DVB Logo
Home
မြန်မာသတင်း
ထိုင်ခုံခါးပတ်မတပ်ဆင်သည့် ယာဉ်မောင်းများကို စတင်အရေးယူ
DVB
·
January 2, 2017
ထိုင်ခုံခါးပတ်မတပ်ဆင်သည့် ယာဉ်မောင်းများကို စတင်အရေးယူ
Donate to DVB

အသက်ကယ်ထိုင်ခုံခါးပတ် မပတ်ဘဲ မော်တော်ယာဉ်မောင်းနှင်တဲ့ ယာဉ်မောင်းတွေကို ၂၀၁၇ ခုနှစ် ဇန်နဝါရီ ၁ ရက်နေ့ကစတင်ပြီး ဒဏ်ငွေတပ် အရေးယူမှုတွေ စတင်လုပ်ဆောင်နေပါတယ်။

အသက်ကယ်ခါးပတ် ဝတ်ဆင်ရတာဟာ ယာဉ်မောင်းတွေအတွက်ရော လိုက်ပါစီးနင်းသူတွေအတွက်ပါ ကောင်းမွန်တာကြောင့် ယာဉ်မောင်းသူတွေက ဒီစည်းကမ်းဥပဒေကို ထောက်ခံခဲ့ကြတာပါ။

“ခရီးသည်တွေကတော့ ပြောတယ်။ ဟိုတချိန်တုန်းက ခါးပတ်မပတ်ကြဘူးပေါ့။ မပတ်တော့ ခါးပတ်ဆိုတာ နည်းနည်းစိမ်းနေတာပေါ့ဗျာ။ ဒီရောက်တဲ့အခါကျတော့ ကိုယ်က နည်းနည်းပါးပါးကူညီပြီး ခါးပတ်ပတ်ဖို့ ပြောရတာပေါ့။ ဘယ်နားမှာ ခါးပတ်ရှိတယ်ပေါ့။ တချို့အမျိုးသမီးတွေကျတော့ တချို့ အသက်ကြီးပိုင်းပေါ့၊ ခါးပတ်ပတ်တာကတော့ သူ့ရဲ့ ကားတစီးမှာ ပါသင့်ပါထိုက်တာကတော့ ကိုယ့်အတွက် လုံခြုံတာပေါ့ဗျာ” လို့ အငှားယာဉ်မောင်း ဦးမောင်ကြည်က ပြောပါတယ်။

အသက်ကယ်ထိုင်ခုံခါးပတ်ပတ်ပြီး ယာဉ်မောင်းနှင်တာဟာ အသက်အန္တရာယ်ကို ကာကွယ်ပေးတာမှန်ပေမယ့် တက္ကစီအငှားယာဉ်မောင်းတွေအတွက် တခြားအခက်အခဲရှိတယ်လို့ အငှားယာဉ်မောင်းတဦးက ဆိုပါတယ်။

“ခါးပတ် ပတ်ခိုင်းတယ်ဆိုတာ လေအိတ်ကြောင့် ပတ်ခိုင်းတာ။ လေအိတ်ပွင့်လာတဲ့အခါကျရင် ကျနော်တို့အတွက် အန္တရာယ်ကို ထိန်းပေးတာ။ မှန်တော့ မှန်တယ်။ ဒါပေမယ့် ဟိုင်းဝေးမှာပဲ ကောင်းတယ်။ မြို့တွင်းမှာတော့ မကောင်းဘူး။ ခါးပတ်ပတ်တဲ့အချိန်မှာ ယာဉ်မောင်းတယောက်က ရှေ့က မောင်းနေတယ်။ သူတို့က နောက်ကလုပ်ရင် အလွယ်တကူ လုပ်လို့ရတယ်။ နောက် ခါးပတ်ကို ဒီလိုဆွဲပြီးတော့ ညှစ်ပြီးတော့လုပ်ရင် ကျနော်တို့က ဆွဲကြိုးချသေသလိုပဲ။ အဲဒီလိုမျိုးတွေ ချုပ်မိချုပ်ရာ ဖြစ်နေမှာ” လို့ အငှားယာဉ်မောင်း ကိုသူရဇော်က ပြောပါတယ်။

ရန်ကုန်မြို့မှာ ယာဉ်ထိန်းရဲတပ်ဖွဲ့က ၂၀၁၆ ခုနှစ် နိုဝင်ဘာလကနေ ဒီဇင်ဘာလထိကာလကို ယာဉ်မောင်းနှင်ချိန်မှာ အသက်ကယ်ထိုင်ခုံခါးပတ် တပ်ဆင်ပေးဖို့အတွက် ပညာပေးကာလအဖြစ် သတ်မှတ်ပြီး ပညာပေးလုပ်ငန်းတွေကို ဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။

၂၀၁၅ ခုနှစ် စက်တင်ဘာ ၇ ရက်နေ့က အစိုးရထုတ်ပြန်ထားတဲ့ မော်တော်ယာဉ်ဥပဒေမှာ ယာဉ်မောင်းနဲ့ လိုက်ပါစီးနင်းသူတွေဟာ အသက်ကယ်ထိုင်ခုံခါးပတ်ပတ်ဖို့ ပြဋ္ဌာန်းပေးထားပြီး မလိုက်နာရင် ကျပ် ၃ သောင်းထက်မပိုတဲ့ ဒဏ်ငွေ ချမှတ်အရေးယူဖို့အတွက် ပြဋ္ဌာန်းထားတာပါ။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013