DVB Logo
Home
မြန်မာသတင်း
မြေမြှုပ်မိုင်း​အသုံး​ပြုမှုအဆိုး​ဆုံး​ နိုင်ငံများ​တွင် မြန်မာပါဝင်
DVB
·
November 23, 2011
မြေမြှုပ်မိုင်း​အသုံး​ပြုမှုအဆိုး​ဆုံး​ နိုင်ငံများ​တွင် မြန်မာပါဝင်
Donate to DVB

မြန်မာ၊​ လစ်ဗျား​နဲ့​အစ္စ​ရေး​နိုင်ငံ ၃ နိုင်ငံက အစိုး​ရ​တွေဟာ လူ​တွေကို အသက်အန္တရာယ် ​ပေး​နိုင်တဲ့​ ​မြေမြှုပ်မိုင်း​တွေ ဆက်လက်အသုံး​ပြု​နေတယ်လို့​ အိုင်စီဘီအယ်လ် ​ခေါ် ​မြေမြုပ်မိုင်း​တား​ဆီး​ရေး​ နိုင်ငံတကာလှုပ်ရှား​မှုအဖွဲ့​က စွပ်စွဲလိုက်ပါတယ်။

ထိုင်း​နိုင်ငံ၊​ ဘန်​ကောက်မြို့​က နိုင်ငံခြား​သတင်း​ထောက်များ​အသင်း​မှာ ဒီက​နေ့​ ထုတ်ပြန်လိုက်တဲ့​ ၂၀၁၁ ခုနှစ်အတွက် ​မြေမြှုပ်မိုင်း​စောင့်​ကြည့်​ရေး​ အစီရင်ခံစာသစ်မှာ ခုလို စွပ်စွဲလိုက်တာပါ။

မြန်မာ၊​ အစ္စ​ရေး​နဲ့​ လစ်ဗျား​အစိုး​ရ​တွေ ​မြေမြှုပ်မိုင်း​တွေပိုမို အသုံး​ပြု​နေပြီး​ မြန်မာ၊​ အာဖဂန်နစ္စတန်၊​ ပါကစ္စတန်နဲ့​ ကိုလံဘီယာနိုင်ငံ​တွေက အစိုး​ရမဟုတ်တဲ့​ လက်နက်ကိုင်အဖွဲ့​တွေလည်း​ ​မြေမြှုပ်မိုင်း​တွေ အသုံး​ပြု​နေတယ်လို့​ အိုင်စီဘီအယ်လ်က ဆိုပါတယ်။

၂၀၁၀ ခုနှစ်မှာ ​မြေမြှုပ်မိုင်း​ကြောင့်​ ကမ္ဘာတဝန်း​လုံး​မှာ ​သေ​ကျေ ဒဏ်ရာရသူ​ပေါင်း​ ၄၁၉၁ ဦး​ရှိပြီး​ မြန်မာနိုင်ငံမှာ​တော့​ ​သေ​ကျေဒဏ်ရာရသူ ​ပေါင်း​ ၂၇၄ ဦး​ရှိတယ်လို့​ အစီရင်ခံစာမှာ ​ဖော်ပြထား​ပါတယ်။ အဲဒီအထဲက စစ်တပ်က ၂၁ ဦး​ ပါဝင်ပြီး​ ကျန်သူအများ​စုက​တော့​ အရပ်သား​တွေဖြစ်ပါတယ်။

မြေမြှုပ်မိုင်း​ထိသူ​တွေထဲမှာ အနည်း​ဆုံး​က​လေး​ငယ် ၁၀ ဦး​ ပါဝင်ပြီး​ လူ​တွေအပြင် အနည်း​ဆုံး​ ဆင်နှစ်​ကောင်လည်း​ ​မြေမြှုပ်မိုင်း​ ဒဏ်ခံရတယ်လို့​ဆိုပါတယ်။

