ခန္တီးဆေးရုံတွင်တင်ထားသည့် အချုပ်သားတဦး ဆေးရုံမှ ထွက်ပြေး
DVB
·
December 31, 2016
စစ်ကိုင်းတိုင်း ခန္တီးမြို့မရဲစခန်းက အချုပ်သားတဦး ဒီဇင်ဘာ ၃၀ ရက် မနက်ပိုင်းက ထွက်ပြေးသွားခဲ့ပါတယ်။
မူးယစ်ဆေးဝါးမှုနဲ့ ဖမ်းဆီးခံထားရတဲ့ အောင်နိုင်ထွန်းဟာ ကျန်းမာရေးကြောင့် ခန္တီးဆေးရုံကို ဒီဇင်ဘာ ၁၇ ရက်နေ့မှာ တင်ပို့ထားခဲ့ရာက ၃၀ ရက်နေ့မှာ ထွက်ပြေးသွားခဲ့တာလို့ ခန္တီးမြို့မစခန်းမှူး ဒု-ရဲမှူး သန်းထွေးက ဒီဗွီဘီကို ပြောပါတယ်။
ပြီးခဲ့တဲ့ သြဂုတ်လအတွင်းကလည်း ခန္တီးခရိုင် အချုပ်ခန်းမှ အချုပ်သား ၉ ဦး ထွက်ပြေးခဲ့ပြီး ၈ ကို ပြန်ဖမ်းဆီးနိုင်ခဲ့ကာ တဦးကိုတော့ ဖမ်းဆီးနိုင်ခဲ့ခြင်း မရှိသေးဘူးလို့ သိရပါတယ်။
သတင်း - အောင်ဆန်းမြင့်