DVB Logo
Home
မြန်မာသတင်း
စစ်ကိုင်းတိုင်းလွှတ်တော် အရေးပေါ်အစည်းအဝေးကျင်းပ
DVB
·
January 2, 2017
Donate to DVB

စစ်ကိုင်းတိုင်းသေကြီးလွှတ်တော် အရေးပေါ် အစည်းအဝေး ကို ဒီကနေ့ စတင်ခေါ်ယူ ကျင်းပပြီး စစ်ကိုင်းတိုင်းအတွက် နောက်ထပ်ဘဏ္ဍာငွေ ခွဲဝေသုံးစွဲရေး ဥပဒေ(မူကြမ်း)ကိုဆွေးနွေးနေပါတယ်။

အရေးပေါ် အစည်းအဝေး ပထမနေ့မှာ လွှတ်တော်ကိုယ်စားလှယ် ၂ ဦးက ကြယ်ပွင့်ပြ မေးခွန်း ၅ ခု မေးမြန်းခဲ့ပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့မှ စီမံ/ဘဏ္ဍာဝန်ကြီး ဦးစိုးဦးက ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ် စစ်ကိုင်းတိုင်းဒေသကြီး၏ နောက်ထပ်ဘဏ္ဍာငွေ ခွဲဝေသုံးစွဲရေးဥပဒေ(မူကြမ်း)ကို လွှတ်တော်သို့ တင်သွင်းခဲ့ပါတယ်။

ဥပဒေ(မူကြမ်း)နဲ့ပတ်သက်ပြီး လွှတ်တော်ကိုယ်စားလှယ်အချို့က ဆွေးနွေးဖို့ အမည်စာရင်း တင်သွင်းခဲ့ကြပါတယ်။ စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် အရေးပေါ်အစည်းအဝေး ဒုတိယနေ့ကို မနက်ဖြန် ဆက်လက်ကျင်းပသွားမှာ ဖြစ်ပါတယ်။

သတင်း - အောင်ကိုလတ်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013