ဂျပန်စတိုင်လ် ဆယ်ပြားဈေး ပြည်သူ့ဥယျာဉ်တွင် ထပ်မံကျင်းပမည်
DVB
·
January 2, 2017
ပြည်သူတွေ တောင်းဆိုတာကြောင့် ဂျပန်စတိုင်လ် ဆယ်ပြားဈေးကို လာမယ့် လွတ်လပ်ရေးနေ့ ပြည်သူ့ဥယျာဉ်မှာ ထပ်မံကျင်းပသွားမှာ ဖြစ်ပါတယ်။
ဒီ ဂျပန်စတိုင်ဆယ်ပြားဈေးမှာ ဆိုင်ခန်းပေါင်း ၅၀ ကျော် ခင်းကျင်း ရောင်းချသွားမှာဖြစ်ပြီး ဂျပန်နိုင်ငံထုတ် ပစ္စည်းတွေအပြင် နိုင်ငံပေါင်းစုံက အရည်အသွေးမြင့် ပစ္စည်းတွေပါ ရောင်းချပေးသွားမှာဖြစ်ပြီး ဂျပန်အစားအသောက်တွေလည်း ရောင်းချသွားမယ်လို့ မြန်မာ-ဂျပန် လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်ရေးအသင်းက ပြောပါတယ်။
ဂျပန်စတိုင်လ် ဆယ်ပြားဈေးကို ဒီဇင်ဘာ ၄ ရက်က ပြည်သူ့ဥယျာဉ်မှာ ကျင်းပခဲ့ပြီး ဒုတိယအကြိမ်အဖြစ် ဇန်နဝါရီ ၄ ရက် လွတ်လပ်ရေးနေ့ အခါသမယမှာ ထပ်မံကျင်းပသွားမှာ ဖြစ်ပါတယ်။
ဒီဈေးမှာ အသုံးပြုပြီးပစ္စည်းတွေဖြစ်ပေမယ့် အရည်အသွေးမြင့် တန်ဖိုးကြီးပစ္စည်းတွေကို ဈေးပေါပေါနဲ့ ရောင်းချပေးနေတာကြောင့် လူကြိုက်များတဲ့ ဈေးပွဲတခု ဖြစ်ပါတယ်။
ဂျပန်စတိုင်လ် ဆယ်ပြားဈေးကို ဇန်နဝါရီ ၄ ရက် ပြည်သူ့ဥယျာဉ်မှာ မနက် ၉ နာရီကနေ ညနေ ၄ နာရီထိ ၁ ရက်တည်းသာ ကျင်းပသွားမှာ ဖြစ်ပါတယ်။