Live
Home
မြန်မာသတင်း
မုဒုံမြို့နယ် နိုင်ပြိုင်ကျေးရွာတွင် နေအိမ် ၇ လုံး မီးလောင်
DVB
·
December 30, 2016
မွန်ပြည်နယ်၊ မုဒုံမြို့နယ်၊ နိုင်ပြိုင်ကျေးရွာမှာ ဒီဇင်ဘာ ၂၉ ရက်နေ့ ည ၁၂ နာရီဝန်းကျင်ခန့်က နေအိမ် ၇ လုံးမီးလောင်ပျက်စီးခဲ့ပါတယ်။ အဆိုပါမီးလောင်းမှုတွင် နိုင်ပြိုင်ကျေးရွာရှိ အသက် ၇၀ ကျော် အဖွားအိုဒေါ်တင်စိန်နေအိမ် မီးဖိုမှ စတင်လောင်ကျွမ်းခဲ့ရာ နေအိမ် ၇ လုံးအပါအဝင် စပါးကျီ ၃ လုံးမှ စပါးတင် ၂၀၀၀ ကျော် မီးလောင်ရာမှာ ဆုံးရှုံးခဲ့ပါတယ်။ မုဒုံမြို့၊ ကမာဝက်မြို့၊ ကလော့သော့ကျေးရွာ၊ ကျွန်းကျေးရွာ၊ မော်လမြိုင်မြို့-မြိုင်သာယာရပ်ကွက်မှ စုစုပေါင်း မီးသတ်ကား ၁၀ စီးခန့် ဝိုင်းဝန်းငြှိမ်းသတ်ရာ မနက် ၃ နာရီလောက်မှာ မီးငြိမ်းသွား ခဲ့ပါတယ်။ သတင်းပေးပို့ - မွန်ထော

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024