DVB Logo
Home
မြန်မာသတင်း
ဗေဒါနှင့် ကြာပင်မှ လူသုံးကုန်ပစ္စည်းထုတ်ပြီး ပြည်ပ တင်ပို့မည်
DVB
·
January 1, 2017
ဗေဒါနှင့် ကြာပင်မှ လူသုံးကုန်ပစ္စည်းထုတ်ပြီး ပြည်ပ တင်ပို့မည်
1 / 7
Donate to DVB

ဗေဒါပင်နဲ့ ကြာပင်တွေကနေ လူသုံးကုန်ပစ္စည်း ထုတ်လုပ်သွားမှာဖြစ်ပြီး ပြည်ပဈေးကွက်အထိ တင်ပို့သွားဖို့ စီစဉ်နေတယ်လို့ ဗေဒါ၊ ကြာနဲ့ ရာဘာဖွံ့ဖြိုးရေးကော်မတီ အတွင်းရေးမှူး ဦးကျော်သူက ပြောပါတယ်။

''ကျနော်တို့ ပြည်တွင်းရော ပြည်ပဈေးကွက်ကို ရည်ရွယ်ပါတယ်။ ပြည်ပကို ပိုရည်ရွယ်တာပေါ့။ လက်ရှိမှာ ဥရောပနဲ့ ဂျပန်ဈေးကွက် ရှိပါတယ်။ နည်းပညာ အခက်အခဲတော့ရှိတယ်။"

ဗေဒါကနေ လူသုံးကုန်ပစ္စည်း ထုတ်လုပ်ဖို့အတွက် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်၊ သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးတို့ရဲ့ လမ်းညွှန်ချက်နဲ့ ဗေဒါ အချောထည် တန်ဖိုးမြင့်ထုတ်ကုန် ထုတ်လုပ်ရေး ကျွမ်းကျင်မှု အခြေခံသင်တန်းကို သင်ကြားနေတာလည်း ဖြစ်ပါတယ်။

သင်တန်းကို မြန်မာနိုင်ငံ သစ်တောထွက်ပစ္စည်း လုပ်ငန်းရှင်းများ အသင်းချုပ်က တာဝန်ယူ သင်ကြားပေးနေပြီး လက်ရှိအချိန်မှာ မြန်မာတနိုင်ငံလုံး အတိုင်းအတာနဲ့ အမှတ်စဉ် ၁ မှာ သင်တန်းသား ၂၈ ဦး သင်ကြားပေးပြီးဖြစ်ပါတယ်။

သတင်း၊ ဓာတ်ပုံ - ရန်နိုင်ဇော်ဝင်း

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013