DVB Logo
Home
မြန်မာသတင်း
ငြိမ်း​ချမ်း​ရေး​အတွက် ရှမ်း​ပြည်တိုး​တက်​ရေး​ပါတီက လူထုသ​ဘောထား​ ​ကောက်ခံ
DVB
·
November 23, 2011
Donate to DVB

အစိုး​ရနဲ့​ ငြိမ်း​ချမ်း​ရေး​ဆွေး​နွေး​ဖို့​ကိစ္စ ရှမ်း​ပြည်တိုး​တက်​ရေး​ပါတီက လူထုဆန္ဒသ​ဘောထား​ ​ကောက်ယူ​နေပါတယ်။

ဦး​သိန်း​စိန်အစိုး​ရက တိုင်း​ရင်း​သား​လက်နက်ကိုင်အဖွဲ့​တွေနဲ့​ ငြိမ်း​ချမ်း​ရေး​စကား​ ကမ်း​လှမ်း​ခဲ့​တာနဲ့​ ပတ်သက်ပြီး​ ပြည်တွင်း​ပြည်ပက ရှမ်း​ပြည်သူ​တွေ၊​ ရဟန်း​သံဃာ​တော်​တွေရဲ့​ သ​ဘောထား​အမြင်ကို သိရဖို့​ ရှမ်း​ပြည်တိုး​တက်​ရေး​ပါတီက နိုဝင်ဘာ ၂၂ရက်​နေ့​ ​နေ့​စွဲနဲ့​ စာတ​စောင်ထုတ်ပြန်ပြီး​ လူထုဆန္ဒသ​ဘောထား​ ​တောင်း​ခံလိုက်တာပါ။

ရှမ်း​ပြည်တိုး​တက်​ရေး​ပါတီ အ​ထွေ​ထွေ အတွင်း​ရေး​မှူး​ချုပ်ရုံး​က တာဝန်ခံဗိုလ်ကြီး​စိုင်း​ဆုက
“ကျ​နော်တို့​ ပါတီ။ ကျ​နော်တို့​ တပ်မ​တော်ကျ​တော့​ ပြည်သူလူထုကြား​က​နေ ​ပေါက်ဖွား​လာတာဖြစ်တဲ့​အတွက် နိုင်ငံ​ရေး​ပိုင်း​မှာ ပြည်သူလူထုရဲ့​ အကြံဥာဏ်​ကောင်း​တွေ ယူပြီး​တော့​ ပြည်သူလူထုဖြစ်ချင်တဲ့​ဟာကို ကျ​နော်တို့​ လိုက်​လျော​ပေး​ပြီး​ လုပ်သွား​မှာဖြစ်ပါတယ်။”

အစိုး​ရနဲ့​ ငြိမ်း​ချမ်း​ရေး​ကိစ္စ​ဆွေး​နွေး​ပွဲ ဖြစ်​မြောက်​ရေး​အတွက် ရှမ်း​ပြည်တိုး​တက်​ရေး​ပါတီက ကိုယ်စား​လှယ်​တွေဟာ ပြီး​ခဲ့​တဲ့​ ​အောက်တိုဘာ ၂၉ ရက်​နေ့​တုန်း​ကလည်း​ ​နေပြည်​တော်မှာ ပြည်တွင်း​ငြိမ်း​ချမ်း​ရေး​ဖော်​ဆောင်​ရေး​ ​ကော်မတီဥက္ကဋ္ဌ ဦး​သိန်း​ဇော်နဲ့​ ​တွေ့​ဆုံခဲ့​ပါ​သေး​တယ်။

ဒီ​ဆွေး​နွေး​ပွဲမှာ အစိုး​ရတပ်ဘက်က အပစ်ခတ်ရပ်စဲ​ရေး​၊​ နှစ်ဖက်ဆက်ဆံ​ရေး​ရုံး​ ဖွင့်​လှစ်​ရေး​၊​ နယ်​မြေဖြတ်​ကျော်မယ်ဆိုရင် ခွင့်​ပြုချက်ယူဖို့​၊​ ​ဒေသဖွံ့​ဖြိုး​ရေး​နဲ့​ နယ်​မြေသတ်မှတ်​ရေး​ ဆိုတဲ့​ အချက် ၅ ချက်ကို ချပြခဲ့​ပါတယ်။