[caption id="attachment_18181" align="alignright" width="300" caption=" မစ္စတာ ရက်စ်ရွှာ မိုဆာ ဖူအန်ဆူဝန်"][/caption]

အိုင်စီဘီအယ်လ် အာရှပစိဖိတ်​ဒေသဆိုင်ရာ ​မြေမြှုပ်မိုင်း​ သု​တေသီ မစ္စတာ ရက်စ်ရွှာ မိုဆာ ဖူအန်ဆူဝန် (Mr. Yeshua Moser-Puangsuwan) က အစီရင်ခံစာပါ အချက်အလက်​တွေကို ​သေချာ​အောင် သက်ဆိုင်ရာ​ဒေသမှာ ​နေထိုင် အလုပ်လုပ်ကိုင်​နေတဲ့​ ​ဆေး​ဝန်ထမ်း​တွေ အန်ဂျီအိုအမှုထမ်း​တွေနဲ့​အစိုး​ရဆီကပါ ​နေရာမျိုး​စုံက ရယူ စု​ဆောင်း​ထား​တာဖြစ်ပြီး​ ဒီအချက်အလက်​တွေဟာ အတည်ပြုစိစစ်နိုင်တဲ့​ အချက်အလက်​တွေကိုသာ ​ဖော်ပြထား​တာ ဖြစ်တဲ့​အ​ကြောင်း​ အမှန်တကယ် ​သေ​ကျေဒဏ်ရာရသူ အ​ရေအတွက်ဟာ ဒီထက်ပိုများ​နိုင်တယ်လို့​ ​ပြောပါတယ်။

ဒါ့​အပြင် ​မြေမြှုပ်မိုင်း​ဒဏ်ခံရသူ​တွေကို အကူအညီ​ပေး​ဖို့​နိုင်ငံတကာ အဖွဲ့​အစည်း​တွေက မြန်မာနိုင်ငံထဲ ဝင်​ရောက် ကူညီ​ပေး​ချင်​နေတဲ့​ အ​ကြောင်း​နဲ့​ ဒီကိစ္စဟာ အစိုး​ရက ဖွင့်​ပေး​မှုအ​ပေါ်မှာ မူတည်တယ်လို့​လည်း​ သူက​ပြောပါတယ်။

မြန်မာနိုင်ငံဟာ ​မြေမြှုပ်မိုင်း​တား​ဆီး​ရေး​ နိုင်ငံတကာစာချုပ်ကို လက်မှတ်​ရေး​ထိုး​ဖို့​ပျက်ကွက်တဲ့​ နိုင်ငံအဖြစ်လည်း​ သတ်မှတ်ခံထား​ရပါတယ်။

ကရင်၊​ ကယား​၊​ ရှမ်း​၊​ ကချင်၊​ ချင်း​၊​ မွန်၊​ ရခိုင် စတဲ့​ပြည်နယ်​တွေနဲ့​ ပဲခူး​တိုင်း​၊​ တနင်္သာရီတိုင်း​ အတွင်း​က မြို့​နယ်​ပေါင်း​ ၃၀ ​ကျော်မှာ ​မြေမြှုပ်မိုင်း​ အသုံး​ပြုမှု ​တွေ့​ရပြီး​ အဆိုး​ရွား​ဆုံး​က​တော့​ ကရင်ပြည်နယ်နဲ့​ပဲခူး​တိုင်း​မှာ ဖြစ်ပါတယ်။

မြေမြှုပ်မိုင်း​အန္တရာယ် အ​ရေး​ပေါ်ပညာ​ပေး​ရေး​လုပ်ငန်း​တွေ မြန်မာ၊​ က​မ္ဘောဒီယား​၊​ လစ်ဗျား​၊​ ပါကစ္စတန်နဲ့​ ဆိုမား​လီး​ယား​နိုင်ငံ​တွေမှာ လိုအပ်​နေတယ်လို့​လည်း​ အိုင်စီဘီအယ်လ်က အကြံပြုထား​ပါတယ်။

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013