ရခိုင်တွင် စိတ်ကြွမူးယစ်ဆေးပြား ၄၃ သိန်းခန့် ဖမ်းဆီးရမိ
DVB
·
December 31, 2016
ရခိုင်ပြည်နယ်၊ မေယုကျွန်း အနောက်မြောက်ဘက် မြန်မာရေပိုင်နက်မှာ စက်လှေတစီးပေါ်ကနေ WY စာတန်းပါ စိတ်ကြွမူးယစ်ဆေးပြား ၄၃ သိန်းခန့် ဖမ်းဆီးရမိခဲ့ပါတယ်။
ဒီဇင်ဘာ ၃၀ ရက် ည ၁၀ နာရီ မိနစ် ၃၀ မှာ တပ်မတော်စစ်ရေယာဉ်က ဖမ်းမိတာဖြစ်ပြီး စက်လှေပေါ်မှာ ကျေးတောပိုက်စိပ်ကျေးရွာနေ သာထွန်း (၃၇ နှစ်)၊ ခင်လှ (၂၇ နှစ်) နဲ့ သိန်းညွန့် (၂၅ နှစ်) တို့ ၃ ဦးကို မူးယစ်ဆေးတွေထည့်ထားတဲ့ ပီနံအိတ်ထုပ်အကြီး ၁၈ ထုပ်နဲ့အတူ ဖမ်းမိခဲ့တာ ဖြစ်ပါတယ်။
ဖမ်းဆီးရမိတဲ့ တရားခံတွေနဲ့ သိမ်းဆည်းရမိ ပစ္စည်းတွေကို ရဲတပ်ဖွဲ့သို့ လွှဲပြောင်းပေးပြီး တရားဥပဒေနဲ့အညီ အရေးယူဆောင်ရွက်နိုင်ရေး ဆောင်ရွက်လျက်ရှိတယ်လို့ အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေးကော်မတီက သတင်းထုတ်ပြန်ပါတယ်။