မြန်မာနိုင်ငံတွင်း နိုင်ငံခြားသားဧည့်သည် ဝင်ရောက်သည့်အရေအတွက် လျော့ကျ

၂၀၁၆ ခုနှစ် အောက်တိုဘာလကုန်ထိ စာရင်းအရ မြန်မာနိုင်ငံတွင်း နိုင်ငံခြားသားဧည့်သည် ဝင်ရောက်တဲ့ အရေအတွက်ဟာ ၂၀၁၅ မှာဝင်ရောက်တဲ့ စာရင်းထက် ၁၁ ရာခိုင်နှုန်းလောက် လျော့ကျသွားပြီး နယ်စပ်အဝင်တွေလည်း လျော့ကျနေတယ်လို့ မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းရှင်များအသင်းက ပြောပါတယ်။ ခရီးသွားရာသီဖြစ်တဲ့ နိုဝင်ဘာလကနေ ဧပြီလအတွင်းကိုတော့ နိုင်ငံခြားသားဧည့်သည် ပိုမိုဝင်ရောက်ဖို့ မျှော်မှန်းထားပေမယ့် မနှစ်က ခန့်မှန်းထားတဲ့ ဧည့်သည် ၃ သန်းကနေ ၅ သန်းဝန်းကျင်ထိ ဝင်လာနိုင်ဖို့တော့ ခဲယဉ်းနိုင်တယ်လို့လည်း ပြောပါတယ်။ ဒီနှစ် ခရီးသွားရာသီ အပြီးမှာတော့ မြန်မာနိုင်ငံကို ဝင်ရောက်တဲ့ နိုင်ငံခြားသား ခရီးသွားတွေနဲ့ ပတ်သက်ပြီး လက်ရှိစာရင်းဇယားတွေက အချက်အလက်တချို့ လွဲနေတာတွေ ရှိတာကြောင့် လေဆိပ်ဝင်ပေါက်က ဝင်တဲ့စာရင်း၊ နယ်စပ်ဝင်ပေါက်က ဝင်တဲ့စာရင်း အားလုံးကို လဝကနဲ့ ပူးပေါင်းပြီး တိတိကျကျ ကောက်ယူ ထုတ်ပြန်ပေးသွားမယ်လို့ ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာနက ပြောပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up