DVB Logo
Home
မြန်မာသတင်း
လွတ်လပ်ရေးနေ့အထိမ်းအမှတ် ရိုးရာလှေလှော်ပြိုင်ပွဲ ရေးမြို့တွင်ကျင်းပ
DVB
·
January 2, 2017
Donate to DVB

မွန်ပြည်နယ်၊ ရေးမြို့ မြကန်သာကျုံးမှာ  ၆၉နှစ်ပြည့် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ်   မြန်မာ့ရိုးရာ လှေလှော်ပြိုင်ပွဲကို ဒီကနေ့ မနက်က စတင်ကျင်းပနေပါတယ်။

ပြိုင်ပွဲကို ဇန်နဝါရီ ၂ ရက်နေ့မှ ဇန်နဝါရီ ၄ ရက်နေ့အထိကျင်းပနေတာဖြစ်ပြီး မြို့ပေါ် ရပ်ကွက်အုပ်ချုပ်ရေးမှူးအသင်းနဲ့ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးအသင်းတို့က ဖွင့်ပွဲအဖြစ် ယှဉ်ပြိုင်လှော်ခတ်ကြပြီး အအမျိုးသား ၇ ဦး လှေလှော်ပြိုင်ပွဲဝင်အသင်း ၁၀ သင်း ပါဝင်ယှဉ်ပြိုင်ကြတာ ဖြစ်ပါတယ်။

အုပ်စုပတ်လည် ပထမပွဲစဉ်အဖြစ် ကလော့လေးကျေးရွာအသင်းနဲ့ ချောင်းတောင်ကျေးရွာ အသင်းတို့ ယှဉ်ပြိုင်လှော်ခတ်သွားကြမှာ ဖြစ်တယ်လို့ သိရပါတယ်။

“ပြီးခဲ့တဲ့နှစ်က သရဖူရဖို့အတွက် အသင်းသားများကို စည်းလုံးညီညွတ်စွာ တက်ညီလက်ညီ ကြိုးစားအားထုတ်ခဲ့သလို အခုနှစ်မှာလည်း သရဖူကို ဆက်လက်ထိန်းသိမ်းသွားဖို့ အကောင်းဆုံး ပြင်ဆင်ထားပါတယ်။ လက်ရှိချန်ပီယံသရဖူကိုလည်း ဆက်လက်ထိန်းသိမ်းသွားပါမယ်” လို့ မနှစ်က ချံပီယံဒိုင်းဖလားသရဖူရခဲ့တဲ့ ချောင်းတောင်ကျေး၇ွာအသင်းလှေလော်အသင်းက အုပ်ချုပ်သူ ဦးတင်ထွေးက ပြောပါတယ်။

သတင်း - နေမျိုးထွဋ်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013