DVB Logo
Home
မြန်မာသတင်း
နေပြည်တော်တွင် ရဲအုပ်ကိုသတ်သည့် တရားခံများ နေ့ချင်းဖမ်းမိ
DVB
·
January 2, 2017
နေပြည်တော်တွင် ရဲအုပ်ကိုသတ်သည့် တရားခံများ နေ့ချင်းဖမ်းမိ
Donate to DVB

 

နေပြည်တော်မှာ မနေ့ မနက်ပိုင်းက ရဲအရာရှိတဦးကို သတ်သွားတဲ့ တရားခံတွေကို နေ့ချင်း ဖမ်းဆီးမိတယ်လို့ ဒက္ခိဏသီရိ မြို့မရဲစခန်းက သိရပါတယ်။

နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်၊ မိုးဝေလမ်းနဲ့ ရွှေသပြေ ၁၃ လမ်းဆုံမှာ ရဲအုပ်တဦးရဲ့ အလောင်းကို ဇန်နဝါရီ ၁ ရက် မနက် ၄ နာရီ မိနစ် ၂၀ လောက်က တွေ့ရှိခဲ့ရတာပါ။

သေဆုံးသူဟာ ဇဗ္ဗူသီရိမြို့နယ်၊ မြို့နယ်မှူးရုံးမှ ရဲအုပ်ဇော်ဇော်ဖြစ်ပြီး ပျဉ်းမနားမြို့မ ရဲစခန်းဝင်းအတွင်း နေထိုင်သူဖြစ်ကာ လက်နောက်ပြန်အနေအထားကို ပုဆိုးနဲ့ တုတ်ထားပြီး မေးစေ့ပေါက်ပြဲဒဏ်ရာ၊ လည်းပင်း မျက်နှာ ရင်ဘတ် ခြေတွေမှာ ဖူးရောင် ညိုမည်း ဒဏ်ရာတွေနဲ့ တွေ့ရှိခဲ့ကြောင်း ဒက္ခိဏသီရိ မြို့မရဲစခန်းက သိရတာပါ။

ပြစ်မှုကျူးလွန်တွေဖြစ်ကြတဲ့ ပြည့်ဖြိုး (ခ) ကိုဖြိုး၊ ဝင်းကိုကို၊ ကိုမျိုး (ခ) မျိုးချစ်အောင်တို့ကို ဇန်နဝါရီ ၁ ရက် ည ၉ နာရီအချိန်က ဖမ်းဆီးမိခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

သေဆုံးသူကို စစ်ဆေးဖို့အတွက် နေပြည်တော် ကုတင် ၁၀၀၀ ဆေးရုံကို ပို့ဆောင်ထားခဲ့ပြီး ဒက္ခိဏသီရိမြို့နယ် မြို့မရဲစခန်းက ရာဇသတ်ကြီးပုဒ်မ ၃၀၂ နဲ့ အမှုဖွင့်ထားတယ်လို့ သိရပါတယ်။

သတင်း - အောင်ကိုကိုလတ်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013