မိကျောင်းကို လေ့ကျင့်ပေးသည့်ဝန်ထမ်း မိကျောင်းအဟပ်ခံရ (ရုပ်သံ)

ထိုင်းမိကျောင်းထိန်းသိမ်းရေးစခန်းတခုမှ သင်ကြားထိန်းသိမ်းရေးဝန်ထမ်း အမျိုးသားတဦးဟာ မိကျောင်းတကောင်ကို တို့ထိဆော့စကားပြီး သင်ကြားနေချိန်မှာ မိကျောင်းက ရုတ်တရက် ပါးစပ်နဲ့ ဟပ်ခံခဲ့ရပါတယ်။ ဒီအဖြစ်အပျက်ဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၃၀ ရက်နေ့က ထိုင်းနိုင်ငံ၊ ဖူးခက်မြို့မှ မိကျောင်းထိန်းသိမ်းရေးစခန်းတခုမှာ ဖြစ်ခဲ့တာလို့ ဖူးခက်နေ့စဉ်သတင်းတပုဒ်မှာ ဖော်ပြပါတယ်။ ဝန်ထမ်းအမျိုးသားဟာ မိကျောင်းရဲ့ နှုတ်သီးအပေါ်ကို တို့ထိလိုက် ပါးစပ်ထဲကို လက်နဲ့ မထိတထိ ဆော့လိုက်နဲ့ လုပ်နေခဲ့တာဖြစ်ပြီး တကြိမ်မှာတော့ မိကျောင်းက သူ့ရဲ့ညာဘက်လက်ကို ပါးစပ်နဲ့ဟပ်ကာ ခန္ဓာကိုယ်ကို တပတ်လည် မွှေ့ယမ်းခါပစ်လိုက်တာပါ။ ဒါပေမယ့် သူဟာ လက်ကို အတင်းဆွဲထုတ်ရုန်းလိုက်ပြီး အပြေးမြန်ခဲ့တာမို့ အသက်ဘေးက သီသီလေး လွတ်မြောက်သွားခဲ့ရတာပါ။ အသက် ၄၇ နှစ်အရွယ် အနူဆက်ခ် ဆလန်ဂမ် အမည်ရတဲ့ အဲဒီအမျိုးသားဟာ မိကျောင်းကမ္ဘာလို့ အမည်ရတဲ့ မိကျောင်းထိန်းသိမ်းရေးစခန်းတခုမှ သင်ကြားထိန်းသိမ်းရေး ဝန်ထမ်းတဦးဖြစ်ကာ ကမ္ဘာလှည့်ခရီးသွားတွေကို ဖျော်ဖြေဖို့ မိကျောင်းနဲ့ လေ့ကျင့်ခဲ့ချိန်မှာ ခုလိုဖြစ်ခဲ့ရတာပါ။ လက်ရှိမှာတော့ သူ့ကို မစ်ရှင်ဆေးရုံ ပို့ဆောင်ထားခဲ့ပြီး ထိခိုက်ဒဏ်ရာရသွားတဲ့လက်ကို စစ်ဆေးနေတယ်လို့ ဆိုပါတယ်။ “မိကျောင်းဟပ်ခံရတဲ့အတွက် သူ့ရဲ့လက်မှာ ဒဏ်ရာအနည်းငယ်ပဲရခဲ့တာ သူကံကောင်းပါတယ်။ ဒါပေမယ့် အနူဆက်ခ်ဟာ မိကျောင်းတွေကို ထိန်းကျောင်းကိုင်တွယ်တဲ့နေရာမှာ တကယ့်ကို ကျွမ်းကျင်သူတယောက်ပါ။ တကယ်ရဲရင့်တယ်။ ဒီနေ့ကတော့ ဧည့်သည်တွေကို ဖျော်ဖြေဖို့ သူပြင်ဆင်နေခဲ့တာပါ” လို့ ဝန်ထမ်းတဦးက ပြောပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up