A d v e r t i s e m e n t With Us

ရွှေကျင်ဆရာ​တော်ဘုရား​ကြီး​ကို ထိုင်း​နိုင်ငံက ဂုဏ်ထူး​ဆောင်ပါရဂူဘွဲ့​ချီး​မြှင့်

မန္တ​လေး​တောင်​မြောက်ဘက်က မဟာဓမ္မိကာရာမ ​ရွှေကျင်တိုက်မကြီး​မှာ ​ရွှေကျင်နိကာယသံဃရာဇာ ​ရွှေကျင်သာသနာပိုင် သက်​တော်ရှည် ဝါဆိုဆရာ​တော်ဘုရား​ကြီး​ကို ထိုင်း​နိုင်ငံ သံဃမဟာနာယကအဖွဲ့​ ဥက္ကဋ္ဌ ဆရာ​တော်က ဂုဏ်ထူး​ဆောင်ပညာပါရဂူ Ph.D ဘွဲ့​ ချီး​မြှင့်​ဆက်ကပ်ပါတယ်။ ထိုင်း​နိုင်ငံ မဟာချူလာ​လောင်ကွန်း​တက္ကသိုလ်က ချီး​မြှင့်​တာဖြစ်ပြီး​ပါ​မောက္ခချုပ် ဆရာ​တော် ​ဒေါက်တာဓမ္မ​ဃောသာစရိယက ထိုင်း​နိုင်ငံသာသာနာပိုင် ကိုယ်စား​ မ​နေ့​က လာ​ရောက်ဆက်ကပ်တာပါ။ ထိုင်း​နိုင်ငံက ထိုင်း​နိုင်ငံ မဟာချူလာ​လောင်ကွန်း​ တက္ကသိုလ်က ပါ​မောက္ခ၊​ ကထိက သံဃာ​တော်များ​၊​ မန္တ​လေး​တိုင်း​ဒေသကြီး​ ဝန်ကြီး​ချုပ် ဦး​ရဲမြင့်​နဲ့​ ဝန်ကြီး​၊​ အလှူရှင်​တွေနဲ့​ ဧည့်​သည်​တော်​တွေ အခမ်း​အနား​ကို တက်​ရောက်ကြပါတယ်။ ရွှေကျင်သာသနာပိုင် သက်​တော်ရှည် ဝါဆိုဆရာ​တော်ဘုရား​ကြီး​ဟာ ၁၄ ဆက်​မြောက် ​ရွှေကျင်သာသနာပိုင် ဖြစ်ပါတယ်။ ဆုကို ပရိယတ်ပဋိပတ် ကိစ္စ​တွေကို ​ဆောင်ရွက်​နေတဲ့​ ဆရာ​တော်​တွေကို လှူဒါန်း​တာဖြစ်ပါတယ်။ ဒီဆုချီး​မြှင့်​ခံရတဲ့​ မြန်မာသံဃာ​တော် ၆ ပါး​ရှိသွား​ပြီဖြစ်ပါတယ်။ ထိုင်း​နိုင်ငံမှာ သာသနာပြု​နေတဲ့​ ဆရာ​တော် ၂ ပါး​နဲ့​ မြန်မာပြည်က ဆရာ​တော် ၄ ပါး​ဖြစ်ပါတယ်။ ၁။ ထိုင်း​နိုင်ငံ ချွန်ဘူရီမြို့​ ဝပ်​ဝေကာရာမ်တရား​ရိပ်သာမှ ကမ္မဋ္ဌာန်း​ပြဆရာ​တော် ဦး​အာသဖ ကမ္မဌာနာစရိယ (ပျံလွန်​တော်မူ) ၂။ ထိုင်း​နိုင်ငံ လန်း​ပန်း​မြို့​ ဝပ်ထာ့​မအိုး​ (မြန်မာ) ​ကျောင်း​တိုက်မှ ပရိယတ္တိစာပြဆရာ​တော် ဦး​ဓမ္မာနန္ဒ အဂ္ဂမဟာပဏ္ဍိတ ( လက်ရှိဆရာ​တော်) ၃။ မြန်မာနိုင်ငံ၊​ ရန်ကုန်မြို့​ ကမ္ဘာ​အေး​ဂန္ဓာရုံ​ကျောင်း​တိုက် တိပိဋကဆရာ​တော် ဦး​သုမင်္ဂလာလင်္ကာရ (ပျံ​တော်မူ) ၄။ မြန်မာနိုင်ငံ စစ်ကိုင်း​တိုင်း​က သီတဂူဆရာ​တော် ဦး​ဥာဏိဿရ (လက်ရှိ) ၅။ မြန်မာနိုင်ငံ စစ်ကိုင်း​မင်း​ကွန်း​မှ တိပိဋကဆရာ​တော် ဦး​ဂန္ဓမာလင်္ကာရ (လက်ရှိ) ၆။ မြန်မာနိုင်ငံ မန္တ​လေး​ဝိသုဒ္ဓါရုံ​ကျောင်း​ ဝါဆို​ဆောင် လက်ရှိ​ရွှေကျင်သာသနာပိုင် ဦး​အဂ္ဂိယ။

A d v e r t i s e m e n t With Us

More News
Up