DVB Logo
Home
မြန်မာသတင်း
ဖားကန့်တွင် မြေစာပုံထပ်မံပြိုကျ လူ ၅၀ ခန့် မြေကြီးအောက်တွင် နစ်မြုပ်နေ
DVB
·
December 29, 2016
ဖားကန့်တွင် မြေစာပုံထပ်မံပြိုကျ လူ ၅၀ ခန့် မြေကြီးအောက်တွင် နစ်မြုပ်နေ
1 / 5
Donate to DVB

ဒီဇင်ဘာ ၂၈ နေ့ ညနေပိုင်းက ဖားကန့်မြို့နယ်၊ ဆိပ်မူ(ဆိုင်းတောင်) ကျေးရွာအုပ်စု၊ မမုံကျေးရွာအပိုင်၊ ဆွတ်အောင်ကျေးရွာနဲ့ မက်လက်ချောင်ကျေးရွာအနီး ဥရုချောင်း အနောက်ဘ က်ကမ်းရှိ ကံခါ စုပေါင်းစွန့်ပစ်မြစာပုံ ပြိုကျခဲ့ပါတယ်။

ပြိုကျတဲ့ စွန့်ပစ်မြေစာပုံဟာ တစ်သုံးလုံး ကျောက်မျက်တူးဖော်ရေးကုမ္ပဏီမှ စွန့်ပစ်မြေစာပုံလို့ သိရှိရပြီး ရေမဆေးကျောက်ရှာဖွေသူ ၃၀ လောက် မြေမြှုပ်သေဆုံးနိုင်တယ်လို့ မျက်မြင်တွေ့လိုက်ရ သူတွေက ပြောဆိုနေကြပါတယ်။

သင်္ခါလူမှုကူညီရေးအသင်းရဲ့ ဖြစ်သူ ဦးခင်မောင်က “မြေစာပုံပြိုတာ ဒဏ်ရာပြင်းထန်တဲ့လူ ၂ ယောက်နဲ့ ဒဏ်ရာသိပ်မပြင်းတဲ့ လူ ၈ ယောက်ကို ကျနော်တို့အသင်းက ဖားကန့်ပြည်သူ့ဆေးရုံကို ပို့ဆောင်ပေးခဲ့တယ်” လို့  ပြောဆိုခဲ့ပါတယ်။

မြေစာပြိုရာတွင် နစ်မြုပ်သေဆုံးသူတွေရဲ့ ရုပ်အလောင်းတွေကို ဒီဇင်ဘာ ၂၉ နေ့ မနက်မှာ ဖော်ယူမယ်လို့လည်း  ဆက်လက်ပြောဆိုခဲ့ပါတယ်။

ဖားကန့်အန်အယ်လ်ဒီ လွှတ်တော်အမတ် ဦးတင်စိုးကတော့ အဲဒီမှာ မြေတွေထပ်ပြီးပြိုမယ့် အနေအထားတွေရှိလို့ ကယ်ဆယ်ရေးမလုပ်နိုင်သေးဘူးလို့ ဒီဗွီဘီကို ပြောပါတယ်။

“ကနဦးရတဲ့သတင်းတော့ ၅၀ လောက်ပိနေတယ်လို့ ပြောတာဘဲ၊ အခုကယ်ဆယ်ရေးတွေ မလုပ်နိုင် သေးဘူး။ ဘက်ဖိုးကား ၆ စီးကတော့ ရှာဖွေဖို့ ရောက်နေပြီလို့ပြောတယ်။ ထပ်ပြီးတော့ အက်ကြောင်းတွေ ရှိနေတယ်တဲ့၊ ပြန်ပြိုကျမယ့်အလား အလာရှိတယ်ပေါ့၊ ဒါကြောင့် ရှာဖွေရေး မလုပ်နိုင်သေးဘူးလို့ ခုနဘဲဖုန်းဆက်လာတယ်၊ အခု ကျနော်တို့ အဲဒီကိုသွားနေကြတယ်။”

အခုပြိုကျတဲ့ တစ်သုံးလုံး ကျောက်မျက်ကုမ္ပဏီ စုပေါင်းစွန့်ပစ်မြေစာပုံဟာ ပြီးခဲ့တဲ့ ၂၀၁၅ ခု နိုဝင်ဘာ ၂၁ ရက်နေ့က မြေပြိုကျခဲ့ပြီး မြေမြုပ်သေဆုံးသူ အလောင်းပေါင်း ၁၀၀ ကျော်သာ တူးဖော်နိုင်ခဲ့ပြီး ကျန်ရှိတဲ့ အလောင်းပေါင်းမြောက်များစွာကို မတူးဖော်နိုင်ခဲ့ပါဘူး။ ဒါ့အပြင် မနှစ် ဒီဇင်ဘာလ ၂၅ ရက်နေ့ကလည်း မြေပြိုမှုမှာ ရေမဆေးကျောက်ရှာဖွေသူ ၅၀ ဦးလောက် နစ်မြုပ် သေဆုံးနိုင်တယ်လို့ မျက်မြင်တွေ့ရှိသူတွေက ခန့်မှန်းထားပြီး ဘက်ဟိုး ၅ စီးနဲ့ ၂ ရက်ဆက်တိုက် ရှာဖွေခဲ့ပေမယ့်လည်း ရုပ်အလောင်းတလောင်းမှ မတူးဖော်နိုင်တဲ့အတွက် ရပ်နားခဲ့ရတယ်လို့ သိရပါတယ်။

သတင်း - ဇော်မိုးထက် (ဖားကန့်)

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013