A d v e r t i s e m e n t With Us

ဩစ​တြေး​လျ အာဏာပိုင်​တွေရဲ့​ ဖမ်း​ဆီး​မှုခံ​နေရတဲ့​ အင်ဒိုနီး​ရှား​က ​ရေလုပ်သား​များ

ယခုအခါ ဩစ​တြေး​လျနိုင်ငံဟာ ၎င်းရဲ့​ ပယ်လယ်​ရေ​ကြောင်း​ပိုင်နက်ကို အကြမ်း​ပတမ်း​နည်း​သုံး​ပြီး​ စီမံခန့်​ခွဲမှု​တွေ လုပ်​နေပါတယ်။ အိမ်နီး​ချင်း​ အင်ဒိုနီး​ရှား​နိုင်ငံက တံငါသည်​တွေကိုလည်း​ အရင်ကတည်း​က ငါး​ဖမ်း​နေကျ​နေရာ​တွေက​နေ ဖမ်း​ဆီး​ပြီး​၊​ ဩစ​တြေး​လျ ​ရေပိုင်နက်ထဲ ကျူး​ကျော်မှုနဲ့​ ဖမ်း​ဆီး​ ​ထောင်ချ၊​ ဒဏ်​ငွေတပ်တာ​တွေ လုပ်လာပါတယ်။ တံငါသည်​တွေမှာ သူတို့​လှေ​တွေ ​နေရာမှာတင် မီး​ရှို့​ခံရပြီး​၊​ အ​ကြွေး​လည်ပင်း​နစ်​နေကြပါတယ်။ ၂၀၀၉ ခုနှစ်မှာ ငါး​ဖမ်း​လှေ တ​ထောင်​ကျော် ဖျက်ဆီး​ခံခဲ့​ရပါတယ်။ အင်ဒိုနီး​ရှား​ငါး​ဖမ်း​သမား​တွေကို ဩစ​တြေး​လျတရား​ရုံး​မှာ ရုံး​တင်တာမျိုး​ မပြုလုပ်ဘဲ ​ထောင်ချတာမျိုး​လည်း​ ပြုလုပ်ပါတယ်။ ဒီအ​ကြောင်း​တွေကို အင်ဒိုနီး​ရှား​နိုင်ငံ အ​ရှေ့​ဘက် ကူပန်မြို့​က သတင်း​ထောက် ‘​ရေဘက်ကာ ဟန်ရှကီး​’ ( Rebecca Henschke)က ​ရေလုပ်သား​တွေ သူတို့​ရဲ့​မိသား​စုဝင်​တွေနဲ့​ ​တွေ့​ဆုံ​မေး​မြန်း​ သတင်း​ပေး​ပို့​ထား​တာကို နား​ဆင်ရမှာဖြစ်ပါတယ်။ ဒီဘာသာပြန် သတင်း​ဆောင်း​ပါး​ကို ရဲမြင့်​ကျော်က ဘာသာပြန်ပြီး​ ယုယမိုး​က စီစဉ်တင်ဆက်ထား​တာဖြစ်ပါတယ်။ အသံဖိုင်မှာနား​ဆင်နိုင်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up