မှတ်ပုံတင်မထားသည့် တိုင်းရင်းဆေးဝါးများ ၀ယ်ယူမသုံးစွဲကြရန်သတိပေး
DVB
·
December 29, 2016

မှတ်ပုံတင်မထားတဲ့ တိုင်းရင်းဆေးဝါးတွေကို ဝယ်ယူသုံးစွဲတာတွေ မလုပ်ကြဖို့နဲ့ တိုင်းရင်းဆေးပညာ ဦးစီးဌာနမှာ မှတ်ပုံတင်ထားတဲ့ ဆေးဝါးတွေကိုသာ စိစစ်ဝယ်ယူသုံးစွဲဖို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက အသိပေးကြေညာ လိုက်ပါတယ်။
မှတ်ပုံတင်မထားတဲ့ တိုင်းရင်းဆေးတွေထဲမှာ ဆရာဦးမြင့်မောင် ချောင်းဆိုးရင်ကျပ်ပန်းနာဆေး၊ ဆိတ်ညီနောင်လေကြေဆေး၊ သဘာဝဓမ္မဆရာ ဦးသန်းထွန်း၏ နေလနှစ်ပါး အစာကြေအားဆေး၊ သပြေဟတ်ချိုးဂမုန်းနှာ၊ ဒါးမအင်နီစစ်ဆေးရည်၊ ပန်ကာသက်တော်စောင့်ရုပ်ရွှင်ဆေး၊ နာနတ်သီး ဓာတ်လေးပါးဆေးကြီး၊ ကျားသစ်ရုပ်ပျို၊ဆေးစတဲ့ဆေးတွေပါဝင်ပါတယ်။
တိုင်းရင်းဆေးဝါး ထုတ်လုပ်ဖြန့်ဖြူးတဲ့ လုပ်ငန်းတွေနဲ့ ဆေးဝါးရောင်းချတဲ့ ဆေးဆိုင်တွေအနေနဲ့ မှတ်ပုံတင်မထားတဲ့ တိုင်းရင်းဆေးဝါးတွေ ဆေးဝါးအတုတွေ၊ စံမညီတိုင်းရင်းဆေးဝါးတွေကို ထုတ်လုပ်ဖြန့်ဖြူးရောင်းချတာလုံးဝ မလုပ်ဖို့နဲ့ လိုက်နာဆောင်ရွက်ခြင်း မရှိပါက တိုင်းရင်းဆေးဝါး ဥပဒေ ပုဒ်မ ၃၁ နဲ့ ၃၂ အရ တရားစွဲဆို အရေးယူမယ်လို့ အသိပေးထားပါတယ်။