DVB Logo
Home
မြန်မာသတင်း
အမျိုးသမီးရေးရာဝန်ကြီးဌာနထားရှိရန် တောင်းဆို
DVB
·
January 2, 2017
Donate to DVB

တာဝန်ယူတာဝန်ခံမှု အားကောင်းစေဖို့အတွက် လွတ်လပ်ပြီး ပွင့်လင်းမြင်သာမှုရှိတဲ့ အမျိုးသမီးရေးရာ ၀န်ကြီးဌာနတခု ထားရှိပေးဖို့ ကလေးမြို့မှာကျင်းပတဲ့  အမျိုးသမီး၊ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးဖိုရမ်က တောင်းဆိုလိုက်ပါတယ်။

စစ်ကိုင်းတိုင်း ကလေးမြို့မှာ ဒီဇင်ဘာ ၂၉ ရက်နဲ့ ၃၀ ရက်နေ့ထိကျင်းပတဲ့  ပထမအကြိမ် အမျိုးသမီး၊ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးဖိုရမ်အပြီးမှာ တောင်းဆိုချက် ၅ ချက်ကို ဒီဇင်ဘာ ၃၁ နေ့က ထုတ်ပြန် တောင်းဆိုခဲ့တာပါ။  

အဲဒီတောင်းဆိုချက်တွေထဲမှာ  သက်ငယ်မုဒိမ်းမှုနဲ့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်တွေကို အမြန်ဆုံးထိရောက်စွာ အရေးယူဖို့၊  တိုင်းရင်းသားယဉ်ကျေးမှု ဓလေ့ထုံးတမ်းတွေအရ ကျင့်သုံးနေတဲ့ အမျိုးသမီးတွေကို ခွဲခြားဖိနှိပ်မှု ပယ်ဖျက်နိုင်အောင်ဆောင်ရွက်ပေးဖို့၊  နိုင်ငံရေးဖြစ်စဉ်မှာ အမျိုးသမီး ၃၀% ပါဝင်လာစေရေး လက်တွေ့အကောင်ထည်ဖော်ပေးဖို့နဲ့  အမျိုးသား အမျိုးသမီးတန်းတူ အခွင့်အရေးရရှိရန်အတွက် အစိုးရအနေနဲ့ အာမခံ လုပ်ဆောင်ပေးဖို့လည်းပါဝင်ပါတယ်။

အမျိုးသမီးဖိုရမ်မှာ ပါဝင်ခဲ့တဲ့ မအားခူက“ဆွေးနွေးပွဲမှာ ဆွေးနွေးခဲ့ကြတာကတော့ ငြိမ်းချမ်းရေးဖြစ်စဉ်မှာ အမျိုးသမီးများ ပါဝင်မှု၊ ဒေသတွင်း အမျိုးသမီးများ ဘဝလုံခြုံရေး၊ အမျိုးသမီးများနဲ့ လက်ရှိနိုင်ငံရေးအခန်းကဏ္ဍ၊ အမျိုးသမီး မြေယာနဲ့ သဘာဝသယံဇာတဆက်စပ်မှုတွေ ဖြစ်တယ်။ အဲဒီအချက်တွေအပေါ် မူတည်ပြီး ဆွေးနွေး အဖြေရှာခဲ့ကြတယ်လို့” လို့ ဆိုပါတယ်။

အမျိုးသမီးတွေအနေနဲ့လည်း အကြမ်းဖက်မှုနဲ့ ခွဲခြားဆက်ဆံခံရမှုတွေ ပပျောက်အောင် ဆောင်ရွက်ဖို့၊ ဒေသန္တရအုပ်ချုပ်ရေးမှာ အမျိုးသမီးကဏ္ဍ ပိုမိုပါဝင်လာ အောင်ဆောင်ရွက်ဖို့၊ အမျိုးသမီးစွမ်းရည်မြှင့် သင်တန်းတွေကို ဒေသအသီးသီးမှာ ပြုလုပ်ဖို့ စတာတွေ လုပ်ဆောင်ဖို့လည်း ဖိုရမ်ဆွေးနွေးပွဲမှာ သဘောညီခဲ့ကြပါတယ်။

သတင်း - မင်းရဲစစ်နိုင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013