DVB Logo
Home
မြန်မာသတင်း
အစိုး​ရစစ်​ကြောင်း​ ​ပေါ်တာများ​ကို အဓမ္မခိုင်း​စေ
DVB
·
November 24, 2011
Donate to DVB

ကေအိုင်​အေ (ကချင်လွတ်လပ်​ရေး​တပ်မ​တော်) ကို ထိုး​စစ်ဆင်တိုက်ခိုက်​နေတဲ့​ အစိုး​ရစစ်​ကြောင်း​တွေဟာ ​ပေါ်တာအထမ်း​သမား​တွေကို အဓမ္မခိုင်း​စေ​နေတယ်လို့​ စစ်​ကြောင်း​က​နေ ထွက်​ပြေး​ လာတဲ့​ ​ပေါ်တာ​တွေက ​ပြောပါတယ်။

ဝိုင်း​မော်မြို့​နယ် အ​ရှေ့​ဘက် နန့်​ဆန်ယန်​ဒေသအတွင်း​ လှုပ်ရှား​နေတဲ့​ ခလရ ၁၂၁၊​ ခမရ ၃၈၄၊​ ၃၈၈ ပူး​ပေါင်း​စစ်​ကြောင်း​တခုမှာ ​ပေါ်တာအထမ်း​သမား​ ၃ဝ ​ကျော်ကို အသုံး​ပြု​နေတယ်လို့​ စစ်​ကြောင်း​က​နေ ထွက်​ပြေး​လာတဲ့​ ​ပေါ်တာတဦး​ဖြစ်သူ ကိုခင်​မောင်ဇင်က ​ပြောပါတယ်။

“မနက် ၄၊​ ၅ နာရီက​နေ ည​နေ ၅ နာရီခွဲအထိ အနည်း​ဆုံး​လျှောက်ရတယ်။ တခါတ​လေ မိုး​ချုပ်မှ အိပ်တယ်။ ကတုတ်ကျင်း​တွေလည်း​ တူး​ပေး​ရတယ်။ ​နေရာရှင်း​ပြီး​မှ အိပ်ရတယ်၊​ ​တောထဲမှာ။ သစ်ပင်​တွေလှဲ အဲလိုမျိုး​။ ကျ​နော်တို့​ ရိက္ခာ​တွေ ပစ္စည်း​တွေ အကုန်ထမ်း​ရတယ်။ လူနာ​တွေ၊​ ပစ္စည်း​တွေက အချိန် ပိဿာ ၂ဝ၊​ ၃ဝ ​လောက်ရှိမယ်။ မထမ်း​နိုင်တဲ့​ခါ သူတို့​ပစ်သတ်တာ များ​တယ်။ ကျ​နော် အ​တွေ့​အကြုံအရ ​ပေါ်တာ ပစ်သတ်တာ ၂ ​ယောက်​လောက် ​တွေ့​တယ်။ ကျ​နော်​ရှေ့​မှာပဲ ခလရ ၁၂၁ က ပစ်သတ်တာ။

ကိုခင်​မောင်ဇင်ဟာ နန့်​ဆန်ယန်​ရွှေ​မှော်အတွင်း​ လုပ်ကိုင်​နေစဉ် ​အောက်တိုဘာ ၁၉ ရက်က ​ရွှေ​မော်ထဲကို ဝင်​ရောက်လာတဲ့​ အစိုး​ရတပ် စစ်​ကြောင်း​ရဲ့​ ​ပေါ်တာအဖြစ် ဖမ်း​ဆီး​ခံခဲ့​ရသူပါ။

အလား​တူ ​ပေါ်တာအဖြစ် ဖမ်း​ဆီး​ခံခဲ့​ရပြီး​ ထွက်​ပြေး​လာသူ ကိုမင်း​သူက “နှိပ်စက်တာက​တော့​ မျိုး​စုံပဲ။ သူတို့​ခိုင်း​တာ မလုပ်လို့​က​တော့​ ကန်တာတို့​၊​ ​သေနတ်ဒင်နဲ့​ ​ဆောင့်​တာတို့​ ဒါမျိုး​တွေက​တော့​ ရိုး​နေပြီ။ အဆိုး​ဆုံး​က​တော့​ မထမ်း​နိုင်ဘူး​၊​ မလုပ်နိုင်ဘူး​ဆိုရင် ​သေနတ်နဲ့​ တခါတည်း​ ပစ်သတ်ခဲ့​တာ။ ကျ​နော်တို့​ မလိုက်နိုင်ဘူး​လို့​ မ​ပြောရဲဘူး​။ ကျ​နော်တို့​ကို နန့်​ဆန်ယန်မှာ ဖမ်း​ဖမ်း​ချင်း​ တ​ယောက်သတ်လိုက်တယ်။ ​နောက်တ​ယောက်က​တော့​ နန့်​ဆန်ယန်အထွက် ​တောင်ကုန်း​မှာပဲ မထမ်း​နိုင်လို့​ ပစ်သတ်လိုက်တယ်။ ​နောက်တ​ယောက်က လမ်း​မှာထွက်​ပြေး​လို့​ ပစ်သတ်ခဲ့​တယ်။ ၃ ​ယောက်​လောက် ​သေသွား​ပြီ အရပ်သား​တွေ။ ကချင်ပြည်နယ်သား​တွေ​ကော၊​ ​အောက်ပိုင်း​က​တွေလည်း​ပါတယ်။ ထွက်​ပြေး​လို့​ ပစ်သတ်ခံရတဲ့​ထဲမှာ ရန်ကုန်သား​တ​ယောက်ပါတယ်။ သူက အသက်၂၀ ဝန်း​ကျင်ပဲ ရှိ​သေး​တယ်။”

အခုလ ၂၁ ရက်​နေ့​က ကချင်ပြည်နယ် မိုး​မောက်မြို့​နယ်၊​ အင်ဒပ်ဘွန်မှာ ​ကေအိုင်​အေနဲ့​ အစိုး​ရစစ်​ကြောင်း​တို့​ တိုက်ပွဲအပြင်း​အထန် ဖြစ်ပွား​နေစဉ် ကိုခင်​မောင်ဇင်နဲ့​ ကိုမင်း​သူတို့​အပါအဝင် ​ပေါ်တာ ၄ ဦး​လည်း​ ထွက်​ပြေး​လာပြီး​ ​ကေအိုင်​အေထိန်း​ချုပ် နယ်​မြေထဲကို ဒီက​နေ့​မနက်က ​ရောက်ရှိလာတာပါ။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013