တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုခွင့်လျှောက်ထားသူ ယမန်နှစ်ထက် ပိုမိုများပြား

၂ဝ၁၆-၂ဝ၁၇ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲအတွက် ဖြေဆိုခွင့်လျှောက်ထားသူ အရေအတွက်ဟာ မနှစ်ကထက် ပိုမိုများပြားတယ်လို့ သိရပါတယ်။ မန္တလေးတိုင်းဒေသကြီးအတွင်း ၂ဝ၁၆-၂ဝ၁၇ ပညာသင်နှစ်အတွက် တက္ကသိုလ်ဝင် စာမေးပွဲဖြေဆိုခွင့် လျှောက်ထားသူဦးရေဟာလည်း မနှစ်ကထက် ပိုမိုများပြားကြောင်း မန္တလေးတိုင်းဒေသကြီး ပညာရေးမှူးရုံးက ပြောပါတယ်။ ၂ဝ၁၅-၂ဝ၁၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲမှာ မန္တလေးတိုင်းဒေသကြီးမှ ဖြေဆိုခွင့်လျှောက်ထားသူ ၉ သောင်း ၅ ထောင်ကျော်ရှိပြီး ဖြေဆိုသူဦးရေမှာ ၉ သောင်း ၁ ထောင်ကျော် ရှိခဲ့ကာ အခု ၂ဝ၁၆-၂ဝ၁၇ ခုနှစ်အတွက် လျှောက်ထားသူဦးရေမှာ ၁ သိန်း ၄ ထောင်ကျော် ရှိနေတာကြောင့် မနှစ်ကထက် ၉၀၀၀ ကျော် ပိုမိုများပြားနေတယ်လို့ တိုင်းဒေသကြီး ပညာရေးမှူးရုံးမှ တာဝန်ရှိသူတဦးက ပြောပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up