်းထောင်ကို သေနတ်သမားတွေ ရောက်လာပြီး အစောင့်ကို တိုက်ခိုက်ခဲ့တယ်၊ အဲဒီနောက် အကျဉ်းသား ၁၀ ဦး လွတ်မြောက်သွားတယ်လို့ ပြည်ထဲရေးဝန်ကြီးက ပြောပါတယ်။ ဘာရိန်းအမျိုးသားရုပ်သံဌာနကလည်း ထွက်ပြေးတဲ့ အကျဉ်းသားတွေရဲ့ ဓာတ်ပုံတွေကို ထုတ်လွှင့်ပြသနေပြီး သူတို့ဟာ အကြမ်းဖက်မှုနဲ့ ဖမ်းဆီးခံထားရသူတွေလို့ ကြေညာပါတယ်။ ဂျောက်အကျဉ်းထောင်ဟာ မြို့တော် မာနာမာရဲ့ အပြင်ဘက်လေးနားမှာ တည်ရှိပါတယ်။ အနောက်အုပ်စုရဲ့ မဟာမိတ် အာရပ်နိုင်ငံဖြစ်တဲ့ ဘာရိန်းနိုင်ငံမှာ အစိုးရကို ဆန့်ကျင်သူ၊ လုံခြုံရေးတပ်ဖွဲ့ဝင်တွေကို လက်နက်ကိုင်တိုက်ခိုက်သူ  ရှီးယားမွတ်စလင် ထောင်ပေါင်းများစွာ အဖမ်းခံထားရပါတယ်။ ဘာရိန်းတရားရုံးဟာ  ၂၀၁၅ ခုနှစ်က ဂျောက်အကျဉ်းထောင်ထဲမှာ ဆန္ဒပြခဲ့သူတွေထဲက ၅၇ ဦးကို ပြီးခဲ့တဲ့နှစ် ဇန်နဝါရီက ထောင်ဒဏ် ၁၅ နှစ်စီ အသီးသီးချမှတ်ခဲ့ကြောင်း ရိုက်တာသတင်းအရ သိရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up