ရှမ်း​ပြည်တပ်မ​တော် ဘက်က​တော့​ အပစ်အခတ်ရပ်မယ်ဆိုရင် သူတို့​နယ်​မြေထဲ ထိုး​စစ်ဆင်ဖို့​ ဝင်​ရောက်​နေတဲ့​ အစိုး​ရတပ်​တွေ အရင်ပြန်ဆုတ်​ပေး​ဖို့​ ​တောင်း​ဆိုခဲ့​ပါတယ်။ ဒါ​ပေမယ့်​ အခုချိန်ထိ အစိုး​ရတပ်​တွေ မဆုတ်ခွာဘူး​လို့​ ဗိုလ်ကြီး​စိုင်း​ဆုက ​ပြောပါတယ်။

ပြည်သူ့​ဆန္ဒသ​ဘောထား​ ​ကောက်ယူပြီး​ ငြိမ်း​ချမ်း​ရေး​ဆွေး​နွေး​ပွဲ ဖြစ်မယ်ဆိုရင် ရှမ်း​ပြည်တိုး​တက်​ရေး​ပါတီအ​နေနဲ့​ ယူအန်အက်ဖ်စီ (ညီညွတ်​သော တိုင်း​ရင်း​သား​လူမျိုး​များ​ဖက်ဒရယ်​ကောင်စီ) ရဲ့​ မူဝါဒအရ ​ဆွေး​နွေး​သွား​မယ်လို့​ ပါတီ​ပြောခွင့်​ရ ဗိုလ်မှူး​စိုင်း​လက ​ပြောပါတယ်။

လတ်တ​လော တိုင်း​ရင်း​သား​လက်နက်ကိုင်အဖွဲ့​တွေနဲ့​ အစိုး​ရ ငြိမ်း​ချမ်း​ရေး​ ​ဆွေး​နွေး​ပွဲ​တွေ စတင်​နေတာနဲ့​ ပတ်သက်ပြီး​ ဗိုလ်မှူး​စိုင်း​လက ခုလို မှတ်ချက်​ပေး​ပါတယ်။

“ကျ​နော်တို့​က​တော့​ အ​ကောင်း​မြင်ပါတယ်ဗျ။ ငြိမ်း​ချမ်း​ရေး​တံခါး​ ဖွင့်​ထား​တယ်ဆို​တော့​ ကျ​နော်တို့​ ပမာဏ အဆင့်​အ​နေနဲ့​ ဘယ်အဖွဲ့​အစည်း​ပဲ ​တွေ့​တွေ့​၊​ ​တွေ့​သင့်​တယ်လို့​ ကျ​နော်တို့​ ယူဆတယ်​လေ။ ​နောက် ဘယ်လိုဖြစ်လာမလဲဆိုတာ​တော့​ ​စောင့်​ကြည့်​ရမယ့်​ သ​ဘောဖြစ်ပါတယ်။”

ရှမ်း​ပြည်​တောင်ပိုင်း​ ​ကျေး​သီး​မြို့​နယ် ဝမ့်​ဟိုင်း​ဒေသ အ​ခြေစိုက် ရှမ်း​ပြည်တပ်မ​တော်၊​ ရှမ်း​ပြည်တိုး​တက်​ရေး​ပါတီဟာ နဝတအစိုး​ရနဲ့​ ငြိမ်း​ချမ်း​ရေး​ယူခဲ့​ပြီး​ ၂၀၁၀ ပြည့်​နှစ်ထဲမှာ အစိုး​ရက ကမ်း​လှမ်း​တဲ့​ ဌာ​နေပြည်သူ့​စစ်အသွင်​ပြောင်း​ရေး​ကို လက်မခံခဲ့​တဲ့​အတွက် ၂၀၁၁ မတ်လကစပြီး​ တိုက်ပွဲအကြိမ်​ပေါင်း​ ၃၀၀ ​ကျော်ဖြစ်ပွား​ခဲ့​ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013