ကသာ-မြစ်ကြီးနားလမ်းပေါ်တွင် ဒီဇင်ပေပါများ တင်လာသည့် ၁၀ ဘီးယာဉ် မီးလောင်
DVB
·
January 1, 2017
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ အင်းတော်မြို့နယ် ကသာ-မြစ်ကြီးနား ကားလမ်းမပေါ်မှာ ၁၀ ဘီးကားတစီး ဝါယာရှော့ကနေတဆင့် ကားတစီးလုံး မီးလောင်ကျွမ်းမှု ဒီဇင်ဘာ ၃၁ ရက် မနက် အစောပိုင်းမှာ ဖြစ်ပွားခဲ့ပါတယ်။
ယာဉ်မောင်း မြင့်သိန်း မောင်းနှင်လာတဲ့ ယာဉ်အမှတ် လ/၃၉၂ ဂျပန်နိုင်ငံလုပ် ၁၀ ဘီးယာဉ်ဟာ လျှပ်စစ်ဝါယာမှ ရှော့ဖြစ်ရာက ယာဉ်ပေါ်မှာတင်ဆောင်လာတဲ့ ဒီဇယ်ပေပါ ၈၅ လုံး မီးကူးစက်လောင်ကျွမ်းခဲ့တာပါ။
မီးလောင်ကျွမ်းမှုကြောင့် စုစုပေါင်း ကာလတန်ဖိုး သိန်း ၂၈၀ ကျော်ခန့် ဆုံးရှုံးခဲ့ပြီး ယာဉ်မောင်း မြင့်သိန်းကို အင်းတော်မြို့မ ရဲစခန်းမှ အရေးယူ ဆောင်ရွက်ထားတယ်လို့ သိရပါတယ်။
သတင်း - ကိုကိုလင်း(အင်းတော်)